ဆရာတော် ဦးဝီရသူ အင်းဒင်နှင့် ပဲရုံကျေးရွာတို့တွင် စားစရာများလှူဒါန်း

မောင်တောမြို့နယ် အင်းဒင်ကျေးရွာနဲ့ ပဲရုံကျေးရွာတို့က အိမ်ထောင်စု ၁၉၈ စု၊ လူဦးရေ ၈၂၅ ဦးအား ဆရာတော် ဦးဝီရသူ သံဃာတော်အဖွဲ့နှင့် အလှူရှင်တချို့မှ စားဖွယ်သောက်ဖွယ်များ လှူဒါန်းခဲ့ကြောင်း သိရသည်။

04 May 2017

မနေ့က (မေလ ၃ ရက်နေ့) ညနေ ၃ နာရီတွင် လှူဒါန်းခဲ့ခြင်းဖြစ်ပြီး စစ်တွေမြို့နယ် ရေချမ်းပြင်ကနေ တစ်ဆင့် မောင်တော အငူမော်လမ်းကနေ သွားရောက်ကာ ကူညီပေးခဲ့ခြင်းဖြစ်သည်။

အဆိုပါ ကျေးရွာရှိ ဒေသခံများနှင့် ကလေးငယ်များကို ဆန်နှင့် စားစရာများ လှူဒါန်းခဲ့ပြီး နောက်ထပ် ကျေးရွာများသို့ လှူဒါန်းရန် ဆက်လက်သွားရောက်နေသည်။

မောင်တောဒေသသို့ ဘင်္ဂလာဖက်မှ ခိုလှူံရန်ရောက်ရှိလာသော ရခိုင်တိုင်းရင်းသား မျိုးနွယ်စု ဒုက္ခသည်များကို ဦးစားပေးလှူဒါန်းသွားမည်ဟု ဆရာတော် ဦးဝီရသူက မိန့်ကြားသည်။

ဆရာတော်မှာ တိုင်းရင်းသားလူမျိုးများကို ဆန်အိတ် ၃၀၀၀ အပါအဝင် အခြားစားနပ်ရိက္ခာများ လှူဒါန်းရန် ဆရာတော် ဦးဝီးရသူဦးဆောင်သော သံဃာတော်တချို့နှင့် အလှူရှင်တချို့ ရခိုင်ပြည်သို့ မေလ ၃ ရက်နေ့က ရောက်ရှိလာခြင်းဖြစ်သည်။

 

ဗီဒီယိုများ