မင်းပြားမြို့နယ်တွင် မီးလောင်မှုဖြစ်ပွား၊ နေအိမ် ၄ လုံးဆုံးရှုံး

“မီးလောင်တဲ့ဟာက ဒီနေ့ ည ၁ နာရီက လောင်တာပါ။ လောင်တာက ထမင်းချက်လို့ကျန်ခဲ့တဲ့ မီးစမီးကြွင်း ကနေ စပြီးလောင်သွားတာပါ။ သွပ်မိုး၊ ပျဉ်ခင်း၊ ဝါးထရံကာ နေအိမ်လေးလုံးပါသွားတယ်။   လူအသေ အပျောက်တော့ မရှိဘူး ”

By ခိုင်ရိုးလ 20 Jan 2019

ခိုင်ရိုးလ / DMG

ဇန်နဝါရီ ၂၀၊ စစ်တွေ

မင်းပြားမြို့နယ် စမ္ဘလေ(ဘင်္ဂါလီ)ကျေးရွာတွင် ယနေ့ ဇန်နဝါရီလ ၂၀ နံနက် ၁ နာရီကျော်အချိန်က မီးကြွင်း မီးကျန်မှတဆင့် မီးလောင်မှုဖြစ်ပွားခဲ့ပြီး နေအိမ်လေးလုံးမီးလောင်ကျွမ်းခဲ့ကြောင်း မင်းပြားမြို့နယ် မီးသတ်စခန်းမှ သိရသည်။

“မီးလောင်တဲ့ဟာက ဒီနေ့ ည ၁ နာရီက လောင်တာပါ။ လောင်တာက ထမင်းချက်လို့ကျန်ခဲ့တဲ့ မီးစမီးကြွင်း ကနေ စပြီးလောင်သွားတာပါ။ သွပ်မိုး၊ ပျဉ်ခင်း၊ ဝါးထရံကာ နေအိမ်လေးလုံးပါသွားတယ်။   လူအသေ အပျောက်တော့ မရှိဘူး ” ဟု မင်းမြို့နယ် မီးသတ်စခန်းမှ လက်ထောက်ဦးစီးမှူး ဦးသန့်ဇင်အောင်က ပြောသည်။

အဆိုပါမီးလောင်မှုအား မင်းပြားမြို့နယ်မီးသတ်စခန်းမှ လက်ထောက်ဦးစီးမှူး ဦးသန့်ဇင်အောင် ဦးဆောင်၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်လေးဦးဖြင့် သွားရောက်စစ်ဆေးခဲ့ပြီး စမ္ဘလေကျေးရွာသားများမှ ဝိုင်းဝန်း မီးငြိမ်းသတ်ခဲ့ကြောင်း သိရသည်။

ယင်းမီးလောင်မှုကြောင့် ကျပ်ငွေတန်ဖိုး ၁၄၅၀၀၀ ဆုံးရှုံးမှုရှိခဲ့ကြောင်း မင်းပြားမြို့နယ်မီးသတ်စခန်းမှ သိရသည်။

ဗီဒီယိုများ