သံတွဲမီးလောင်မှု လူတစ်ဦးသေ

သံတွဲမြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ အံတော်တောင်ရင်းကုန်းလမ်း၌ ယနေ့(ဇန်နဝါရီလ ၁၇ ရက်)၊ နံနက်ပိုင်းက ဆိုင်ခန်းဟောင်းတစ်ခု မီးလောင်ရာ လူတစ်ဦး သေဆုံးသွားသည်ဟု ပြည်နယ်မီးသတ်ဦးစီးမှူးရုံးက ထုတ်ပြန်ထားသည်။

17 Jan 2019

ခိုင်မင်း(ကျောက်ဖြူ) / DMG

ဇန်နဝါရီလ ၁၇၊ သံတွဲ

သံတွဲမြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ အံတော်တောင်ရင်းကုန်းလမ်း၌ ယနေ့(ဇန်နဝါရီလ ၁၇ ရက်)၊ နံနက်ပိုင်းက ဆိုင်ခန်းဟောင်းတစ်ခု မီးလောင်ရာ လူတစ်ဦး သေဆုံးသွားသည်ဟု ပြည်နယ်မီးသတ်ဦးစီးမှူးရုံးက ထုတ်ပြန်ထားသည်။

အဆိုပါ ဆိုင်ခန်းဟောင်းရှိ လျှပ်စစ်ဒါးမိန်းခုံ အပူလွန်ကဲရာမှတစ်ဆင့် မီးကူးစက်လောင်ကျွမ်းခြင်းဟု ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

မီးလောင်မှုကြောင့် ဈေးဆိုင်ခန်း(၁)ခန်း မီးလောင်ဆုံးရှုံးခဲ့ပြီး ဆိုင်စောင့်ဖြစ်သူ ဦးကျော်ဇေယျမှာ မီးလောင်သေဆုံးသွားသည်ဟု ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါမီးလောင်မှုနှင့် ပတ်သက်ပြီး အသေးစိတ်သိရှိရန်အတွက် သံတွဲမြို့နယ် မီးသတ်ဦးစီးဌာနသို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း မီးလောင်မှုဖြစ်စဉ် မှန်ကန်သော်လည်း အသေးစိတ်ပြောပြရန် ဦးစီးမှူးမရှိသည့်အတွက် ဖြေဆိုနိုင်ခြင်းမရှိဟု ဆိုသည်။

Photo - Rakhine Fire Force

 

ဗီဒီယိုများ