ပုဏ္ဏားကျွန်းမြို့အနီးတွင် ဆရာ၊ ဆရာမများ စီးလာသောကားနှင့် ကုန်တင်ကားတို့ ယာဉ်တိုက်မှု ဖြစ်ပွား

ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ကျေးရွာအနီး ဒီဇင်ဘာ ၇ ရက်နေ ၄ နာရီ အချိန်တွင် ကျောင်းဆင်းချိန် ဆရာ၊ ဆရာမများ တင်ဆောင်ဆောင်လာသော ကားနှင့် ကုန်တင်ကားတို့ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း ပုဏ္ဏားကျွန်းက သိရသည်။

07 Dec 2017

(ယာဉ်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိထားသော ဆရာ၊ ဆရာမများအား တွေ့ရစဉ်။ ဓါတ်ပုံ - ဇောင်း (ပုဏ္ဏားကျွန်း))

ဒီဇင်ဘာလ ၇ ရက်၊ ၂၀၁၇ ခုနှစ်။   ။  ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ကျေးရွာအနီး ဒီဇင်ဘာ ၇ ရက်နေ ၄ နာရီ အချိန်တွင် ကျောင်းဆင်းချိန် ဆရာ၊ ဆရာမများ တင်ဆောင်ဆောင်လာသော ကားနှင့် ကုန်တင်ကားတို့ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း ပုဏ္ဏားကျွန်းက သိရသည်။

ဆရာ၊ ဆရာမများမှာ ယိုတရုတ်ကျေးရွာက စာပြပြီးအပြန် ကျောက်တော်မှ စစ်တွေသို့ သွားသည့်  ဦးထွန်းလင်းသိန်မောင်းနှင်လာသော YGN BD 1708 လိုက်ထရစ် အဖြူရောင်ယာဉ်၌ စီးနှင်းလိုက်ပါလာရာ ကျောက်ဆိပ်ကျေးရွာအနီး မိုင်တိုင်အမှတ် ၁၇၅/၁ အရောက်တွင် ရန်ကုန်မှလာသော ကွန်တီနာ ကုန်တင်ယာဉ်သည် ကျော်တက်လာရာမှ တိုက်မိခြင်းဖြစ်ကြောင်း ခရီးအတူ စီးနှင်းလိုက်ပါသူ တစ်ဦးကပြောသည်

စီးနှင်းလိုက်ပါလာသည့် ဆရာ၊ ဆရာမများမှာ ဒေါ်သန်းခင် ဒေါ်မလှဝင်း၊ ဒေါ်နီနီဝင်ရွှေ၊ ဒေါ်သန်းသန်းစိုး၊ ဒေါ်နုနုရီ၊ ဒေါ်အေးအေးသန်း၊ ဦးစိန်လှ၊ ဦးမောင်နုစိန်နှင့် မောင်မြင့်သန်းတို့ ဖြစ်ကြောင် ဆေးရုံးမှတ်တမ်အရ သိရသည်

ခြေထောက် လက်နှင့် ဦးခါင်းတို့တွင် ဒဏ်ရာပြင်းထန်စွာ ရရှိသော ဆရာ၊ ဆရာမများကို စစ်တွေ ဆေးရုံးကြီးသို့ ပို့ဆောင်ထားကြောင်း ပုဏ္ဏားကျွန်းရဲစခန်းက သိရသည်။  

ကုန်တင်ယာဉ်မှာ ထွက်ပြေးသွားပြီး (ပ) ၁၇/၂၀၁၇ ပြစ်မှုအရ ရာဇသတ်ပုဒ်မ ၂၇၉/၃၃၇/၃၃၈ တို့ဖြင့် ပုဏ္ဏားကျွန်းမြို့ရဲစခန်းတွင် အတိုက်ခံရသည့် ယဉ်မောင်းထွန်းလင်းသိန်းက အရေးယူအမှူဖွင့်ထားကြောင်း သိရသည်

(ယာဉ်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိထားသော ဆရာ၊ ဆရာမများအား တွေ့ရစဉ်။ ဓါတ်ပုံ - ဇောင်း (ပုဏ္ဏားကျွန်း))

 

ဗီဒီယိုများ