မီးရှို့ခံလိုက်ရသည့် ဂူတာပြင်ကျေးရွာတွင် UNHCR မှ နေအိမ် ၇၀ ကျော်ဆောက်လုပ်ပေးမည်

“ အိမ်ဆောက်ဖို့ ပစ္စည်းတွေ စုနေပါပြီ။ UNHCR ကဆောက်လုပ်နေတာပါ။ နေအိမ်က ၇၆ လုံးဖြစ်ပါတယ်။ အိမ်အမျိုးအစားက ဝါးထရံကာ မြေစိုက်တဲဆောက်လုပ်သွားမှာပါ။ လက်ရှိမှာ ရွာသားတွေဟာ အဲဒီ အနီးအနားမှာ နေထိုင်ကြပါတယ် ”

By ခိုင်ရိုးလ 01 Nov 2018

ဓာတ်ပုံ - facebook

ခိုင်ရိုးလ၊ DMG

နိုဝင်ဘာလ ၁၊ စစ်တွေ

 

ဘူးသီးတောင်မြို့နယ်၊ ဂူတာပြင်ကျေးရွာတွင် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး UNHCR မှ နေအိမ် ၇၆ လုံး ဆောက်လုပ်ပေးသွားမည်ဟု မြို့နယ် အုပ်ချုပ်ရေးမှူးက ပြောသည်။

အဆိုပါ ကျေးရွာမှာ အိမ်ခြေ ၃၀၀ ကျော်ရှိပြီး လူဦးရေ ၁၈၀၀ ကျော်နေထိုင်လျက်ရှိရာမှ ၂၀၁၇ ခုနှစ်က အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် ကျေးရွာမီးရှို့ခံလိုက်ရခြင်းဖြစ်သည်။

“ အိမ်ဆောက်ဖို့ ပစ္စည်းတွေ စုနေပါပြီ။ UNHCR ကဆောက်လုပ်နေတာပါ။ နေအိမ်က ၇၆ လုံးဖြစ်ပါတယ်။ အိမ်အမျိုးအစားက ဝါးထရံကာ မြေစိုက်တဲဆောက်လုပ်သွားမှာပါ။ လက်ရှိမှာ ရွာသားတွေဟာ အဲဒီ အနီးအနားမှာ နေထိုင်ကြပါတယ် ” ဟု ဘူးသီးတေင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်ထွန်းက DMG ကို ပြောသည်။

ဂူတာပြင်ကျေးရွာသည် ဘင်္ဂလီများနေထိုင်သည့် ကျေးရွာဖြစ်ပြီး ကျေးရွာမီးရှို့ခံရမှုကြောင့် လူဦးရေ ၁၀၀၀ ခန့်မှာ ယင်းကျေးရွာအနီးတွင် နေထိုင်နေကြသည်။ ရွာသားအချို့မှာလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ခွါ သွားခဲ့ကြကြောင်း သိရသည်။

ယခုနေအိမ်ဆောက်လုပ်ပြီးလျှင် ကျေးရွာအနီးတွင် နေထိုင်ကြသူများ နေထိုင်ကြရမည်ဖြစ်သည်။

ဗီဒီယိုများ