ကရုဏာရောင်ခြည် ပရဟိတ သွေးလှူရှင်အသင်း နှစ်ပတ်လည်နေ့တွင် စစ်တွေဆေးရုံကြီးတွင် သွေးလှူ

 အခုလက်ရှိစစ်တွေမြို့မှာ တစ်လကို သွေး အလုံးပေါင်း ၄၀၀ လောက်လိုနေပါတယ်။ အဲဒါကို ကျွန်တော်တို့က တစ်ဘက်တစ်လမ်းက ဘယ်လိုဖြေရှင်းနိုင်မလဲဆိုတာကို လာရောက်ကူညီပေးတာပါ

By ခိုင်ရိုးလ 31 Aug 2018

သြဂုတ်လ ၃၁၊ ခိုင်ရိုးလ

ကရုဏာရောင်ခြည် ပရဟိတ သွေးလှူရှင်များအသင်း(စစ်တွေ)၏ နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ်  စစ်တွေပြည်သူ့ဆေးရုံကြီးအတွင်းရှိ အမျိုးသားသွေးလှူဘဏ်မှာ သြဂုတ်လ ၃၁ ရက်နေ့က လှူဒါန်းခဲ့သည်။

စစ်တွေ ဆေးရုံကြီးတွင် လူနာများသွေးလိုအပ်မှုများစွာရှိနေပြီး  အရေးပေါ်သွေးလိုအပ်လာလျှင် အမြန်ရရှိနိုင်စေရန်အတွက် လှူဒါန်းခဲ့ခြင်းဖြစ်သည်။ယနေ့ ယင်းသွေးလှူဘဏ်သို့ သွေးပုလင်း ၂၀ ကျော်ခန့် လှူဒါန်းခဲ့သည်ဟု အသင်းဥက္ကဌ ကိုလင်းလင်းက ပြောသည်။

 အခုလက်ရှိစစ်တွေမြို့မှာ တစ်လကို သွေး အလုံးပေါင်း ၄၀၀ လောက်လိုနေပါတယ်။ အဲဒါကို ကျွန်တော်တို့က တစ်ဘက်တစ်လမ်းက ဘယ်လိုဖြေရှင်းနိုင်မလဲဆိုတာကို လာရောက်ကူညီပေးတာပါဟု ၎င်းကဆိုသည်။

အဆိုပါ သွေးလှူးဒါန်းခြင်း အခမ်းအနားသို့ တက္ကသိုလ်ကျောင်းသား၊ကျောင်းသူများနှင့် အသင်းဝင်များ သွေးလှူဒါန်းနေသည်ကိုတွေ့ရှိခဲ့ပြီး သွေးလှူဒါန်းရခြင်းကြောင့် ဝမ်းမြောက်သည်ဟု သွေးလှူသူများကပြော သည်။

ကျွန်တော်သွေးလှူလာတာဟာ  ကြိမ်မြောက်ရှိခဲ့ပါပြီ။  ကိုယ့်သွေးနဲ့သူများသွေးအသက် ကို ကယ်ရတာတဲ့အတွက် အလွန်တရာ ဝမ်းသာပီတိဖြစ်မိပါတယ်။ နောက်နောင်ကိုလည်း လိုအပ်ရင် ဆက်လက်သွေးလှူဒါန်းလားဖို့ဖြစ်ပါတယ်သွေးလှူဒါန်းခဲ့သူ ကိုထွန်းထက်အောင်က ပြောသည်။

အဆိုပါ အသင်း၏ နှစ်ပတ်လည်နေ့ဂုဏ်ပြုပွဲ အခမ်းအနားကို ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ဦးဥတ္တမခန်းမတွင် သြဂုတ်လ ၂၅ ရက်နေ့တွင် ကျင်းပခဲ့သည်။ ထိုအခမ်းအနားတွင် စစ်တွေပြည်သူ့ဆေးရုံကြီး၌ ၁၅ ကြိမ်အထက် သွေးလှူဒါန်းခဲ့သူ အသင်းဝင်များအား ဂုဏ်ပြုဆုတံဆိပ်များပေးအပ်ခဲ့သည်။

အဆိုပါ အသင်းသည် စစ်တွေ အခြေစိုက်ဖြစ်ပြီး မြို့ပေါ်ရပ်ကွက်လူငယ်များနှင့်၊ တက္ကသိုလ်ကျောင်းသားများအပါအဝင် စုစုပေါင်း အသင်းဝင် ၉၀၀ ကျော်ရှိသည်။  ထိုအသင်းသည်  မြို့နယ်အသီးသီးမှ သွေးလှူအသင်းများနှင့် ချိတ်ဆက်ထားကာ ပြည်နယ်လုံးဆိုင်ရာ သွေးလှူရှင်များအသင်းညီလာခံ ပြုလုပ်သွားရန် စီစဉ်နေသည်ဟုလည်း အသင်းတာဝန်ရှိသူများက ပြောသည်။

ဗီဒီယိုများ