သက္ကမနေအိမ်များ မီးရှို့ခံရမှုနှင့် သေဆုံးသူများအတွက် မောင်တောတွင် ဆန္ဒထုတ်ဖော်မည်

ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းတောင်တန်းဒေသ ရင်ဂါမတီခရိုင် လောင်းဂူဒူကျေးရွာတွင် သက္ကမအမျိုးသမီးများ သေဆုံးမှုနှင့် နေအိမ်အမြောက်အများ မီးရှို့ခံခဲ့ရမှုနှင့်ပတ်သက်ပြီး မောင်တောမြို့တွင် ဆန္ဒဖော်ထုတ်ပွဲတစ်ခု ပြုလုပ်သွားမည်ဟု ဒေသခံ အရပ်ဘက်အဖွဲ့အစည်းများ စုစည်းကာ ယနေ့ဆုံးဖြတ်ခဲ့ကြသည်။

10 Jun 2017

(မောင်တောမြို့ရှိ အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ ယနေ့ နေ့လည် ၂ နာရီအချိန်က မြို့မဘုန်းတော်ကြီးကျေးရှိ လောကမာရဇိန်သိတော်၌ အစည်းအဝေးပြုလုပ်ခဲ့ကြသည်။ ဓါတ်ပုံ - ချလူးအောင်/DMG)

ဇွန်လ ၁၀ ရက်၊ ၂၀၁၇ ခုနှစ်၊ မောင်တော (DMG)  ။    ။  ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းတောင်တန်းဒေသ ရင်ဂါမတီခရိုင် လောင်းဂူဒူကျေးရွာတွင် သက္ကမအမျိုးသမီးများ သေဆုံးမှုနှင့် နေအိမ်အမြောက်အများ မီးရှို့ခံခဲ့ရမှုနှင့်ပတ်သက်ပြီး မောင်တောမြို့တွင် ဆန္ဒဖော်ထုတ်ပွဲတစ်ခု ပြုလုပ်သွားမည်ဟု ဒေသခံ အရပ်ဘက်အဖွဲ့အစည်းများ စုစည်းကာ ယနေ့ဆုံးဖြတ်ခဲ့ကြသည်။

မောင်တောမြို့ရှိ အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ ယနေ့ နေ့လည် ၂ နာရီအချိန်က မြို့မဘုန်းတော်ကြီးကျေးရှိ လောကမာရဇိန်သိတော်၌ အစည်းအဝေးပြုလုပ်ကာ ဆုံးဖြတ်ခဲ့ကြပြီး မည်သည့်ရက်တွင် ဆန္ဒဖော်ထုတ်သွားမည်ကို အသေးစိတ် မဆွေးနွေးရသေးကြောင်း မောင်တောမြို့နယ် ပြည်နယ်လွှတ်တော်အမတ် ဦးမောင်အုန်းက ပြောသည်။

“ ကျွန်တော်တို့ ရခိုင်လူမျိုးတွေရဲ့ မျိုးနွယ်စုဖြစ်သလို့ တစ်ဖက်နိုင်ငံမှာ လူနည်းစုအဖြစ်နေထိုင်ကြသူတွေ လည်းဖြစ်တယ်။ ဒါ့ကြောင့် ဘင်္ဂလားဒေ့ချ် အစိုးရကို ဒီကိစ္စနဲ့ပတ်သတ်ပြီး တရားဥပဒေ စိုးမိုးစွာ ကိုင်တွယ်ပြီး အစွန်းရောက်အကြမ်းဖက်သမားတွေကို တရားဥပဒေနဲ့အညီ အမှုမှန်ဖော်ထုတ် အရေးယူဆောင်ရွက် ပေးဖို့လိုအပ်ပါတယ်။ ” ဟု ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၂ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းတောင်တန်းဒေသ ရင်ဂါမတီခရိုင် လောင်းဂူးဒူကျေးရွာတွင် အကြမ်းဖက်ဘင်္ဂလီများ၏ တိုက်ခိုက်မှုကြောင့် သက္ကမနေအိမ် ၃၀ဝ ရာကျော်နှင့် ဆိုင်ခန်းပေါင်း ၂၀၀ ကျော် မီးရှိုးခံခဲ့ရပြီး အမျိုးသမီး ၅ ဦး င်္ယျေား ၁ ဦး သေဆုံးသွားခဲ့ရသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး ရခိုင်လူမှုအဖွဲ့များ ၁၀ ကျော်ကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ အစိုးရအနေဖြင့် တရားဥပဒေအရ ပြစ်မှုကျူးလွန်သူများကို ထိရောက်စွာအရေးယူဆောင်ရွက်ပေးဖို့ တိုက်တွန်းထားသည့် ထုတ်ပြန်ချက်များ ထုတ်ပြန်ခဲ့ကြသည်။

ဗီဒီယိုများ