ရခိုင်ပြည်တွင် မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုးဇလ ထုတ်ပြန် (သတင်းတို)

ရခိုင်ပြည်၊ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် ယနေ့၊ မနက်ဖြန်နှင့် နောက်နှစ်ရက်အတွင်း ခန့်မှန်းချက်အနေဖြင့် နေရာကွက်ကျား မိုးထစ်ချုန်းရွာသွန်းနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ယနေ့ ဒီဇင်ဘာ ၄ ရက်နေ့ ညနေက ထုတ်ပြန်ထားသည်။

04 Dec 2021

DMG ၊ ဒီဇင်ဘာ ၄

ရခိုင်ပြည်၊ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် ယနေ့၊ မနက်ဖြန်နှင့် နောက်နှစ်ရက်အတွင်း ခန့်မှန်းချက်အနေဖြင့် နေရာကွက်ကျား မိုးထစ်ချုန်းရွာသွန်းနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ယနေ့ ဒီဇင်ဘာ ၄ ရက်နေ့ ညနေက ထုတ်ပြန်ထားသည်။

ရွာရန်ရာနှုန်း (၆၀) ဖြစ်ပြီး ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းနှင့် အနောက်အလယ်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေကြေင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ်ဖြစ်ထွန်းနေသည်။

ယနေ့ နေ့လယ် တစ်နာရီခွဲ တိုင်းထွာချက်အရ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း “ ဂျဝပ်ဒ် - JAWAD ” သည် မြောက်ဘက်သို့ အနည်းငယ်ရွေ့လျားခဲ့ပြီး မြန်မာနိုင်ငံ ကိုကိုးကျွန်းမြို့၏ အနောက်- အနောက်မြောက်ဘက်ရေမိုင် (၅၁၅) မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့၏ အနောက်ဘက် ရေမိုင် (၅၅၀) မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ဗီဆာကာပတ္တနမ်မြို့၏ အရှေ့တောင်ဘက် ရေမိုင် (၁၂၀) မိုင်ခန့်၊ ဂိုလ်ပါပူမြို့၏ တောင်ဘက်ရေမိုင် (၁၇၀) မိုင်ခန့်နှင့် ပူရီမြို့၏ တောင်- အနောက်တောင်ဘက်ရေမိုင် (၂၁၀) မိုင်ခန့် အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း မိုးဇလက ထုတ်ပြန်ထားသည်။

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက် လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပြီး မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် (၃၅)မိုင်အထိ တိုက်ခတ်နိုင်ကြောင်းနှင့် လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၇)ပေမှ (၉)ပေခန့် ရှိနိုင်သည်။

ဗီဒီယိုများ