ရခိုင်မှာ နောက် ၁၂ နာရီအတွင်း မိုးသည်းထန်လာနိုင်ကြောင်း ဒေါက်တာထွန်းလွင်ပြော

ရခိုင်ပြည်နယ် မြောက်ပိုင်းနှင့် အလယ်ပိုင်းဒေသများတွင် နောက်ထပ် ၁၂ နာရီအတွင်း မိုးရွာသွန်းမှု သည်းထန်လာနိုင်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က DMG ကို ပြောသည်။

15 Jun 2017

ဇွန်လ ၁၅ ရက်၊ ၂၀၁၇ ခုနှစ်၊ ရခိုင်ပြည် (DMG) ။    ။   ရခိုင်ပြည်နယ် မြောက်ပိုင်းနှင့် အလယ်ပိုင်းဒေသများတွင် နောက်ထပ် ၁၂ နာရီအတွင်း မိုးရွာသွန်းမှု သည်းထန်လာနိုင်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က DMG ကို ပြောသည်။

“ မိုးသည်းထန်တယ်ဆိုတာကတော့ ၂၄ နာရီ မိုးရေရှိန် ၃ လက်မအချိုး ရွာတာကို ပြောတာပဲ နော်၊ မိုးရေရှိန်က  ဒီကောင်က မိုးသည်းနိုင်တယ်လို့ သတ်မှတ်ထားတဲ့အတွက် မိုးကတော့ နည်းနည်း ၃ လက်အထက် ရွာလိမ့်မယ်လို့ ထင်တာပဲ။ စိုးရိမ်ရလားဆိုတော့ ရခိုင်ကတော့ မိုးရွာနေတာပဲ။ အခုလည်း မိုးကလည်းရွာ ရေကလည်း ကြီးနေတော့ ထပ်ရွာရင်တော့ နည်းနည်းတော့ အခြေအနေက စိုးရိမ်ရတာပေါ့။ ” ဟု ဒေါက်တာထွန်းလွင်က ပြောသည်။

ရခိုင်ပြည်နယ်အတွင်း ယခုအပတ်အတွင်း မိုးပဲရွာသွန်းနေမည်ဖြစ်ပြီး မုန်တိုင်းတော့ မရှိဘူးဟု ၎င်းကဆိုသည်။

ဘင်္ဂလားပင်လယ်အော်ထဲမှာ ဖြစ်ပေါ်နေသော မိုးသည်းထန်နိုင်သည့် တိမ်တိုက်တစ်ခုမှာ ရခိုင်ပြည်နယ်အလယ်ပိုင်းနှင့် မြောက်ပိုင်းရှိရာ အရှေ့မြောက်ဖက်ကို တဖြည်းဖြည်းရွေ့လျှား လာနေကြောင်း ဒေါက်တာထွန်းလွင်က ဆက်ပြောသည်။

ယခုအပတ် ရခိုင်ပြည်နယ်အတွင်း မိုးအဆက်မပြတ် ရွာသွန်းနေခြင်းကြောင့် စစ်တွေ-ရန်ကုန် ကားလမ်းမကြီးဖြစ်သော အမ်းမြို့က တောင်ကြားလမ်းများမှာ မိုးရေ စီးဆင်းမှုအရှိန်ကြောင့် လမ်းများပျက်စီးနေပြီး တောင်ကုတ်ဖက်က ရကုန်သို့သွားသည့် လမ်းမကြီးမှာလည်း ပျက်စီးနေသည့်အတွက် ကုန်တင်ကားများနှင့် ခရီးသည်တင်ကားများမှာ သွားလာလို့ အဆင်မပြေဖြစ်နေကြောင်း သိရသည်။

ဗီဒီယိုများ