အပစ်ရပ်စဲထားသော်လည်း အချိန်မရွေး တိုက်ပွဲပြန်ဖြစ်လာနိုင်ကြောင်း AA ပြော

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ လတ်တလော အပစ်အခတ်ရပ်စဲထားသော်လည်း စာချုပ်များနှင့် တရားဝင်လက်မှတ်ထိုးထားခြင်း မဟုတ်သည့်အတွက် အချိန်မရွေး စစ်ပွဲပြန်ဖြစ်ပွားလာနိုင်ကြောင်း ULA/ AA ၏ ယနေ့(နိုဝင်ဘာလ ၂၈ ရက်)တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခကပြောသည်။

By Admin 28 Nov 2022

အပစ်ရပ်စဲထားသော်လည်း အချိန်မရွေး တိုက်ပွဲပြန်ဖြစ်လာနိုင်ကြောင်း AA ပြော

DMG | နိုဝင်ဘာ ၂၈

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ လတ်တလော အပစ်အခတ်ရပ်စဲထားသော်လည်း စာချုပ်များနှင့် တရားဝင်လက်မှတ်ထိုးထားခြင်း မဟုတ်သည့်အတွက် အချိန်မရွေး စစ်ပွဲပြန်ဖြစ်ပွားလာနိုင်ကြောင်း ULA/ AA ၏ ယနေ့(နိုဝင်ဘာလ ၂၈ ရက်)တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခကပြောသည်။

“ရှေ့လာမယ့် အခြေအနေပေါ်မှာပဲ မူတည်ပါလိမ့်မယ်။ ကျနော်တို့က စာရွက်စာတမ်းနဲ့ လက်မှတ်ထိုး ထားတာလဲ မဟုတ်ပါဘူး။ ပြီးတော့ အလွတ်သဘော ဒီလိုသဘောတူညီထားတာပဲ ဖြစ်တဲ့အတွက် တစ်ဖက်နဲ့ တစ်ဖက်က တစ်ခုခု လုပ်လာလို့ရှိရင်တော့ အချိန်မရွေးပြန်ဖြစ်နိုင်ပါတယ်”ဟု ဦးခိုင်သုကပြောသည်။

ထို့အပြင် တိုက်ပွဲရပ်စဲထားသည့် ကာလအတွင်း နှစ်ဦးနှစ်ဖက် လုပ်ဆောင်ရမည့်မူဝါဒများ ချမှတ်ထားခြင်း မရှိသေးသလို အလွတ်သဘောချမှတ်ထားသည့် ကတိကဝတ်အပေါ် ဆက်လက်စောင့်ကြည့်ရဦးမည်ဖြစ်ကြောင်း ဦးခိုင်သုခက ပြောသည်။

“ရှေ့ကို ဘာလုပ်မှာလဲ ဘာဖြစ်မှာလဲ ဆိုတာကိုတော့ ကြိုပြီး ပြောလို့ မရပါဘူး။ ကျနော်တို့လည်း ဆက်ပြီးတော့ စောင့်ကြည့် နေပါမယ်။ ပြည်သူတွေလည်း ဆက်ပြီးစောင့်ကြည့်နေမယ်ဆိုတာကို ကျနော်တို့အနေနဲ့ နားလည်ပါတယ်။ ဒါကြောင့်မို့ တစ်ဖက်နဲ့တစ်ဖက် ဘာဖြစ်လာမယ်ဆိုတာကတော့ခါ နှစ်ဖက်လုံးရဲ့ လုပ်ဆောင်မှုနဲ့ ကတိကဝတ်တွေ တည်မှု၊မတည်မှုအပေါ်မှာပဲ အများကြီးမူတည်ပါလိမ့်မယ်”ဟု ဦးခိုင်သုခက ပြောသည်။

ထိုသို့ အပစ်အခတ်ရပ်စဲရခြင်းမှာ လက်ရှိ ဖြစ်ပေါ်နေသည့် အကျပ်အတည်းများကို သက်သာမှုရစေဖို့ အတွက် ပြည်သူ့အကျိုးကို ရှေးရှုပြီး ဂျပန်နိုင်ငံ၊ နီပွန်းဖောင်ဒေးရှင်း ဥက္ကဌ မစ္စတာ ဆာဆာကာဝါ၏ ကြားဝင်စေ့စပ်မှုကြောင့်ဖြစ်သည်ဟုလည်း ဦးခိုင်သုခက ပြောသည်။

“ကျနော်တို့ ဒီကိစ္စကို ပြည်သူလူထုတွေရဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ အကျပ်အတည်းတွေကို သက်သာခွင့်ရစေဖို့အတွက် ပြည်သူ့အကျိုးရှေ့ရှုပြီးတော့ အဲဒီကိစ္စဆောင်ရွက်တာဖြစ်ပါတယ်။ ဒီဟာမှာတော့ ကြားခံ ပုဂ္ဂိုလ်တစ်ချို့က ဝင်ရောက်ပြီးတော့ ကြိုးစားလုပ်ဆောင်ပေးတာတော့ ရှိပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် နိပွန်ဖောင်ဒေးရှင်းဥက္ကဌ မစ္စတာဆာဆာကာဝါရဲ့ ကြားဝင်စေ့စပ်မှုနဲ့ ကျနော်တို့ ဒီကိစ္စဖြစ်ပေါ်လာတယ်လို့ ပြောလို့ရပါတယ်”ဟု ၄င်းကဆိုသည်။

ထိုသို့ရပ်စဲရခြင်းမှာ ရခိုင်ပြည်မှာ ရာသီဥတုဖျက်ဆီးမှု၊ မြေသြဇာစျေးကြီးမှု၊ လောင်စာဆီစျေးကြီးမှုများကြောင့် စပါးစိုက်ဧက ၃၀ ရာခိုင်နှုန်းလောက် လျှော့သွားကြောင်း၊ ထို့ပြင် မြန်မာစစ်တပ်မှ လက်နက်ကြီး၊လက်နက်ငယ် ပစ်ခတ်မှုကြောင့် စပါးရိတ်သိမ်းခြင်းများမပြုလုပ်နိုင်သဖြင့် “ပြည်သူတွေဟာ ကြီးမားတဲ့အခက်အခဲတွေနဲ့ ဆိုးဆိုးဝါးဝါး ရင်ဆိုင်ကြုံတွေ့နေကြရပါတယ်”ဟု ဦးခိုင်သုခကပြောသည်။

အလားတူ မြန်မာစစ်တပ်သည် ရခိုင်နှင့် ပလက်ဝဒေသအတွင်း ပြည်သူလူထု၏ အခြေခံလို အပ်ချက်ဖြစ်သည့် စားသောက်ကုန်၊ ဆေးဝါးများအပါအဝင် လူ့အသုံးဆောင်ပစ္စည်းများကို တစ်နေရာမှ တစ်နေရာသို့ သယ်ယူ၍မရအောင် ကုန်းကြောင်း၊ ရေကြောင်း ပိတ်ဆို့ထားသဖြင့် ပြည်သူများ ထိခိုက်နစ်နာမှုများရှိနေ ကြောင်း ၄င်းကဆက်လက်ပြောသည်။ ထို့ကြောင့် ရခိုင်ပြည်သူလူထု ရင်ဆိုင်နေရသည့် အခက်အခဲများကို ဖြေရှင်းနိုင်ရန်အတွက် ရည်ရွယ်ပြီး အပစ်အခတ်ရပ်စဲလိုက်ခြင်းဖြစ်သည်ဟု ဦးခိုင်သုခက ပြောသည်။

ဗီဒီယိုများ