ရခိုင်ပြည်နယ်မှတိုက်ပွဲများတွင် တပ်မတော်မှ ရဟတ်ယာဉ်မသုံးခဲ့ကြောင်းပြောဆိုခြင်းမှာ တာဝန်ခံမှုမဲ့လွန်းကြောင်း ဒေသခံများပြော

“ ဟုတ်ရင်းနဲ့ အခုလိုကွဲလွဲမှုဟာ (အစိုးရဘက်မှ) တာဝန်ယူမှုတာဝန်ခံမှု အလွန်မဲ့လွန်းတယ်ထင်ပါတယ်။ တာဝန်မဲ့လုပ်ငန်းကတော့ မလုပ်သင့်ပါဘူး။ တိုက်ပွဲဖြစ်တဲ့နေရာလည်း တော်တော်အလှမ်းဝေးတယ်လို့ဆိုပါတယ်။ ဒီလိုဝေးတဲ့နေရာက စက်သေနတ်တွေ၊ အမြောက်ချိန်းတယ်။ လေယာဉ်တွေနန့် စက်သေနတ်တွေနဲ့ ပစ်တယ်ဆိုတော့ ပြည်သူတို့ကို ခြောက်လှန့်ဖိုနည်းတစ်တစ်ခုလုပ်တယ်လို့ မြင်ကြောင့်သုံးသတ်ပါတယ်” ဟု ကိုဇော်ဝင်းက ပြောသည်။

By ခိုင်ရိုးလ 23 Dec 2018

၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်၊ ခိုင်ရိုးလ / DMG

ရခိုင်ပြည်နယ်အတွင်းမှတိုက်ပွဲများတွင် ရဟတ်ယာဉ်သုံးပြီးတိုက်ခိုက်ခဲ့ခြင်းမရှိကြောင်း နိုင်ငံတော်သမ္မတရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး၏ပြောဆိုခြင်းမှာ တာဝန်ခံမှု မဲ့လွန်းကြောင်း ကျောက်တော်မြို့နယ် ဒေသခံများကပြောသည်။

ဒီဇင်ဘာလ ၂၁ ရက်နေ့က နေပြည်တော် သတင်းစာရှင်းလင်းပွဲတွင် ဦးဇော်ဋ္ဌေးမှ ရခိုင်ပြည်နယ် အတွင်း တိုက်ပွဲများတွင် မြန်မာ့တပ်မတော်ဘက်မှ ရဟတ်ယာဉ်သုံး တိုက်ခိုက်ခဲ့ခြင်းမရှိကြောင်း ပြောဆိုခဲ့သည်။

ဒီဇင်ဘာလ ၁၈ ရက်နေ့ နေ့လည် ၁ နာရီကျော်ခန့်က ကျောက်တော်မြို့နယ် သလူချောင်းကျေးရွာ အနီးတိုက်ပွဲတွင် မြန်မာ့တပ်မတော်ဘက်မှ ရဟတ်ယာဉ်နှစ်စီးဖြင့် AA အား တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောဆိုကြသည်။

၎င်းနေ့တွင် ကျောက်တော်မြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်အကြားရှိ ဖက်ဝန်းကျော်လမ်း တောင်တန်းတွင်တိုက်ပွဲဖြစ်ပွားရာ မြန်မာ့တပ်မတော်ဘက်က ရဟတ်ယာဉ်များဖြင့် ပစ်ခတ်ခဲ့သည်ဟု သလူချောင်း၊ ကျွန်းသာယာ၊ ချင်းမဝန်တောင်းကျေးရွာသားများမှ ပြောဆိုကြသည်။

ယင်းသို့ ပစ်ခတ်ခဲ့သောကြောင့် ဒေသခံများကြောက်လန့်ပြီး နေအိမ်အောက်တွင် ပုန်းခိုနေခဲ့ရသည်ဟု ကျောက်တော်မြို့နယ်၊ သလူချောင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ဝင်းက DMG ကို ပြောသည်။

“ ရဟတ်ယာဉ် ၂ စီးနဲ့ပစ်ခတ်ခဲ့တာ ဟုတ်ပါတယ်။ အတိကျပါ။ လေယာဉ်က ကျောက်တော်ဘက်က လာပြီးတော့ အနောက်ကို လှည့်ပတ်ပြီး ကျွန်တော်တို့ ရွာအပေါ်က ပစ်ခဲ့တာပါ။ ယိုးချောင်းကြောင်းအတိုင်း စုန်ပြီးတော့ ဖက်ဝန်းတောင်ကျော်လမ်းကို သွန်ပစ်ခဲ့ပါတယ်။ ရွာသားတွေက ကြောက်လန့်ပြီးတော့ ဝပ်နေကြပါတယ်။ တစ်ချို့က ဗုံးခိုတွင်းတူးပြီးတော့ ဗုံးတွင်းထဲသို့ ဝင်ပုန်းနေတာလည်း ရှိပါတယ် ” ဟုပြောသည်။

ယင်းအပြင် ကျောက်တော်မှ စစ်ရှောင်ဒုက္ခသည်များကို ကယ်ဆယ်ရေးပေးနေသူ ကိုဇော်ဝင်းက ဒေသခံများပြောဆိုခြင်းမှာ ဟုတ်မှန်ကြောင့် သက်သေကျည်ခွံများကို ကန်စောက်စစ်ဘေးရှောင် စခန်းတွင် သူကိုယ်တိုင်တွေ့မြင်ခဲ့ကြောင့် ဆိုသည်။

“ ဒေသခံ စကားဟုတ်မှန်ကြောင့် သက်သေတွေကို ကျွန်တော်တို့သွားတဲ့အခါ မြင်တွေ့ခဲ့ရပါတယ်။ အဲဒီအချိန်(တိုက်ပွဲဖြစ်ပွားချိန်) က အရူးလိုဖြစ်သွားတဲ့သူတွေ၊ ကြောက်လန့်သွားသူတွေနဲ့ တွေ့တုန်းက ပြောပြတာတွေ သူတို့ ပြတဲ့ကျည်ခွန်တွေ၊ ကျည်ခါးပတ်တွေကို တွေ့ရတဲ့အတွက် ဒေသခံတွေက လုပ်ကြံပြီးပြောနေတာမဟုတ်ဘူး ” ဟု ပြောသည်။

ယခုကဲ့သို့ ရယတ်ယာဉ်သုံးပြီးတိုက်ခိုက်ခဲ့ခြင်းကို မဟုတ်ဟု ငြင်းဆန်နေခြင်းမှာ တာဝန်ရှိသူများဘက်မှ တာဝန်ခံမှုမဲ့လွန်းသည်ဟု ထင်ကြောင့် ကိုဇော်ဝင်းက ဆိုသည်။

“ ဟုတ်ရင်းနဲ့ အခုလိုကွဲလွဲမှုဟာ (အစိုးရဘက်မှ) တာဝန်ယူမှုတာဝန်ခံမှု အလွန်မဲ့လွန်းတယ်ထင်ပါတယ်။ တာဝန်မဲ့လုပ်ငန်းကတော့ မလုပ်သင့်ပါဘူး။ တိုက်ပွဲဖြစ်တဲ့နေရာလည်း တော်တော်အလှမ်းဝေးတယ်လို့ဆိုပါတယ်။ ဒီလိုဝေးတဲ့နေရာက စက်သေနတ်တွေ၊ အမြောက်ချိန်းတယ်။ လေယာဉ်တွေနန့် စက်သေနတ်တွေနဲ့ ပစ်တယ်ဆိုတော့ ပြည်သူတို့ကို ခြောက်လှန့်ဖိုနည်းတစ်တစ်ခုလုပ်တယ်လို့ မြင်ကြောင့်သုံးသတ်ပါတယ်” ဟု ကိုဇော်ဝင်းက ပြောသည်။

ဒီဇင်ဘာလ ၁၈ ရက်နေ့မှ ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် မြန်မာ့တပ်မတော်ဘက်မှ လက်နက်ကြီးများဖြင့် နေရာသုံးနေရာမှ ပစ်ခတ်နေသည့်အပြင် ရဟတ်ယာဉ်နှစ်စီးဖြင့်လည်း နေ့လည် (၁) နာရီတွင် လာရောက်ပစ်ခတ်သွားသည်ဟု ရက္ခိုင့်တပ်မတော် သတင်းနှင့်ပြန်ကြာရေးဌာနက ထုတ်ပြန်ခဲ့သည်။

ဓါတ်ပုံ - ချင်းမဝန်တောင်းကျေးရွာထဲသို့ကျလာသည့် စက်သေနတ်ကျည်ခွံများ

ဗီဒီယိုများ