ရန်ကုန်-ကျောက်ဖြူခရီးသည်တင်ကား တိမ်းမှောက်မှုကြောင့် လူ(၄)ဦးသေဆုံးကာ (၆)ဦးဒဏ်ရာရ

ရန်ကုန်-ကျောက်ဖြူ ခရီးသည်တင်ကားတစ်စီး ယနေ့ ဇန်နဝါရီလ ၂၀ ရက်နေ့၊ နံနက် (၅)နာရီကျော်က ရမ်းဗြဲမြို့နယ်၊ ကုလားပုန်းကျေးရွာအနီးတွင် တိမ်းမှောက်မှုဖြစ်ပွားခဲ့သောကြောင့် လူ(၄)ဦးသေဆုံးကာ (၆)ဦးဒဏ်ရာရရှိသွားသည်ဟု ကျောက်ဖြူမြို့နယ် နာရေးကူညီမှုအသင်းထံမှ သိရသည်။

By ဝင်းညွန့် 20 Jan 2020

(ဓာတ်ပုံ - Phoe Maung)

ဝင်းညွန့် | DMG
ဇန်နဝါရီ ၂၀၊ စစ်တွေ

ရန်ကုန်-ကျောက်ဖြူ ခရီးသည်တင်ကားတစ်စီး ယနေ့ ဇန်နဝါရီလ ၂၀ ရက်နေ့၊ နံနက် (၅)နာရီကျော်က ရမ်းဗြဲမြို့နယ်၊ ကုလားပုန်းကျေးရွာအနီးတွင် တိမ်းမှောက်မှုဖြစ်ပွားခဲ့သောကြောင့် လူ(၄)ဦးသေဆုံးကာ (၆)ဦးဒဏ်ရာရရှိသွားသည်ဟု ကျောက်ဖြူမြို့နယ် နာရေးကူညီမှုအသင်းထံမှ သိရသည်။

အဆိုပါခရီးသည်တင်ကားမှာ မျိုးဆက်သစ်အမည်ရှိ ကားဖြစ်ဖြစ်ပြီး ရန်ကုန်မှ ကျောက်ဖြူမြို့သို့လာစဉ် ကုလားပုန်းရွာအနီး လမ်းကွေ့တစ်နေရာတွင် တိမ်းမှောက်သွားခြင်းဖြစ်သည်။

“အလောင်းတွေကို ဘယ်ကိုယူသွားမယ်ဆိုတာတော့ မသိရသေးဘူး။ ဒဏ်ရာရထားတဲ့ သူတွေကိုတော့ စနဲမြို့ ဆေးရုံမှာပို့ထားတယ်။ စိုးရိမ်စရာတော့ မရှိပါဘူး” ဟု ကျောက်ဖြူနာရေးကူညီမူအသင်း ဥက္ကဋ္ဌ ကိုဂျပန်ကြီး ကပြောသည်။

ယင်းကားတွင် ခရီးသည်စုစုပေါင်း (၂၃)ဦးတင်ဆောင်လာခြင်းဖြစ်ကာ ကားတိမ်းမှောက်ရသည့် အကြောင်းအရင်းကို မသိရှိရသေးဟု ကျောက်ဖြူမြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

ကားတိမ်းမှောက်မှုနှင့်ပတ်သက်ပြီး ကားဒရိုင်ဘာနှင့်ကားဂိတ်မှူးတို့ကို ကျောက်ဖြူမြို့မရဲစခန်းက ခေါ်ယူသွားသည်ဟု သိရသည်။ ယင်းကိစ္စနှင့်ပတ်သက်ပြီး စခန်းမှူးကို ဆက်သွယ်ခဲ့ရာ ခရီးလွန်နေသောကြောင့် ဖြေကြားခြင်းမရှိပေ။

ဗီဒီယိုများ