နံသာတောင်ပညာဒါနပရဟိတကျောင်း မြတ်ဆရာပူဇော်ပွဲကျင်းပ

အဆိုပါကျောင်းတွင် ရခိုင်ပြည်နယ်အနှံ့မှ ဆင်းရဲနွမ်းပါးသည့် ကျောင်းသား၊ကျောင်းသူပေါင်း (၄၀၀) ကျော် တက်ရောက်နေခြင်းဖြစ်ကာ  အလယ်တန်း၊ အထက်တန်းပညာများကို သင်ယူလျက်ရှိကြသည်။

20 Jan 2019

ချလူးအောင် / DMG

ဇန်နဝါရီလ ၂၀၊ မောင်တော

မောင်တောမြို့နယ်၊ နံသာတောင်ပညာဒါနပရဟိတကျောင်းတွင် (၇)ကြိမ်မြောက် မြတ်ဆရာပူဇော်ပွဲကို ဇန်နဝါရီလ ၁၉ ရက်၊ နေ့လည်ပိုင်းတွင် မောင်တောမြို့၊ မြို့မကျောင်းတွင် ကျင်းပခဲ့သည်။

အဆိုပါကျောင်းတွင် ရခိုင်ပြည်နယ်အနှံ့မှ ဆင်းရဲနွမ်းပါးသည့် ကျောင်းသား၊ကျောင်းသူပေါင်း (၄၀၀) ကျော် တက်ရောက်နေခြင်းဖြစ်ကာ  အလယ်တန်း၊ အထက်တန်းပညာများကို သင်ယူလျက်ရှိကြသည်။

အဆိုပါ မြတ်ဆရာပူဇော်ပွဲကို ဇန်နဝါရီလ ၁၉ရက်မှ ၂၀ ရက်နေ့အထိ ကျင်းပခြင်းဖြစ်ပြီး ကျောင်းသူ/သားများ၏ အကပဒေသာများဖြင့် ဖျော်ဖြေမှုများ ပါဝင်သည်။ ယင်းအပြင် ပညာရည်ချွန်ဆုပေးပွဲလည်း ပါဝင်သည်။

နံသာတောင်ပညာဒါနပရဟိတကျောင်း မြတ်ဆရာပူဇော်ပွဲကို မောင်တောဒေသ အကြမ်းဖက်မူဖြစ်စဉ် ဖြစ်ပွားပြီးနောက် မောင်တောမြို့ မြို့မကျောင်းတွင် ကျင်းပနေခြင်းဖြစ်သည်။

နံသာတောင်ကျေးရွာနှင့် နံသာတောင်ပညာဒါနပရဟိတကျောင်းသည်  ၂၀၁၆ သြဂုတ်လ ၂၆ ရက်နေ့၌ ARSA အကြမ်းဖက်အဖွဲ့၏ မီးရှို့ခြင်းခံခဲ့ရသည်။

ဗီဒီယိုများ