ဝင်းနှင့်ဇော် ပြစ်ဒဏ်လျှော့ပေါ့ရေးအတွက် ယခုလအတွင်း အသနားခံစာတင်မည်

ထိုင်းနိုင်ငံတွင် သေဒဏ်ချမှတ်ခံထားရသည့် ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်းတို့ ပြစ်ဒဏ်လျှော့ပေါ့ရေးအတွက်  ထိုင်းဘုရင်ထံကို အောက်တိုဘာလ ၂၁ ရက်နေ့တွင် အသနားခံစာတင်သွင်းမည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

By ဝင် 10 Oct 2019

ဓာတ်ပုံ - အင်တာနက်

မြတ်ဝင်းကျော် | DMG

အောက်တိုဘာ ၁၀ ၊ ရန်ကုန်

ထိုင်းနိုင်ငံတွင် သေဒဏ်ချမှတ်ခံထားရသည့် ကိုဇော်လင်းနှင့်ကိုဝင်းဇော်ထွန်းတို့ ပြစ်ဒဏ်လျှော့ပေါ့ရေးအတွက်  ထိုင်းဘုရင်ထံကို အောက်တိုဘာလ ၂၁ ရက်နေ့တွင် အသနားခံစာတင်သွင်းမည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်သန်းသည် အောက်တိုဘာလ (၈)ရက်နေ့က ထိုင်းရှေ့နေ ကောင်စီမှ လုပ်ငန်းအဖွဲ့အကြီးအကဲများနှင့်တွေ့ဆုံကာ ကိုဇော်လင်းနှင့်ကိုဝင်းဇော်ထွန်းတို့ ကိစ္စကိုဆွေးနွေး ခဲ့သည်။

ထိုင်းရှေ့နေများကောင်စီက ပြင်ဆင်ထားသည့် အသနားခံစာ(မူကြမ်း)ကို အောက်တိုဘာလ ၁၄ ရက် နေ့ တွင် မြန်မာသံရုံးသို့တင်ပြမည်ဖြစ်ကြောင်း၊အဆိုပါ အသနားခံစာ(မူကြမ်း)အား မြန်မာနိုင်ငံဥပဒေအကြံပြုအဖွဲ့မှ အတည်ပြုချက်ရရှိပြီးပါက ထိုင်းဘုရင်ထံသို့ အောက်တိုဘာလ ၂၁ ရက်နေ့တွင်တင်သွင်းမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြသည်ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။

မြန်မာသံရုံးအနေဖြင့် ယခင်က ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံချက်များအား ထပ်ဆင့်ထောက်ခံရေး၊ မြန် မာနိုင်ငံသားဖြစ်ကြောင်း ထောက်ခံချက်များ ထုတ်ပေးရေးတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊အခြားညှိ နှိုင်းလုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များကိုလည်း အချိန်နှင့်တပြေးညီဖော်ဆောင်နိုင်ရေး သက်ဆိုင်ရာနှင့် ပူး ပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြသည်။

အလားတူ အောက်တိုဘာလ ၁ ရက်နေ့ကလည်း ထိုင်းဘုရင်မင်းမြတ်ထံသို့ ဝင်းနှင့်ဇော်တို့အပေါ် ပြစ်ဒဏ် လျှော့ပေါ့ပေးရန် ရခိုင်ပြည်နယ်လွှတ်တော်က အသနားခံစာပေးပို့ထားသည်။
၂၀၁၄ ခုနှစ်က ထိုင်းနိုင်ငံ လိပ်ကျွန်းမှာ ဗြိတိသျှနိုင်ငံသားနှစ်ဦးသေဆုံးမှုနှင့်ပတ်သက်ပြီး ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်းတို့နှစ်ဦးကို လူသတ်မှု၊မုဒိမ်းမှုစသည့် အမှုများကိုကျူးလွန်ခဲ့ကြောင်း စွပ်စွဲပြီး အမှု(၇)ခုနှင့် တရားစွဲ ဆိုပြီး ၂၀၁၅ ခုနှစ်မှာ သေဒဏ်ချမှတ်ခဲ့သည်။

သေဒဏ်ချမှတ်လိုက်ပြီးနောက် သူတို့နှစ်ဦး ပြစ်မှုကျူးလွန်ခဲ့မှုမရှိကြောင်း၊လူသတ်လက်နက်မှာ တွေ့ ရှိရသည့် DNA မှာလည်း ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်းတို့ နှင့် တူညီသည့် အထောက်အထားတစ်စုံတစ်ရာမရှိ ကြောင်း အယူခံအဆင့်ဆင့်တက်ခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

ယင်းအပြင် ထိုင်းနိုင်ငံ၏ အမြင့်ဆုံးတရားရုံး လွှတ်တော်ချုပ်ကို အယူခံဆက်လက်တက်ခဲ့ရာတွင်လည်း သြဂုတ် လ (၂၉) ရက်နေ့တွင် ပယ်ချခဲ့သည်။

ဗီဒီယိုများ