မောင်တော တောင်ပိုင်းမှာ လူသေလောင်း ၂ လောင်းတွေ့

မောင်တောမြို့နယ် တောင်ပိုင်းဒေသဖြစ်သည့် သဝင်ချောင်းကျေးရွာ၏ အရှေ့ဘက်ခြမ်း တောင်အနီးရှိ ချောင်းနံဘေးတွင် ဘင်္ဂလီ ၂ ဦးသေဆုံးနေသည်ကို တွေ့ရှိရကြောင်း ၃၇၉ တပ်ရင်းမှ သိရသည်။

ယနေ့ (မေလ ၅ ရက်) နံနက် ၇ နာရီ ၃၅ မိနစ်က သတင်းရရှိသဖြင့် ၃၇၉ တပ်ရင်းမှ တပ်ရင်းမှူးကြီး

05 May 2017

ဦးဆောင်ကာ အဆိုပါအလောင်းအား သယ်ယူရန်နှင့် စစ်ဆေးရန် သွားရောက်ခဲ့သည်။

သဝင်ချောင်းကျေးရွာကြီးမှ (ဘ) မာမတ်ရော်မီး၏သား အသက် ၁၈ နှစ်ရှိသည့် အာရော်အူလ္လာဖြစ်ပြီး လည်ပင်းတုံးလုံးပြတ်ဒဏ်ရာ (ဓါးဒဏ်ရာ)ဖြင့် သေဆုံးနေကြောင်း၊ မောင်တောမြို့ ရေစပ်ချောင်းခွဆုံ၊ မြို့မကညင်တန်းမှ (ဘ) မာမတ်တူမောင်း၏ သား အသက် ၂၉ နှစ်ရှိသည့် မာမတ်အာလောင်းဖြစ်ပြီး ဦးခေါင်းတွင် သေနတ်ဒဏ်ရာဖြင့် သေဆုံးနေကြောင်း ၃၇၉ တပ်ရင်းမှ အတည်ပြုသည်။

အဆိုပါ အလောင်းတို့ကို မောင်တောမြို့သို့ သယ်ခဲ့ပြီဖြစ်ကြောင်း၊ သေဆုံးရသည့် အကြောင်းအရင်းကို သေချာမသိပေးကြောင်းဆိုသည်။

 

ဗီဒီယိုများ