ဦးးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကို အဂတိအမှုဖြင့် ထောင်ဒဏ် ၇ နှစ်ချမှတ်

နိုင်ငံတော် သမ္မတဟောင်း ဉီးဝင်းမြင့်နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်တို့ကို အဂတိလိုက်စားမှုပုဒ်မဖြင့် ယနေ့ (ဒီဇင်ဘာ ၃၀) တွင် နေပြည်တော်ထောင်တွင်း တရားရုံးမှ ထောင်ဒဏ် ၇ နှစ်ချမှတ်ခဲ့ကြောင်း တရားရုံးနှင့် နီးစပ်သူများထံက သိရသည်။

By Admin 30 Dec 2022

ဦးးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကို အဂတိအမှုဖြင့် ထောင်ဒဏ် ၇ နှစ်ချမှတ်

DMG | ဒီဇင်ဘာ ၃၀

နိုင်ငံတော် သမ္မတဟောင်း ဉီးဝင်းမြင့်နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်တို့ကို အဂတိလိုက်စားမှုပုဒ်မဖြင့် ယနေ့ (ဒီဇင်ဘာ ၃၀) တွင် နေပြည်တော်ထောင်တွင်း တရားရုံးမှ ထောင်ဒဏ် ၇ နှစ်ချမှတ်ခဲ့ကြောင်း တရားရုံးနှင့် နီးစပ်သူများထံက သိရသည်။

၄င်းတို့ နှစ်ဉီးကို ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်က ရဟတ်ယာဉ်ဌားရမ်းခြင်းနှင့် ဝယ်ယူခြင်းဖြင့် ပတ်သက်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ (၅၅ ) အမှုငါးမှုဖြင့် တရားစွဲခဲ့ပြီးနောက် အမှု (၄) မှုအတွက် ထောင်ဒဏ် ( ၃ ) နှစ်၊ ကျန်တစ်မှုအတွက် ထောင်ဒဏ်( ၄ )နှစ် စုစုပေါင်း ထောင်ဒဏ် (၇) နှစ်ကို ယနေ့တွင် ထပ်မံချမှတ်ခဲ့ခြင်းဖြစ်ကြောင်း တရားရုံးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“ ထောင်ဒဏ် ၇ နှစ် ချမှတ်လိုက်တာ မှန်ပါတယ်။ အဂတိအမှုငါးခုမှာ လေးမှုကို ထောင် ၃ နှစ် စုပေါင်းချတယ်။ နောက်ဆုံးတစ်မှုကိုတော့ ၄ နှစ်ချလိုက်တယ်။ အန်တီစုနဲ့အတူ သမ္မတဦးဝင်းမြင့်ကိုပါ ပူးတွဲအမိန့်ချလိုက်တာ ” ဟု တရားရုံးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ယင်းအပြင် အဆိုပါ အမှုများအတွက် အယူခံဝင်ရန် ဆောင်ရွက်နေကြောင်းလည်း ရှေ့နေအသိုင်းအဝိုင်းထံက သိရသည်။

စစ်ကောင်စီကအာဏာသိမ်းယူပြီးနောက် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် မေလမှစ၍ ဒေါ်အောင်ဆန်းစုကြည်ကို အမှုပေါင်း ၁၉ မှုဖြင့် တရားစွဲဆိုခဲ့သည်။

ယင်းသို့ တရားစွဲဆိုခဲ့စဥ် ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလအထိ ဒေါ်အောင်ဆန်းစုကြည်ကို အမှုပေါင်း ၁၄ မှုဖြင့် ထောင်ဒဏ် (၂၆ )နှစ်အထိ ချမှတ်ထားပြီး ယနေ့တွင် အဂတိအမှု (၅) မှုဖြင့် ထောင်ဒဏ် (၇ ) နှစ် အမိန့် ချလိုက်သဖြင့် စုစုပေါင်း ထောင်ဒဏ်( ၃၃) နှစ်အထိရှိပြီဖြစ်သည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ အဂတိအမှုဖြင့် အမိန့်ထပ်မံချမှတ်ခံရသည့် သမ္မတဟောင်း ဦးဝင်းမြင့်မှာလည်း ထောင်ဒဏ် ၁၂ နှစ်အထိ အပြီးသတ်ချမှတ်ခံထားရကြောင်း သိရသည်။

ယင်းအပြင် နေပြည်တော်အချုပ်ထောင်၌လက်ရှိ ထိန်းသိမ်းခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်ကို နေရာ ပြောင်းရွှေ့ရန်ရှိသည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း မည်သည့်နေရာသို့ ပြောင်းရွှေ့မည်ကို လတ်တလော မသိရသေးပေ။

ဗီဒီယိုများ