ဘူးသီးတောင်တွင် အမျိုးသမီးတစ်ဦး လက်လုပ်မိုင်းထိ

ဘူးသီးတောင်မြို့နယ်၊ တောင်ဘဇာကျေးရွာ(နတလ)ရွာမှ အမျိုးသမီးတစ်ဦး ယမန်နေ့(ဒီဇင်ဘာလ ၈ ရက်)၊ နံနက် ၁၁ နာရီအချိန်ခန့်တွင် လက်လုပ်မိုင်းထိမှန်ပြီး ဒဏ်ရာရရှိသွားသည်ဟု တောင်ဘဇာနယ်မြေရဲစခန်း စခန်းမှူး ရဲအုပ်ထွန်းနိုင်က DMG ကို ပြောသည်။

09 Jan 2019

ချလူးအောင် / DMG

ဒီဇင်ဘာလ ၉ ရက်၊ မောင်တော

ဘူးသီးတောင်မြို့နယ်၊ တောင်ဘဇာကျေးရွာ(နတလ)ရွာမှ အမျိုးသမီးတစ်ဦး ယမန်နေ့(ဒီဇင်ဘာလ ၈ ရက်)၊ နံနက် ၁၁ နာရီအချိန်ခန့်တွင် လက်လုပ်မိုင်းထိမှန်ပြီး ဒဏ်ရာရရှိသွားသည်ဟု တောင်ဘဇာနယ်မြေရဲစခန်း စခန်းမှူး ရဲအုပ်ထွန်းနိုင်က DMG ကို ပြောသည်။

တောင်ဘဇာကျေးရွာ(နတလ)ရွာမှ အသက် ၁၈ နှစ်အရွယ်ရှိ မမေသန်းနုသည် ကျောင်းတောင်ကျေးရွာအုပ်စု၊ ဂန္ဓာရူး(ခမီ)ရွာရှိ ဆွေးမျိုးများထံ အလည်အပတ်သွားရောက်ပြီး တောင်ဘဇာကျေးရွာသို့ ဆိုင်ကယ်ကယ်ရီဖြင့်  ပြန်လာစဉ် တောင်ဘဇာ-ပန်ဇီကားလမ်းသို့ အရောက်တွင် လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲသဖြင့် မမေသန်းနု၏ ဝဲဘက်ခြေသလုံး ပေါက်ပြဲဒဏ်ရာရရှိသွားခြင်းဟု ရဲအုပ်ထွန်းနိုင်က ဆိုသည်။

“ဇန်နဝါရီလ ၄ ရက်နေ့ တိုက်ပွဲမဖြစ်ပွားခင်ကတည်းက သူတို့ဆွေမျိုးတွေရှိတဲ့ ဂန္ဓာရူး(ခမီ)ရွာကို အလည်သွားတယ်။ အဲဒီကနေ သူတို့အဖေအမေရှိတဲ့ တောင်ဘဇာကို ဆိုင်ကယ်ကယ်ရီမောင်းတဲ့ ဦးသန်းလေးနဲ့ ပြန်လာတယ်။ တောင်ဘဇာကိုအပြန် ပန်းပဲချောင်းတောင်ကုန်းလေးနား အကွေ့လေးမှာ မိုင်းထိတယ်။ ဆိုင်ကယ်ကယ်ရီသမားကတော့ ဘာမှမဖြစ်ဘူး”ဟု ၎င်းကပြောသည်။

လက်ရှိတွင် မမေသန်းနုသည် ဘူးသီးတောင်ဆေးရုံတွင် ဆေးကုသမှု ခံယူလျက်ရှိသည်။

မိုင်းထောင်သူ(စိစစ်ဆဲ)အား တောင်ဘဇာနယ်မြေရဲစခန်း (ပ)၈/၂၀၁၉၊ ပေါက်ကွဲဥပဒေပုဒ်မ ၃ ဖြင့် အမှုဖွင့် စုံစမ်းလျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

 

ဗီဒီယိုများ