ရခိုင်မျိုးစောင့်အုပ်စုမှ မြောက်ဦးဖြစ်စဉ်တွင်း သေဆုံးဒဏ်ရာရသူ မိသားစုဝင်များအား ဒုတိယအကြိမ် အလှူငွေပေးအပ်မည်

ရခိုင်မျိုးစောင့်အုပ်စု ARG မှ ဇန်နဝါရီလ ၁၆ ရက်နေ့ ညနေ့ပိုင်းကဖြစ်ပွားခဲသည့် မြောက်ဦးပဋိပက္ခအတွင်း သေဆုံးဒဏ်ရရှိသူများ၏ မိသားစုဝင်များကို ဒုတိယအကြိမ် အလှူငွေပေးအပ်သွား မည်ဖြစ်ကြောင်း သိရသည်။

22 Jan 2018

ဇန်နဝါရီလ ၂၂ ရက်၊ ၂၀၁၈ ခုနှစ်။  ။  ရခိုင်မျိုးစောင့်အုပ်စု ARG မှ ဇန်နဝါရီလ ၁၆ ရက်နေ့ ညနေ့ပိုင်းကဖြစ်ပွားခဲသည့် မြောက်ဦးပဋိပက္ခအတွင်း သေဆုံးဒဏ်ရရှိသူများ၏ မိသားစုဝင်များကို ဒုတိယအကြိမ် အလှူငွေပေးအပ်သွား မည်ဖြစ်ကြောင်း သိရသည်။

ရခိုင်မျိုးစောင့်အုပ်စုမှ ပထမအကြိမ်အဖြစ်အလှူငွေကျပ် ၃၈ သိန်းကို မြောက်ဦးနှင့် စစ်တွေတို့တွင် တစ်ဦးလျှင် ၂ သိန်းနှုန်ဖြင့် လှူဒါန်းခဲ့ပြီးဖြစ်ကာ ဒုတိယအကြိမ်အဖြစ် လှူဒါန်းနိုင်ရန် ဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။

ARG အဖွဲ့မှ ဦးဘအေးက “ နောက်ထပ်ကတော့ ဘယ်နေ့ဖြစ်မလဲ မပြောတတ်သေးဘူး။ ဒီတစ်ရက်နှစ်ရက်မှာဖြစ်ဖို့တော့ ထင်တယ်၊ ငွေကတော့ခန့်မှန်းခြေ သုံးဆယ်လောက်ပဲဖြစ်ဖို့ထင်တယ်။ ” ဟု ပြောသည်။

မြောက်ဦးပတ်ခတ်မှုအတွင်း သေဆုံးဒဏ်ရာရသူများ၏ မိသားစုဝင်များကို ရခိုင်အခြေစိုက် လူမှုအဖွဲ့ အစည်းအသီးသီးမှ အလှူငွေများပေးအပ်ခဲ့ပြီးဖြစ်သော်လည်း အစိုးရမှပေးအပ်သည့် ငွေကျပ် ၅ သိန်း စီကို မိသားစုဝင်များက လက်ခံမှုမရှိဘဲ ပြန်လည်ပေးအပ်ခဲ့ကြသည်။

မြောက်ဦးပစ်ခတ်မှုအတွင်း သေဆုံးသူ ၇ ဦးနှင့် ဒဏ်ရာရရှိသူ ၁၂ ဦးရှိပြီး ဒဏ်ရာရရှိသူ ၄ ဦးမှာ မြောက်ဦးဆေးရုံတွင် ဆေးကုသခံယူနေပြီး စစ်တွေပြည်သူ့ဆေးရုံကြီးတွင် ၈ ဦး ဆေးဝါးကုသမှု ခံယူလျှက်ရှိကြောင်း သိရသည်။

ဗီဒီယိုများ