ပုဏ္ဏားကျွန်းမြို့နယ်တွင် ခမီတိုင်းရင်းသားတစ်ဦး အိမ်ပြန်လမ်း၌ ပျောက်ဆုံးနေ

ပုဏ္ဏားကျွန်းမြို့နယ် သရော်ပင်ရင်းကျေးရွာမှ အသက် ၅၂ နှစ်အရွယ် ခမီတိုင်းရင်းသား ဦးလှခိုင်သည် စက်လှေဖြင့်အိမ်ပြန်လာစဉ် လမ်းခုလတ်တွင် ပျောက်ဆုံးသွားခဲ့ပြီး ယနေ့ဆိုပါက ၎င်းပျောက်ဆုံး နေသည်မှာ ၄ ရက်မြောက်ရှိပြီဖြစ်ကြောင်း သိရသည်။

By ဇောင်း (ပုဏ္ဏားကျွန်း) 24 Jan 2019

(စန်းကားကျေးရွာနဲ့ မဲဒါးမကျေးရွာကြား ချောင်းမှာ ပြန်တွေ့ရသော ဦးလှခိုင် တစ်ဦးတည်း စီးလာသည်ဆိုသော စက်လှေအား တွေ့ရစဉ်)

ဇောင်း (ပုဏ္ဏားကျွန်း) / DMG

ဇန်နဝါရီ ၂၄ ၊ ပုဏ္ဏားကျွန်း

ပုဏ္ဏားကျွန်းမြို့နယ် သရော်ပင်ရင်းကျေးရွာမှ အသက် ၅၂ နှစ်အရွယ် ခမီတိုင်းရင်းသား ဦးလှခိုင်သည် စက်လှေဖြင့်အိမ်ပြန်လာစဉ် လမ်းခုလတ်တွင် ပျောက်ဆုံးသွားခဲ့ပြီး ယနေ့ဆိုပါက ၎င်းပျောက်ဆုံး နေသည်မှာ ၄ ရက်မြောက်ရှိပြီဖြစ်ကြောင်း သိရသည်။

ဇန်နဝါရီလ ၂၁ ရက်နေ့က စန်းကားကျေးရွာကို နာရေးတစ်ခုကြောင့် သွားရောက်ခဲ့ပြီး ည ၈ နာရီအချိန်တွင် သရော်ပင်ရင်း ကျေးရွာနေအိမ်သို့ ဦးလှခိုင်တစ်ဦးတည်း စက်လှေဖြင့်ပြန်လာစဉ် ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း ၎င်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးမှ ဦးကျော်စိန်ထွန်းက ပြောသည်။

“ည ၈ နာရီအချိန်မှာ ပြန်သွားတယ်တဲ့၊ အတူသွားသူတွေက နာရေးမှာကျန်ခဲ့တယ်။ သူတစ်ယောက်တည်း စက်လှေနဲ့ပြန်လာတဲ့အခါ ပျောက်ဆုံးသွားတာ။ စက်လှေကိုတော့ စန်းကားကျေးရွာနဲ့ မဲဒါးမကျေးရွာကြား ချောင်းမှာ ပြန်တွေ့တယ်။ ဦးလှခိုင်ကတော့ ဒီနေ့အထိ ပျောက်နေတယ်” ဟု သက္ကိုင်းတောင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်စိန်ထွန်းက ဆိုသည်။

ယခုကဲ့သို့ ဦးလှခိုင် ပျောက်ဆုံးနေမှုနှင့်ပတ်သက်ပြီး ပိုးရွီပြင်နယ်မြေရဲစခန်းတွင် လူပျောက်တိုင်ကြားထားပြီး ကျေးရွာသားများ ဝိုင်းဝန်းရှာဖွေလျက်ရှိကြောင်း သိရသည်။

ဗီဒီယိုများ