တိုင်းရင်းမီဒီယာများ ဖွံဖြိုးရေးအတွက် တိုးချဲ့ကြိုးပမ်းသွားမည်ဖြစ်ကြောင်း BNI ထုတ်ပြန်

အရင်က တိုင်းရင်းသားအခြေပြု သတင်းမီဒီယာအဖွဲ့အစည်းတွေကိုပဲ အဖွဲ့ဝင်အဖြစ် သတ်မှတ်ထားခဲ့ရာကနေ ဒေသအခြေပြု မီဒီယာအဖွဲ့အစည်းတွေကိုပါ အဖွဲ့ဝင်သတ်မှတ်ချက်ထဲမှာ ပြင်ဆင်ထည့်ခဲ့တာဟာ အဖွဲ့ဝင်သစ်တွေ အတွက် လမ်းဖွင့်ပေးဖို့ ရည်ရွယ်ပါတယ်

By ခိုင်ရိုးလ 31 Aug 2018

 

သြဂုတ် ၃၁၊ ခိုင်ရိုးလ

နိုင်ငံတကာမြန်မာ့သတင်း (Burma News International –BNI) မှ အဖွဲ့ဝင်သစ်များ ဝင်ရောက်လာနိုင်ရန် လမ်းဖွင့်ပေးမည်ဖြစ်ကာ တိုင်းရင်းမီဒီယာများ ဖွံ့ဖြိုးရေးအတွက် တိုးချဲ့ကြိုးပမ်းသွားမည်ဖြစ်ကြောင်း သြဂုတ်လ ၃၀ ရက်နေ့ကပြုလုပ်သည့်  BIN အဖွဲ့မှ အဖွဲ့ဝင်အယ်ဒီတာများ၏ ၂၆ ကြိမ်မြောက် မျက်နှာစုံညီအစည်းဝေးမှ  ထုတ်ပြန်ခဲ့သည်။

နိုင်ငံတကာမြန်မာ့သတင်း (Burma News International –BNI)၏ အဖွဲ့ဝင်သစ်အဖြစ် ရခိုင်အခြေ စိုက်သတင်းမီဒီယာ တစ်ခုဖြစ်သော Development Media Group ကိုလက်ခံခဲ့ပြီး အဖွဲ့ဝင်သစ်များ ပါဝင်လက်ခံရေးနှင့် ပတ်သက်ပြီး BNI ၏ မူဝါဒရေးရာကော်မတီ ဥက္ကဋ္ဌ ဒေါ်နန်းဖောဂေ က ခုလိုပြောသည်။

အရင်က တိုင်းရင်းသားအခြေပြု သတင်းမီဒီယာအဖွဲ့အစည်းတွေကိုပဲ အဖွဲ့ဝင်အဖြစ် သတ်မှတ်ထားခဲ့ရာကနေ ဒေသအခြေပြု မီဒီယာအဖွဲ့အစည်းတွေကိုပါ အဖွဲ့ဝင်သတ်မှတ်ချက်ထဲမှာ ပြင်ဆင်ထည့်ခဲ့တာဟာ အဖွဲ့ဝင်သစ်တွေ အတွက် လမ်းဖွင့်ပေးဖို့ ရည်ရွယ်ပါတယ်”ဟု ပြောသည်။

မျက်နှာစုံညီအစည်းအဝေးမှ  BNI အနေဖြင့် မြန်မာနိုင်ငံတွင် တိုင်းရင်းသားမီဒီယာ မူဝါဒမျးပေါ်ပေါက်ရေး ၊ တိုင်းရင်းသား သတင်း သင်တန်းကျောင်းတစ်ခု ပေါ်ပေါက်လာရေးနှင့် နှစ်စဉ်ကျင်းပနေသည့် တိုင်းရင်းသား မီဒီယာ ညီလာခံကို အနှစ်သာရရှိရှိ ကျင်းပနိုင်ရေး အတွက်ဆွေးနွေးဆုံးဖြတ်ခဲ့ကြကြောင်းလည်းသိရသည်။

ယင်းအပြင် BNI အဖွဲ့ဝင်များအနေဖြင့် တိုင်းရင်းသားဒေသများတွင် ငြိမ်းချမ်းရေး ဆိုင်ရာသတင်းများ ပိုမိုစောင့်ကြည့်ရေးသားသွားရန်ကိုလည်း ဆွေးနွေးခဲ့ကြပြီး ပြောင်းလဲသာသည့် အခြေအနေနှင့် အညီ BNI သည် တိုင်ရင်းအခြေပြု ရုပ်သံအစီစဉ်များကို ရိုက်ကူးထုတ်လုပ်မှုများကိုပါ တိုးချဲ့လုပ်ဆောင်သွားရန် ဆုံးဖြတ်ခဲ့ကြ ကြောင်းလည်းသိရသည်။

ဗီဒီယိုများ