ဒေါက်တာအေးမောင်နှင့်ဝေဟင်အောင်တို့ကို နှစ်ရှည်ထောင်ဒဏ်ချမှတ်မှု နိုင်ငံရေးပါတီများဝေဖန်

  “အခုလို ဒီမိုကရေစီနဲ့ တက်လာတဲ့အစိုးရလက်ထက်မှာ အခုလိုဟောပြောလို့ ဖမ်းဆီးတာကတော့ မဖြစ်သင့်လို့ မြင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီခေတ်မှာတော့ လွတ်လပ်စွာဟောပြောခွင့် ရှိရမယ်လို့ မြင်တယ်။ ဒီဟာက နဂို မြန်မာနိုင်ငံမှာ နှစ်ပေါင်းများစွာ အရိုးစွဲလာတဲ့ အုပ်ချုပ်ရေးစနစ်ဟာ အခုအချိန်ထိ ဒေါက်တာအေးမောင်တို့ကို ပြစ်ဒဏ်ပေး တရားစွဲတဲ့ ကိစ္စမှာ ပြောင်းလဲမှုမရှိဘဲ အရင်အတိုင်းရှိနေသေးတယ်လို့ မြင်ပါတယ်”

20 Mar 2019

ခိုင်ရိုးလ | DMG

မတ်လ ၂၀၊စစ်တွေ

ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့ကို ယမန်နေ့(မတ်လ ၉ ရက်)နေ့က စစ်တွေ ခရိုင် တရားရုံးက ထောင်ဒဏ် နှစ်(၂၀)ချမှတ်လိုက်သောကြောင် းရခိုင်နိုင်ငံရေးပါတီများက ဝေဖန်ကြသည်။

၎င်းတို့ကို  နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)အတွက် ထောင်ဒဏ် ၂ စီနှင့် နိုင်ငံတော်ပုန်ကန်မှု ပုဒ် မ ၁၂၂ အတွက် ထောင်ဒဏ် ၂၀ နှစ်စီ၊ တစ်ပေါင်းတည်း ကျခံစေရန် စုစုပေါင်း ထောင်ဒဏ် ၂၀ နှစ် ချမှတ် လိုက်ခြင်းဖြစ်သည်။

“ နိုင်ငံတော်မှာလည်း လွတ်လပ်စွာပြောဆိုပိုင်ခွင့် အခြေခံဥပဒေမှာ ရှိပါလျှက် မိမိကိုယ်တိုင်က ကိုယ်ထိလက်ရောက်ကျူးလွန်မှုမရှိဘဲ။ နိုင်ငံတော်ကို ပုန်ကန်ဖို့အတွက် တစ်စုံတစ်ခုလုပ်ဆောင်မှု မရှိပဲ ပါးစပ်အပြောနဲ့ မိမိ၏ စိတ်ဆန္ဒတစ်ခုကို ကြီးလေးတဲ့ထောင်ဒဏ်ချမှတ်လိုက်ခြင်းမှာ မြန်မာနိုင်ငံရဲ့ တရားဥပဒေစိုးမိုးရေးမှာ အလွန်တရာ ဖိအားများလွန်းတယ်။ တရားစီရင်မှုမှာ အဖြစ်မှန်နဲ့ ကင်းကွာနေတာကို သက်သေပြလိုက်တာဖြစ်တယ် ” ဟု ရခိုင်အမျိုးသားပါတီ(ANP)၏ အထွေထွေ အတွင်းရေးမှူး ဦးထွန်း အောင်ကျော်က ပြောသည်။

ယင်းအပြင် ဒီမိုကရေစီအစိုးရလက်ထက်တွင် လွတ်လပ်စွာဟောပြောခွင့်ရှိရမည်ဖြစ်ပြီး ယခုကဲ့သို့ ဟောပြော၍ ဖမ်းဆီးခြင်းမှာ မဖြစ်သင့်ဟု ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD)ပါတီ၏ အတွင်းရေးမှူး ဦးမျိုးကျော်က ဆိုသည်။

 “ အခုလို ဒီမိုကရေစီနဲ့ တက်လာတဲ့အစိုးရလက်ထက်မှာ အခုလိုဟောပြောလို့ ဖမ်းဆီးတာကတော့ မဖြစ်သင့်လို့ မြင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီခေတ်မှာတော့ လွတ်လပ်စွာဟောပြောခွင့် ရှိရမယ်လို့ မြင်တယ်။ ဒီဟာက နဂို မြန်မာနိုင်ငံမှာ နှစ်ပေါင်းများစွာ အရိုးစွဲလာတဲ့ အုပ်ချုပ်ရေးစနစ်ဟာ အခုအချိန်ထိ ဒေါက်တာအေးမောင်တို့ကို ပြစ်ဒဏ်ပေး တရားစွဲတဲ့ ကိစ္စမှာ ပြောင်းလဲမှုမရှိဘဲ အရင်အတိုင်းရှိနေသေးတယ်လို့ မြင်ပါတယ်  ” ဟု ၎င်းက  ပြောသည်။

ယခုကဲ့သို့ ဒေါက်တာအေးမောင် နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံလိုက်ရခြင်းနှင့်ပတ်သက်ပြီး ပြည်နယ်တရားရုံးသို့ အယူခံဝင်မည်ဖြစ်သည်။သို့သော် ဝေဟင်အောင်အတွက်မူ အယူခံ ဝင်မည်၊မဝင်မည်ကို မသိရှိရသေးပေ။

 

 

ဗီဒီယိုများ