ရမ်းဗြဲမြို့နယ်တွင် မဲလာ‌ပေးသူတစ်ဦး မူးလဲပြီးနောက်သေဆုံး

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ် ရမ်းသစ်ချေ‌ကျေးရွာတွင် ယနေ့ နံနက်ပိုင်းအချိန်က ဆန္ဒမဲ လာရောက်ပေးသူတစ်ဦး မူးလဲသွားပြီးနောက် သေဆုံးသွားကြောင်း ဒေသခံများပြောကြားချက်အရ သိရသည်။

By အောင်ကောင်းဇော် 08 Nov 2020

အောင်ကောင်းဇော် | DMG
နိုဝင်ဘာ ၈ ၊ ရမ်းဗြဲ

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ် ရမ်းသစ်ချေ‌ကျေးရွာတွင် ယနေ့ နံနက်ပိုင်းအချိန်က ဆန္ဒမဲ လာရောက်ပေးသူတစ်ဦး မူးလဲသွားပြီးနောက် သေဆုံးသွားကြောင်း ဒေသခံများပြောကြားချက်အရ သိရသည်။

သေဆုံးသူ ဦးဖြူမောင် အသက် ၅၉ နှစ် မှာ နေအိမ်မှ မဲရုံသို့ မဲပေးရန်‌လာရာ မဲရုံအနီး၌ မူးလဲသွားပြီး‌နောက် နေအိမ်သို့ပြန်လည်‌ရောက်ရှိ၍ မိနစ် ၂၀ခန့်အကြာတွင် သေဆုံးသွားခြင်းဖြစ်ကြောင်း ရမ်းသစ်ချေ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်က ပြောသည်။

“သူက မဲလာပေးတာ၊ မဲရုံနားအရောက်မှာ လဲကျသွားတယ်။ ဆေးခန်းပို့ပြီး‌တော့ သူ့အိမ်ကို‌ရောက်ပြီး မိနစ်၂၀ လောက်အကြာမှာ ဆုံးသွားတယ် သွေးတိုးရှိတယ်လို့ပြောတယ်”ဟု၎င်းက ရှင်းပြသည်။

ရမ်းဗြဲမြို့နယ်အတွင်းတွင် မဲပေးခွင့်ရှိသူဦးရေ စုစုပေါင်း ၃၈၀၆၅၇ ဦးရှိပြီး မဲရုံစုစုပေါင်း ၁၇၆ ရုံ ရှိသည်။

အဆိုပါမြို့နယ်၌ ရခိုင်အမျိုးသားပါတီ၊ ရခိုင့်ဦးဆောင်ပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးပါတီတို့အပြင် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်၌ တစ်သီးပုဂ္ဂလတစ်ဦးလည်း ဝင်ရောက်ယှဉ်ပြိုင်နေလျက်ရှိသည်။

ဗီဒီယိုများ