ဖမ်းဆီးခံထားရသည့် စစ်တွေမှ ကျေးရွာအုပ်/မှူး နှစ်ဦးကို အချိန် ၁ လ ကျော်ကြာသည့်တိုင် မိသားစုနှင့် အဆက်အသွယ်မရဖြစ်နေ

ရခိုင်ပြည်၊ စစ်တွေမြို့နယ်မှ ဖမ်းဆီးခံရသည့် ကျေးရွာအုပ်ချုပ်ရေးမှူးနှစ်ဦးအား အချိန် ၁ လကျော်ကြာ သည့်တိုင် တစုံတရာ အဆက်အသွယ်မရသေးဖြစ်နေကြောင်း မိသားစုဝင်များထံမှ သိရသည်။

29 Jun 2022

ရခိုင်ပြည်၊ စစ်တွေမြို့နယ်မှ ဖမ်းဆီးခံရသည့် ကျေးရွာအုပ်ချုပ်ရေးမှူးနှစ်ဦးအား အချိန် ၁ လကျော်ကြာ သည့်တိုင် တစုံတရာ အဆက်အသွယ်မရသေးဖြစ်နေကြောင်း မိသားစုဝင်များထံမှ သိရသည်။

DMG ၊ ဇွန် ၂၉

ရခိုင်ပြည်၊ စစ်တွေမြို့နယ်မှ ဖမ်းဆီးခံရသည့် ကျေးရွာအုပ်ချုပ်ရေးမှူးနှစ်ဦးအား အချိန် ၁ လကျော်ကြာ သည့်တိုင် တစုံတရာ အဆက်အသွယ်မရသေးဖြစ်နေကြောင်း မိသားစုဝင်များထံမှ သိရသည်။

အဆိုပါ အုပ်ချုပ်ရေးမှူးနှစ်ဦးမှာ ဘောဒူပ(မွတ်ဆလင်) ကျေးရွာအုပ်ချုပ်ရေးမှူး ဦးရော်ဘီနှင့်၊ ကြက်ကိုင်းတန်(ရခိုင်) ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းလှစိန်တို့ကိုဖြစ်ပြီး ၎င်းတို့နှစ်ဦးအား  မေလ ၂၄ ရက်နေ့က ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ဦးရော်ဘီ၏ မိသားစုဝင်တစ်ဦးက DMG သို့ပြောသည်။

“သူတို့ကို အခု စစ်တွေထောင် အချုပ်မှာ ဖမ်းထားတယ်လို့တော့ ပြောသံကြားတယ်။ အခုဆိုရင် ဖမ်းဆီးထားတာ တစ်လကျော်သွားပြီ။ မိသားစုနဲ့တွေ့ခွင့်မရဘူး။ သူတို့ကို သစ်တောဥပဒေနဲ့ ဖမ်းတာလို့တော့ ပြောတယ်။ ဒီနေ့ အထိ အဆက်အသွယ်မရသေးပါဘူး ” ဟု ၎င်းကဆိုသည်။

၎င်းတို့နှစ်ဦးမှာ ပထမအကြိမ်အဖြစ် ပြီးခဲ့သည့် မေလ ၃ ရက်နေ့က စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များက နေအိမ်သို့ လာရောက်ဖမ်းဆီးခဲ့ကာ မေလ ၂၀ရက်နေ့က သစ်တောဥပဒေပုဒ်မ ၄၁(က) ဖြင့် အမှုဖွင့်ပြီး အာမခံဖြင့် ပြန်လွှတ်ပေးခဲ့သည်။

သို့သော်လည်း မေလ ၂၄ ရက်နေ့တွင် ပြန်လည်စစ်ဆေးစရာရှိသည်ဟုဆိုကာ စစ်တွေမြို့အမှတ် (၁) ရဲစခန်း တာဝန်ရှိသူတို့က ခေါ်၍ ထပ်မံဖမ်းဆီးလိုက်ပြီး ယနေ့အချိန်ထိ မိသားစုဝင်များနှင့် တွေ့ခွင့် မရသေးခြင်း လည်းဖြစ်သည်။

ကြက်ကိုင်းတန်အုပ်ချုပ်ရေးမှူး ဦးထွန်းလှစိန်၏ မိသားစုဝင်တစ်ဦးကလည်း သူနှင့် တစုံတရာ အဆက်အသွယ်မရသေးသည့်အတွက် လက်ရှိအမှုအခြေအနေကို မသိရသေးကြောင်း DMG သို့ပြောသည်။

အလားတူ ကြက်ကိုင်းတန်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းလှစိန်ကို ဖမ်းဆီးမှုတွင် ၎င်းတို့ နေအိမ်ရှိ သစ်စက်၌ ပုံထားသော သစ်များကိုလည်း ရဲနှင့် စစ်တပ်ကသိမ်းယူခဲ့ကြောင်း မိသားစုထံမှသိရသည်။

အဆိုပါကျေးရွာ အုပ်ချုပ်ရေးမှူးနှစ်ဦးကို မိသားစုဝင်များနှင့် တွေ့ဆုံခွင့် မရခြင်းဆိုသည့်အချက်၊ လက်ရှိ အမှု အခြေအနေများနှင့်ပတ်သက်ပြီး စစ်တွေမြို့ အမှတ် (၁) ရဲစခန်းမှ စခန်းမှူး ဒုရဲမှူး ဆန်းကျော်ထွန်းကို DMG က ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရရှိခဲ့ပေ။

ပြီးခဲ့သည့် မေ ၃ရက်နှင့် ၄ ရက်နေ့တို့တွင် စစ်တွေမြို့နယ်မှ မွတ်ဆလင် ၇ ဦးနှင့် ရခိုင်အုပ်ချုပ်ရေးမှူး စုစုပေါင်း ၈ ဦးကို ရဲနှင့် မြန်မာစစ်တပ်တို့က နေအိမ်မှ ဖမ်းဆီးခဲ့သော်လည်း ၆ ဦးကို ပြန်လွှတ်ပေးခဲ့ကာ အဆိုပါ အုပ်ချုပ်ရေးမှူးနှစ်ဦးသာ တရားရင်ဆိုင်နေရခြင်းလည်းဖြစ်သည်။

ဗီဒီယိုများ