အာဆီယံအထူးသံအမတ်၏ (၄)လကြာ အပစ်ရပ်ပေးရန် တောင်းဆိုမှုကို ကြိုဆိုကြောင်း PPST ယာယီခေါင်းဆောင်ပြော

မြန်မာနိုင်ငံဆိုင်ရာအာဆီယံအထူးသံအမတ် မစ္စတာအီရာဝန်ယူဆွဖ်က မြန်မာနိုင်ငံထဲ လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့များပေးနိုင်ရန်အတွက် သက်ဆိုင်ရာအဖွဲ့များအားလုံး (၄)လအကြာ အပစ်ရပ်ပေးရန်တောင်းဆိုမှုကိုကြိုဆိုကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST)က စက်တင်ဘာလ ၇ ရက်နေ့တွင် ထုတ်ပြန်ပြောကြားသည်။

08 Sep 2021

DMG ၊ စက်တင်ဘာ ၈

မြန်မာနိုင်ငံဆိုင်ရာအာဆီယံအထူးသံအမတ် မစ္စတာအီရာဝန်ယူဆွဖ်က မြန်မာနိုင်ငံထဲ လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့များပေးနိုင်ရန်အတွက် သက်ဆိုင်ရာအဖွဲ့များအားလုံး (၄)လအကြာ အပစ်ရပ်ပေးရန်တောင်းဆိုမှုကိုကြိုဆိုကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST)က စက်တင်ဘာလ ၇ ရက်နေ့တွင် ထုတ်ပြန်ပြောကြားသည်။

ယခု စက်တင်ဘာလ ၇ ရက်နေ့မှ ၈ ရက်နေ့အထိ ဗွီဒီယိုကွန်းဖရင့်စ်ဖြင့်ပြုလုပ်နေသည့် PPST ၏ ဆွေနွေးညှိနှိုင်းအစည်းအဝေးတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST)၏ ယာယီအဖွဲ့ခေါင်းဆောင် နိုင်အောင်မငေးက ယင်းသို့ပြောကြားလိုက်ခြင်းဖြစ်သည်။

“ဤလူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့ပေးရေး လုပ်ငန်းကို တတ်နိုင်သမျှလက်တွဲကူညီဆောင်ရွက်ဖို့ အသင့်ရှိတယ်ဆိုတာကို ပြောကြားလိုပါတယ်”ဟု နိုင်အောင်မငေးက မိန့်ခွန်းစကားတွင် ထည့်သွင်းပြောကြားခဲ့သည်။

မြန်မာနိုင်ငံကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများပေးအပ်နိုင်ရေးအတွက် ပြည်တွင်းလက်နက်ကိုင်အဖွဲ့အစည်းအားလုံး ၄ လကြာ အပစ်အခတ်ရပ်စဲကြရန် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ် အီရာဝန်ယူဆွဖ်က တောင်းဆိုထားခြင်းဖြစ်သည်။

အာဏာသိမ်းစစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် ဆက်သွယ်ပြောဆိုချိန်တွင် ယင်သို့အဆိုပြုခဲ့ခြင်းဖြစ်ကြောင်းနှင့် ယင်းအဆိုပြုချက်ကို စစ်ကောင်စီဘက်ကလည်း လက်ခံကြောင်း အာဆီယံအထူသံအမတ်၏ ပြောကြားချက်ကို သတင်းမီဒီယာများမှ ဖော်ပြထားသည်။

လက်ရှိမြန်မာနိုင်ငံတွင် နိုင်ငံရေးအကျပ်အတည်းနှင့် ရင်ဆိုင်နေရသည်မှာ (၇)လကျော်ကြာမြင်လာပြီဖြစ်ပြီး ယင်းကိစ္စရပ်များကိုဖြေရှင်းနိုင်ရန် ပြည်တွင်းပြည်ပအဖွဲ့အစည်းများက နည်းလမ်းပေါင်းစုံနှင့် ကြိုးပမ်းနေသော်လည်း ယခုအချိန်ထိ ဖြေရှင်းနိုင်ခြင်းမရှိသေးကြောင်း PPST ကပြောဆိုထားသည်။

“တစ်ဖက်က နိုင်ငံရေးအကျပ်အတည်းကို ရင်ဆိုင်နေရသလို တစ်ဖက်မှာလည်း ကမ္ဘာလုံးဆိုင်ရာ ကိုဗစ်-၁၉ ကပ်ဆိုကြီးကိုလည်း ခုခံကာကွယ်နေရပါတယ်။ ဒီနိုင်ငံရေးအကျပ်အတည်းနဲ့ ကပ်ရောဂါကြီးကို ရင်ဆိုင်ကျော်ဖြတ်နိုင်ဖို့ မိမိတို့ PPST အနေနဲ့ နည်းလမ်းရှာကြိုးပမ်းနေပါတယ်”ဟု PPST ယာယီအဖွဲ့ခေါင်းဆောင် နိုင်အောင်မငေးက ပြောဆိုသည်။

COVID-19 ကပ်ရောဂါကာကွယ်တားဆီးရေးလုပ်ငန်းတွေကို ထိရောက်စွာဆောင်ရွက်နိုင်ရန်အတွက် စစ်ရေးလှုပ်ရှားခြင်း၊ စိုးရိမ်ကြောင့်ကြမှုကို ရစေမည့်အပြုအမူများကို အတတ်နိုင်ဆုံးလျော့ချခြင်း၊ ရှောင်ကြည့်ခြင်း၊ ရပ်တန့်ခြင်းများကိုပြုလုပ်ကြရန် AA အပါအဝင် ညီနောင်မဟာမိတ်သုံးဖွဲ့က သက်ဆိုင်ရာလက် နက်ကိုင်အဖွဲ့အစည်းများအား စက်တင်ဘာလ ၄ ရက်နေ့က ကြေညာချက်ထုတ်ပြန် တိုက်တွန်းထားသည်။

နိုင်ငံတော်လုံခြုံရေးနှင့် အုပ်ချုပ်ရေးယန္တရားအား နှောက်ယှက်ထိပါးလာသည်မှအပ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို သြဂုတ်လ ၁ ရက်နေ့မှ စက်တင်ဘာလ ၃၀ ရက်နေ့အထိ ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း ဇူလိုင်လ ၃၁ ရက်နေ့တွင် စစ်ကောင်င်္စက ထုတ်ပြန်ထားသည်။

ဗီဒီယိုများ