တန်းတူအခွင့်အရေးမရသော မြန်မာ့လွတ်လပ်ရေး ပြန်လည်သုံးသပ်ရန်လိုဟု ဒေါက်တာအေးမောင်ပြော

မေလ ၈ ရက်၊ ၂၀၁၇ ခုနှစ်၊ ဘူးသီးတောင် (DMG) ။      ။   တိုင်းရင်းသားအားလုံး တိုက်ထုတ်ယူခဲ့သည့် နှစ်ပေါင်း ၆၉ နှစ်ရှိပြီဖြစ်သော မြန်မာနိုင်ငံလွတ်လပ်ရေးမှာ လက်ရှိအချိန်ထိ တန်းတူအခွင့်အရေး မရရှိသောကြောင့် မြန်မာ့လွတ်လပ်ရေးကို ပြန်လည်သုံးသပ်ရန်လိုအပ်ဟု ဒေါက်တာအေးမောင်က ပြောသည်။

ရခိုင်အမျိုးသားပါတီက ဥက္ကဌလည်းဖြစ်၊ အမ်းမြို့နယ်တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်း ဖြစ်သည့် ဒေါက်တာအေးမောင်မှာ မေလ ၇ ရက်နေ့က ဘူးသီးတောင်နှင့် မောင်တောဒေသသို့ သွားရောက်ပြီး ဒေသခံလူထုများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။

08 May 2017

မေလ ရက်နေ့က သွားရောက်ခဲ့သော ရခိုင်အမျိုးသားပါတီ ဥက္ကဌ လည်းဖြစ်၊ အမ်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အနိုင်ရ ဒေါက်အေးမောင်အား ဘူးသီးတောင်ဒေသခံများက ကြိုဆိုနေကြစဉ်။

မေလ ၈ ရက်၊ ၂၀၁၇ ခုနှစ်၊ ဘူးသီးတောင် (DMG) ။      ။   တိုင်းရင်းသားအားလုံး တိုက်ထုတ်ယူခဲ့သည့် နှစ်ပေါင်း ၆၉ နှစ်ရှိပြီဖြစ်သော မြန်မာနိုင်ငံလွတ်လပ်ရေးမှာ လက်ရှိအချိန်ထိ တန်းတူအခွင့်အရေး မရရှိသောကြောင့် မြန်မာ့လွတ်လပ်ရေးကို ပြန်လည်သုံးသပ်ရန်လိုအပ်ဟု ဒေါက်တာအေးမောင်က ပြောသည်။

ရခိုင်အမျိုးသားပါတီက ဥက္ကဌလည်းဖြစ်၊ အမ်းမြို့နယ်တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်း ဖြစ်သည့် ဒေါက်တာအေးမောင်မှာ မေလ ၇ ရက်နေ့က ဘူးသီးတောင်နှင့် မောင်တောဒေသသို့ သွားရောက်ပြီး ဒေသခံလူထုများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။

“ မြန်မာ့နိုင်ငံရေး၊ ရခိုင့်နိုင်ငံရေး အတိတ်၊ ပစ္စုပန်၊ အနာဂတ်ဟာ ဆက်စပ်နေတယ်။ မြန်မာ့လွတ်လပ်ရေးဟာ နှစ်ပေါင်း ၆၉ ဟာ လွတ်လပ်ရေးတာ ကြာပြီ။ ပင်လုံစာချုပ်ကို၊ ဒီပြည်ထောင်စုကို တန်းတူညီမျှမှူ အခွင့်အရေးနဲ့ ဝါဒကြိုးကြိုးစားစား လျှောက်လှမ်းဖို့ စာချုပ်ချုပ်ခဲ့တာလည်း နှစ်ပေါင်း ၇၀ ဖြစ်လာပြီ။ အခုထိ မြန်မာနိုင်ငံဟာ မငြိမ်းချမ်းသေးပါ။ အားလုံးအသိပဲ။ ဘူးသီးတောင်၊ မောင်တော နယ်စွန်နယ်ဖျားတွေမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာ သိဖို့။ ရခိုင်တွေပိုက်နက်ဖြစ်ခဲ့တဲ့ ပလက်ဝအထက်ပိုင်းမှာလည်း ရှိဖို့။ ကချင်မှာလည်းဖြစ်တယ်။ နေရာတိုင်းမှာ ဖြစ်ပါတယ်။ ဒီပြည်တွင်းစစ်ကို ဘာဖြစ်လို့ မရနိုင်ရမှာလဲ။ အမျိုးသားပြန်လည် ရင်ကြားစေ့ဖို့ ကျနော်တို့အားလုံး ချစ်ချစ်ခင်ခင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀ က မက်ခဲ့တဲ့ လွတ်လပ်တယ် အရသာကို တိုင်းရင်းသားတိုင်း အတူတူခံစားရဖို့ဆိုတဲ့ လွတ်လပ်ရေးကို ပြန်လည်သုံးသပ်ဖို့ လိုအပ်နေပြီ။ ” ဟု ဒေါက်တာအေးမောင်က ဆိုသည်။

၁၉၄၈ ခုနှစ်ကပင် ၁၉၆၂ ခုနှစ်ထိ နှစ်ပေါင်း ၁၀ ကျော် ဖဆပလ မြန်မာနိုင်ငံကို တည်ဆောက်သည့် လွတ်လပ်ရေးအလွန် ခေတ်ဦးကာလ ယင်းကာလကစပြီး ဖြစ်လာသည့် အမျိုးသားလွတ်မြောက်မှူ တော်လှန်ရေးတိုက်ပွဲ၊ ယင်းကာလကစပြီး ယိုယွင်းလာသည့် အနောက်တံခါး၏ အခြေအနေ၊ နှစ်ပေါင်း ၆၉ နှစ် လွတ်လပ်ရေးအလွန်ကာလကိုကြည့်လျှင် အနောက်တံခါး၏ လုံခြုံရေးသည် ရခိုင်တို့၏ လုံခြုံရေးစည်းနှင့်ပတ်သက်ပြီး ဆုံးဖြတ်ပိုင်ခွင့်မရှိခြင်း နှင့် နိုင်ငံရေးအရ ဆုံးဖြတ်ပိုင်ခွင့်မရှိကြောင်း ဒေါက်တာအေးမောင်က ပြောသည်။

အလုပ်အကိုင်အခွင့်အလမ်းမရှိသောကြောင့် ရခိုင်လူမျိုးများ သန်းချီပြီး ပြည်ပသို့ ထွက်ခွာနေရကြောင်း၊ အလုပ်ရုံစက်ရုံမရှိ၊ လမ်းများမကောင်း၊ ဆေးခန်း၊ ကျန်းမာရေး၊ ပညာရေးနှင့် ဆေးရုံ၌ မပြည့်မစုံခြင်းသည် တိုင်းရင်းသားအခွင့်အရေး အလွန်ဆုံးရှူံးနေကြောင်း ၎င်းက ဆက်လက်ဆိုသည်။

ထို့ကြောင်း ရခိုင်ပြည်၊ ရခိုင့်နိုင်ငံရေးကို ရခိုင်လူမျိုးများသာလျှင် တည်ဆောက်ရမည်ကို ရခိုင်တိုင်းရင်းသားတိုင်း ရင်ထဲ၌ နိုင်ငံရေးပြဌာန်းချက်တစ်ခု ဖြစ်တည်နေရမည်မှာ အလွန်အရေးကြီးကြောင်း ဒေသခံများကို ပြောကြားခဲ့သည်။

နှစ်ပေါင်း ၅၀ ကျော် ဖြန်းသန်းလာခဲ့ရသည့် စစ်အာဏာရှင်အောက်တွင် အကျပ်အတည်းများကို ယခု ရခိုင်အမျိုးသားပါတီမဖြစ်ခင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီအဖြစ်ဖြင့် ဆောင်ရွက်ခဲ့ကြောင်း ဒေါက်တာအေးမောင်က ပြောသည်။

ဗီဒီယိုများ