ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကြည်လင်းနှင့် တွေ့ဆုံမေးမြန်းခြင်း

         အခုတော့ ကျွန်တော်တို့က ရဲလုပ်ငန်းထက် လုံခြုံရေးပိုင်းကို အဓိကထားလုပ်ရတဲ့ နေရာဖြစ်တဲ့အတွက် ရဲလုပ်ငန်းတွေ အားနည်းသွားတယ်။ တချို့နေရာတွေမှာ အခုဆိုရင် ညဘက်အမှုလာတိုင်ရင်တောင် ကျွန်တော်တို့ သွားဖို့ဆိုတာ တော်တော်စဉ်းစားရမယ်။

21 Mar 2019

မတ်လ ၉ ရက်နေ့က ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုပ်ကျေးရွာရှိ ရဲကင်းစခန်းကို ရက္ခိုင့်တပ်မတော် (AA) က ဝင်ရောက်တိုက်ခဲ့သည်။ ယင်းတိုက်ခိုက်ခဲ့မှုကြောင့် ရဲတပ်ဖွဲ့ဝင်များ ကျဆုံးမှုများ ရှိခဲ့သည်။ ထို့ကြောင့် မြို့နယ်အချို့က ရဲကင်းစခန်းများကို ရုတ်သိမ်းလိုက်ပြီး တခြားရဲစခန်းများနှင့် ပူးပေါင်းလိုက်သည့် အခြေအနေ၊ ရဲတပ်ဖွဲ့ဝင်များကို ရက္ခိုင့်တပ်မတော် (AA) က သတိပေးထားမှုနှင့် ပတ်သက်ပြီး       ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကြည်လင်းကို  DMG သတင်းထောက် ခိုင်ရိုးလက သွားရောက် မေးမြန်းထားသည်။      

 မေး ။  ။ ယိုးတရုပ်ရဲကင်းစခန်း တိုက်ခိုက်ခံရမှုအ ပေါ် ဘယ်လိုသုံးသပ်ပါလဲ

          လောလောဆယ်တော့ သုံးသပ်လို့  မရ သေးပါဘူး။ တရားဥပဒေစိုးမိုးရေးလုပ်တဲ့ ရဲဆို တာ စစ်တိုက်နေတဲ့ ရဲမဟုတ်ဘူး။ ဒါကို အလွယ် တကူနဲ့ ပစ်ခတ်နိုင်တဲ့ အနေထားဖြစ်ပါတယ်။ ဒါကတော့ ဒီဟာကိုလာပြီးတော့ ခုနကလို လူ အင်အားနဲ့ လုပ်သွားတယ်ဆိုတဲ့အတွက် တရား ဥပဒေ စိုးမိုးရေးဆိုတာကို မရှိစေချင်တာလည်း ဖြစ် ကောင်းဖြစ်မယ်။ သို့မဟုတ် ဒီလမ်းကြောင်းကြီး ပေါ်မှာ လုံခြုံရေးဆောင်ရွက်တဲ့ ရဲတွေ မရှိစေချင် တာလည်း ဖြစ်ကောင်းဖြစ်မယ်။ ဒါတော့ သူတို့ စိတ်ထဲမှာပေါ့။ ကျွန်တော်တို့ကတော့ လောလော ဆယ်မှာ သုံးသပ်နေရုံပဲရှိတယ်။ ဘာမှတော့ မပြော လိုဘူး။

မေး ။  ။ ကျဆုံးသွားတဲ့ ရဲမိသားစုအပေါ်မှာ ဘယ်လို ကူညီပံ့ပိုးမှုတွေရှိခဲ့ပါလဲ။

          အဲဒါက ကျွန်တော်တို့ဌာန လုပ်ထုံးလုပ် နည်းအတိုင်း အပြည့်အ၀ တာဝန်ယူတဲ့ အပိုင်းကို လုပ်ပေးရတာပေါ့။ ကျွန်တော်တို့ ရဲမိသားစုဝင် ဖြစ်တဲ့အတွက်  မိသားစုရော၊ မိသားစုထဲမှာရှိတဲ့ သားသမီးတွေအတွက်ရော အားလုံး စောင့်ရှောက် ရမယ့် တာဝန် ရဲတပ်ဖွဲ့မှာ ရှိပါတယ်။ ဒါကိုလည်း ကျွန်တော်တို့ ဆက်ပြီးလုပ်သွားမှာပါ။ ကျွန်တော် တို့ ရှိနေသရွေ့၊ ရဲတပ်ဖွဲ့ရှိနေသရွေ့၊ ဒီမိသားစု ဝင်တွေက အခက်ခဲကို လာရောက်တင်ပြတဲ့ အ ချိန်မှာ ကျွန်တော်တို့က လိုအပ်ချက်အပေါ် မူ တည်ပြီး သူတို့လာရောက်တောင်းခံတဲ့ဟာတွေကို လုပ်ပေးနေမှာပါ။

          လောလောဆယ်မှာတော့ ငွေရေး၊ ကြေး ရေးပိုင်း ထောက်ပံ့ပေးတာတွေရှိပါတယ်။ ဌာန ချုပ်က ထောက်ပံ့တာတွေ၊ ရဲတပ်ဖွဲ့က ထောက်ပံ့ တာတွေရှိတယ်။ ကျွန်တော်တို့ဆီက ထောက်ပံ့ တာတွေရှိပါတယ်။ ဒါတွေဟာ သူတို့ရဲ့ ဆုံးရှုံးသွား တဲ့ အနေထားနဲ့ကြည့်ရင် မပြောပြလောက်ပါဘူး။ ဘယ်လောက်ကြီးပဲ ထောက်ပံ့ထောက်ပံ့၊ ကျန် ရစ်တဲ့ သားသမီးတွေအတွက်ဆိုရင် သူတို့ရဲ့မှီခို ရာ ဇနီးအတွက်ဆို သူ့ရဲ့ ရွှေတောင်ကြီးပါပဲ။

          အဲဒီဟာတွေနဲ့ ကြည့်မယ်ဆိုရင် သန်းရာ ချီ ထောက်ပံ့နေရင်လည်း ဒါကြီးက ဘာမှမပြော ပြလောက်ပါဘူး။ ကျွန်တော်တို့ ပြောချင်တာက ဒီဟာကို သားသမီးတွေရော၊ မိသားစုတွေအတွက် ရော သူတို့ရဲ့နောက်ကွယ်မှာ ရဲတပ်ဖွဲ့ရှိတယ် ဆို တာကို အချိန်မရွေး သူတို့သားသမီးတွေလည်း ကျွန်တော့်သားသမီးတွေပဲ။ ဒီမိသားစုတွေဟာ လည်း ကျွန်တော့် သားသမီးတွေပါပဲ။ ရခိုင်ပြည် မှာ ရှိတဲ့ ရဲတပ်ဖွဲ့ဝင်အားလုံးဟာ ကျွန်တော့်ရဲ့ သားသမီးတွေဖြစ်တဲ့အတွက် သူတို့လိုအပ်ချက် တွေအားလုံးကို တတ်နိုင်တဲ့ဘက်က ဖြည့်ဆည်း ပေးရမယ်။ ဒီလိုဖြစ်သွားတဲ့ဟာကိုလည်း ကျွန် တော်တို့က ဂုဏ်ယူပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လမ်းဘေးမှာ ကားတိုက်ပြီး အသက်ဆုံးပါးသွား တာ။ ဆေးချပြီး ဆုံးတာနဲ့စာရင်တော့ နိုင်ငံ့တာ ဝန်ကို ထမ်းဆောင်ပြီးတော့ သေဆုံးခြင်းဖြစ်တဲ့ အတွက် ကျွန်တော်တို့ ရဲတပ်ဖွဲ့က သူတို့ကို ဂုဏ် ယူပါတယ်။

မေး ။  ။ ရခိုင်ပြည်နယ်ထဲက မြို့နယ်တစ်ချို့မှာ ရဲကင်းစခန်းတွေကို ရုပ်သိမ်းလိုက်တယ်လို့ သိရ ပါတယ်။ အဲဒီအခြေနေလေးကို ရှင်းပြပေးပါ လား။

          ကျွန်တော်တို့ လမ်းပန်းဆက်သွယ်ရေး ဝေးကွာပြီးတော့ ဝေးကွာတယ်ဆိုတာက လမ်း ကြောင်းကြီးအပေါ် မဟုတ်ဘူးပေါ့။ အတွင်းထဲ မှာရှိတယ်။ ကျွန်တော်တို့ရဲ့ လုံခြုံရေးအပိုင်း၊ လတ်တလောမှာ ဖြစ်နေတဲ့ လုံခြုံရေးစိတ်မချရ တဲ့ နေရာတွေပေါ့။ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက် ကိုက တရားဥပဒေ စိုးမိုးရေးအတွက် လူဆိုးသူခိုး တွေကို ဖမ်းတယ်။ တရားစွဲဆိုပေးတယ်။  မှန် သည်မှားသည်ကတော့ တရားရုံးအဆုံးအဖြတ်။ ကျွန်တော်တို့က အဲဒီအပေါ်မှာ ဘက်လိုက်ခြင်း မရှိအောင် ....။

          အဲဒီတော့ လက်ရှိ ဒီယိုးတရုပ်မှာ ဖြစ် တဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ (ရဲတွေကို) လာရောက် တိုက်ခိုက်တယ်ဆိုတဲ့ အပေါ်မှာ ကျွန်တော်တို့ ပြည်သူတွေကို လုံခြုံမှုပေးထားတဲ့ဟာမှာ ပြည် သူကပါ ဒီဟာနဲ့ ပတ်သက်လို့ တချို့ဟာတွေမှာ တာဝန်ရှိလာတယ်။ ဒီလို ပြည်သူတွေ အသိပေး တာတွေ နည်းလာတယ်ပေါ့။ ကျွန်တော်တို့သည် လုံခြုံရေးပိုင်းဆိုင်ရာတွေမှာ ဂရုစိုက်ဖို့လိုလာပြီ။ ဒါကြောင့်မို့ တချို့နေရာ၊ ဝေးကွာတဲ့ နေရာတွေ မှာရှိတဲ့ စခန်းလေးတွေကို ယာယီအားဖြင့် ကျွန် တော်တို့က ထိန်းသိမ်းပြီးတော့ အင်အားတောင့် တင်းအောင် ပေါင်းစည်းရတာပေါ့။ ကျွန်တော်တို့ ရဲကင်းတွေမှာ တချို့ ၅ ယောက်ရှိတယ်။ တချို့ ၁၀ ယောက်ရှိတယ်။ အဲဒီလိုမျိုးဖြစ်နေတဲ့ အတွက် စုစုစည်းစည်းနဲ့ လုံခြုံရေးပေးနိုင်အောင် အခု ပြည်လည်စုစည်းတာပေါ့။

မေး ။  ။ ရဲကင်းစခန်းတွေက ခန့်မှန်းခြေအားဖြင့် ဘယ်မြို့နယ်တွေမှာ စုစည်းရတာလဲ။

          လောလောဆယ်ကတော့ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မြေပုံ၊ မင်းပြား အဲဒီ အထဲမှာရှိတဲ့ မြို့နယ်တွေက တချို့အတွင်းကျ တယ်ပေါ့။ ကျွန်တော်တို့နဲ့ ဝေးကွာတဲ့ ရဲကင်းစ ခန်းတွေပေါ့။ နယ်မြေရဲစခန်းတွေ မပါဘူး။ နယ် မြေရဲစခန်းကို ဒီအတိုင်းပဲလက်ရှိ။  နယ်မြေရဲစ ခန်းတွေကို အင်အားတိုးပစ်လိုက်တာ။

မေး ။  ။ ဘူးသီးတောင်နဲ့ ရသေ့တောင်မှာလည်း တချို့စခန်းတွေ အင်အား ပေါင်းစည်းလိုက်တယ်လို့ သိရတယ်။ အဲဒါက ဘယ်လိုရှိပါလဲ။

          ဖြစ်နိုင်ပါတယ်။ အရင်တုန်းက ရည်ရွယ် ချက်က ဒီကျွန်တော်တို့ နယ်မြေထဲမှာရှိတဲ့ ဘာသာ မတူတဲ့ အသိုင်းအဝိုင်းတွေက လာရောက်နှောင့် ယှက်တဲ့အခါမှာ ကာကွယ်ပေးဖို့ဆိုပြီးတော့ ထား တာ။ အခုဟာက အဲလိုမဟုတ်တော့ဘူး။ ဒီကာ  ကွယ်ပေးဖို့ဆိုပြီးတော့ ထားတဲ့အခါ ကာကွယ် ပေးစရာ မလိုတော့တဲ့ သဘောဖြစ်လာတယ်။ လတ်တလောအားဖြင့် ကျွန်တော်တို့က အင်အား စုစည်းပြီးမှ သင့်တော်မယ်ဆိုပြီးတော့ စုစည်းတဲ့ သဘော၊ သူတို့လည်းအဲလိုဖြစ်မှာပါ။ ယာယီအား ဖြင့် နယ်မြေခံရဲစခန်းတွေနဲ့ ရဲကင်းတွေ ပေါင်း လိုက်တာပေါ့။ ဒါပေါ့။ ကျွန်တော်တို့ လုံခြုံစိတ် ချမှုရှိတဲ့ အချိန်ကျရင်တော့ ပြန်ထားမယ်။

          ဘာဖြစ်လို့လဲဆိုတော့ ဒီဟာက ဆက်ရှင် ကျပြီးမှ ထားရတဲ့ ရဲကင်းရဲစခန်းတွေ။ သာမန် အားဖြင့် ဖွင့်ချင်တိုင်း ဖွင့်လို့မှမရတာ။ ရဲကင်းတစ် ခုဖွင့်မယ်ဆိုရင် ျနအငသည တောင်းရတာ ခွင့်ပြုချက် တောင်းပြီးတော့ အပေါ်ကနေခွင့်ပြုပြီးမှ ဖွင့်ရ တာ။ ရဲကင်းသေးသေးလေးတွေလည်း ဒီလိုပဲလေ။ ဒါကြောင့် ယာယီအားဖြင့် လုံခြုံရေးပိုင်းဆိုင်ရာ တည်ငြိမ်လာတဲ့အချိန်ကျရင် ရဲလုပ်ငန်းတွေပြန် ပြီး လုပ်လို့ရတဲ့ အချိန်ကျရင် ပြန်ထားပေးမှာပါ။

မေး ။  ။ အခုလို ရဲကင်းစခန်းတွေကို ရုပ်သိမ်း လိုက်တဲ့အခါမှာ ပြည်သူတွေရဲ့ တရားဥပဒေစိုး မိုးမှုနဲ့ မှုခင်းပိုင်းဆိုင်ရာ ကိစ္စရပ်တွေကို ဘယ်လို ထိန်းကွပ်ပေးသွားမှာလဲ။

          ဒါကတော့ ခင်ဗျားတို့ ခံစားရသလိုပေါ့။ ပြည်သူကလည်း သတင်းပေးနေမယ်။ ပြည်သူရဲ့ တာဝန်ကို ပြည်သူက ကျေပွန်မယ်ဆို ရင် ပြည်သူက လိုလိုလားလားရှိမယ် ဆိုရင်တော့ ဒီစခန်းတွေကို ခုနကလို မျိုး တိုက်ခိုက်ခံရမှု ရှိမှာမဟုတ်ဘူး လို့ ယူဆတယ်။ ကျွန်တော်တို့ကတော့ ယာ ယီပါပဲ။

မေး ။  ။ ဟိုတခါကလည်း ဒီလိုဖြစ်စဉ် ပုဏ္ဏားကျွန်းမြို့နယ် ပန်းနီလာနဲ့ ကြံ ခင်းကြား ကားလမ်းမှာ တစ်ခါဖြစ်ဖူး တယ်ဆိုတော့ လုံခြုံရေးအခြေနေပိုင်း က အားနည်းချက်တွေ ရှိလို့လား။ အ ခုလည်း ရွာထဲက စခန်းကိုတောင် လာ တိုက်တယ်ဆိုတော့ အဲဒီအပေါ်မှာ ဘယ်လိုပြောချင်ပါလဲ။

          အင်း။ အားနည်းချက်ရှိလား လို့ ပြောရရင်တော့ ဒေသခံတွေအား လုံး အသိပဲဖြစ်မယ်။ ဘယ်လို အခြေ နေဖြစ်နေလဲဆိုတာ။

မေ ။  ။ ဒါမျိုးတွေနောက်ထပ် မဖြစ် အောင် ရဲတပ်ဖွဲ့ဝင်တွေကို ခေတ်မီ လက်နက် တပ်ဆင်ပေးဖို့နဲ့ တခြားအ ထောက်ကူပစ္စည်းတွေ ပံ့ပိုးပေးဖို့ အစီ အစဉ်တွေရှိ ပါသလား။

          ရှိပါတယ်။ အစီစဉ်တွေရှိပါ တယ်။ အားလုံးကတော့ ကျွန်တော်တို့ အစီစဉ်ရှိတယ်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဆိုတာက  ရည်ရွယ်ချက်က တရားဥပဒေ စိုးမိုးရေးပဲ။ ကျွန်တော်တို့က သောင်း ကျန်းသူ အမြစ်ပြတ်ချေမှုန်းရေးဆိုတဲ့ ရည်ရွယ်ချက် မဟုတ်ဘူး။ ကျွန်တော် တို့က လူဆိုး၊ သူခိုး၊ ဓားပြတွေ၊ အဲလို မျိုးပြစ်မှုကျူးလွန်တဲ့ လူတွေကို ဖမ်းဖို့ အတွက်၊ လူထုကို ကာကွယ်ဖို့ ရည်ရွယ် ဖွဲ့စည်းထားတာ။ ပြည်သူတွေကို ကာ ကွယ်ဖို့။ အဲဒီအတွက် ကျွန်တော်တို့ ဒီဟာနဲ့ ညီမျှတဲ့ လက်နက်၊ အဲဒီဟာနဲ့ အသုံးပြုနိုင်တဲ့ လက်နက်တွေ ဒါတွေ ကိုတော့ တပ်ဆင်အသုံးပြုမှာပေါ့။

          ကျွန်တော်တို့က သောင်းကျန်း သူတိုက်ခိုက်ဖို့လိုဟာမျိုး၊ လက်နက် ကြီးသွားယူပြီးတော့ အခုချိန်မှာ လောင်ချာကြီးတပ်ပြီးတော့ လောင်ချာလိုက်ပစ်ဖို့ သင့်တော်ပါ့မလား။ ကျွန်တော် တို့ ရည်ရွယ်ချက်က ကွာတယ်လေ။ ဒါကြောင့်မို့ ကျနော်တို့က ခေတ်မီ လက်နက်ဆိုရာမှာ ကျွန်တော်တို့နဲ့ သင့် တော်တဲ့ ခေတ်မီလက်နက်ကိုပဲ တပ် ဆင်သွားပါမယ်။ ရည်ရွယ်ချက် အလိုက် ပဲ သင့်တော်တဲ့ လက်နက်တွေ တပ် ဆင်ဖို့ ဆောင်ရွက်ထားတယ်။ လော လောဆယ်မှာတော့ ဒီအခြေနေတိုင်း ပဲပေါ့။

          သောင်းကျန်းသူ အမြစ်ဖြတ် ရည်ရွယ်ချက်က ကျနော်တို့ဆီမှာ မပါဘူး။ သောင်းကျန်းသူ အမြစ်ဖြတ်ရည် ရွယ်ချက်ပါတာက တပ်မတော်ရဲ့ ရည်ရွယ်ချက်ဖြစ်တယ်။ တပ်မတော်ရဲ့ ဦးတည်ချက်ထဲမှာ ဒါတော့ပါတယ်။ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်တာဝန် ၄ ခု ပဲရှိတယ်။ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ မူးယစ်ဆေးဝါး အမြစ်ဖြတ်ချေမှုန်းရေးနဲ့ မူးယစ်ဆေး ဝါးအန္တရာယ် တားဆီးကာကွယ်ရေး၊ ပြည်သူ့အကျိုးပြု လုပ်ငန်းဆောင်ရွက် ရေး၊ ဆိုတဲ့ အဲဒီရည်မှန်းချက် ၄ ခု အပေါ်မှာပဲ မူတည်ပြီးလုပ်ရတာ။ ဆိုတော့ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး အဲဒီဟာပေါ်မှာပဲ လုပ်တာ။ အခုတော့ ကျွန်တော်တို့က ရဲလုပ်ငန်းထက် လုံခြုံရေးပိုင်းကို အဓိကထား လုပ်ရတဲ့ နေရာဖြစ်တဲ့အ တွက် ရဲလုပ်ငန်းတွေ အားနည်းသွား တယ်။ တချို့နေရာတွေမှာ အခုဆိုရင် ညဘက်အမှုလာတိုင်ရင်တောင် ကျွန်တော်တို့ သွားဖို့ဆိုတာ တော်တော် စဉ်းစားရမယ်။

မေး ။  ။ မကြာသေးခင်ရက်ပိုင်းအတွင်း က  AA ဘက်က Online ပေါ်မှာ ရဲ တပ်ဖွဲ့ကို သတိပေးထုတ်ပြန်ချက် တစ်စောင် ထုတ်လိုက်သေးတယ်။  ရဲတပ် ဖွဲ့ဝင်တွေကို  ရဲလုပ်ငန်းတွေမလုပ်ဘဲ တပ်မတော်စစ်ကြောင်းတွေနဲ့ ပူးပေါင်း ပြီး လှုပ်ရှားနေတယ်ဆိုပြီးတော့ သူ တို့ဘက်က သတိပေးတယ်ပေါ့။ အဲဒီ အပေါ်မှာ ဘာများ တုံ့ပြန်ပြောချင်ပါလဲ။

          အဲဒီအပေါ်မှာ ပြောချင်တာ မရှိဘူး။ ကျွန်တော်တို့က ရဲအလုပ်ကို ရဲလုပ်တာပါ။ စောစောက ကျွန်တော် ပြောတဲ့ ရည်မှန်းချက်တာဝန် ၄ ချက် အပေါ်မှာပဲ လုပ်နေတာ။ တချို့နေရာ တွေမှာတော့ ကျွန်တော်တို့ဆီ တိုင် ကြားလာတဲ့အပေါ်မှာ သွားရောက်ပြီး တော့ ဖမ်းဆီးရတာတွေရှိတယ်။ စစ် ဆေးရတာတွေရှိတယ်။ အဲဒီစစ်ဆေး တဲ့အခါ သူ့မှာ တရားစွဲဆိုလို့ရတဲ့အ ဆင့် မရှိဘူးဆိုရင် ကျွန်တော်တို့က ပြန်လွှတ်ရမှာဘဲ။ ထိုနည်းတူစွာပဲ ကျွန် တော်တို့မှာ ရပ်ရွာအေးချမ်းသာယာရေး အပေါ်မှာ မူတည်ပြီးတော့ တိုင်တန်း လာရင် သို့မဟုတ် ကျွန်တော်တို့က သတင်းရတယ်ဆိုရင် ဒီဟာနဲ့ပတ်သက် ပြီးတော့ သူ့တို့ကို တားဆီးထိန်းသိမ်း ပြီးတော့ မှန်၊ မမှန် စစ်ဆေးရမှာပဲ။ တာဝန်က အဲဒီအတိုင်း ရှိတာ။ သို့ သော် အဲဒီလို စစ်ဆေးတဲ့ အပိုင်းမှာ မမှန်ဘူးထင်ရင်တော့ ပြန်လွှတ်ရမယ်။ ကျွန်တော်တို့ စိတ်ခံစားချက်နဲ့ သွား လုပ်လို့မရဘူး။ စိတ်ခံစားချက်နဲ့ သွား လုပ်လို့ရှိရင်တော့ အဲဒီတပ်ဖွဲ့ဝင်ကို လည်း ရဲတပ်ဖွဲ့မှာဆက်ထားလို့မရဘူး။

မေး ။  ။ တခြား ဘာများဖြည့်စွက်ပြီး ပြောချင်ပါလဲ ရဲမှူးကြီး။

          ကျွန်တော်တို့ကတော့ ဒီ ရခိုင် ပြည်နယ်ကြီးကို အေးအေးချမ်းချမ်းနဲ့ ဖြစ်စေချင်တာပေါ့။ အင်မတန်သာယာ ပြီးတော့ အင်မတန်မှ ရခိုင်ပြည်လွတ် လပ်လွတ်လပ်နဲ့ ရခိုင်ပြည်နယ် ဘယ် လောက် စေတီပုထိုးတွေ ပေါသလဲ။ လှပတဲ့ မြစ်၊ ကမ်းခြေတွေနဲ့ ဘယ် လောက် လည်ပတ်စရာကောင်းသလဲ။အခု စိတ်မကောင်းစရာက မြောက်ဦး မြို့မှာ ခရီးသွား လုံးဝမရှိတော့တာ ခြောက်သွေ့လို့။ တော်တော့ကို စိတ် မကောင်းဘူး။ ဘာတွေလဲဆိုတော့ မငြိမ်မသက် ဖြစ်လာတာနဲအမျှ တော ကြောင်ဆိုတဲ့ အကောင်က ထလာတာ ပဲ။ တောကြောင်ထလာရင် အေးအေး ချမ်းချမ်းနဲ့ နေချင်တဲ့သူတွေ မနေနိုင် တော့ဘူး။ ပြောင်းရွှေ့ကြရတယ်။ အဲဒီ ဟာတွေအတွက် ကျွန်တော်တို့က စိတ် မကောင်းဖြစ်မိတယ်။

          အေးအေးချမ်းချမ်းနဲ့ ဖြစ်စေ ချင်တယ်။ ကျွန်တော်တို့လုပ်တာလည်း နိုင်ငံရေးမပါဘူး။ ကျွန်တော်တို့ လုပ် တာက တရားဥပဒေစိုးမိုးရေးအတွက် ပဲ။ ဒါကြောင့်မို့လို့ တရားဥပဒေစိုးမိုး ရေး လုပ်တဲ့အချိန်မှာ ဘက်လိုက်ခြင်း မရှိအောင်။ မျှမျှတတနဲ့ တရားစွဲဆို လို့မရတဲ့ လူတွေကို စွဲဆိုလို့ရတယ်ဆို ပြီး သွားလုပ်လို့မရဘူး။ ကျွန်တော်တို့ က စွဲဆိုသော်ငြားလည်း တရားရုံးက အပြစ်မရှိဘူးလို့ထင်လို့ တရားရုံးက လွှတ်တာကို ကျွန်တော်တို့က ဒါကိုသွား ပြီးတော့ ရှိပါတယ်လို့ ထပ်ဖမ်းလို့ မရ ဘူး။ ဒါဟာ သူရဲ့ မငါ့အ ။ သူ့ကို တရား စွဲဆိုဖို့ ကျွန်တော်တို့က သံသယရှိ တယ်။ စွဲတယ်မှန်တယ်။ သို့သော် တရားရုံးရောက်တဲ့အခါ တရားသူကြီး က အပြစ်ရှိတယ်လို့ ယူဆလို့ရှိရင် အပြစ်ပေးမယ်။ အပြစ်မရှိဘူးလို့ ယူဆ ရင်လွှတ်မယ်။ ဒါက သူ့တာဝန်လေ။ အဲဒီအပေါ်မှာ သွားပြီးတော့ ငါက တရားစွဲထားတယ်ဆိုပြီးတော့ ခံစား ချက်ကို မထားဘူး။ ဒါကြောင့်မို့လို့ ကျွန်တော်တို့က  ပြည်သူတွေကို ပြော ချင်တာက ဥပဒေနဲ့အညီ ဆောင်ရွက် တာကိုတော့ ကျွန်တော်တို့နဲ့လက်တွဲပြီး ဆောင်ရွက်စေချင်တယ်။

          မမှန်ကန်ဘူးထင်လို့ရှိရင် တ ရားရုံးမှာ ဖြေရှင်းလို့ရတယ်။ တစ်ဦးချင်း စနမျသညေူ အားဖြင့် မတရားဖမ်းခံရတဲ့ ကိစ္စမျိုးရှိရင် ကျွန်တော့်ကို လာပြော လို့ရတယ်။ အဲဒီလုပ်ရပ်မျိုးကို ကျွန် တော်လုံး၀ လက်မခံဘူး။ မတရားလို့ အဖမ်းခံရလို့ လာပြောလို့ရှိရင် ကျွန် တော်ကူညီပေးမယ်။ ကျွန်တော်တို့ ရဲ တပ်ဖွဲ့ဝင်တွေကလည်း ပြည်သူတွေ အပေါ်မှာ စော်ကားတယ်။ ပြည်သူ တွေကို အနိုင်ထက်ပြုတယ်။ ရှိတယ်၊ ကြားတယ်ဆိုရင် ကျွန်တော့်ကို တိုင် ကြားပါ။ ကျွန်တော်က အမိအဖဖြစ် တဲ့အတွက် ဆုံးမမယ်။ အပြစ်ပေးမယ်။ အရေးယူမယ်။ ဒီဟာမှာ သူ့ရဲ့အဆင့်အ လိုက်ပေါ့ ပြောင်းရွှေ့သင့်ရင်ပြောင်းရွှေ့ မယ် စသဖြင့် လုပ်ဆောင်သွားပါမယ်။ ။ ။

ယခု ဖော်ပြသည့် အင်တာဗျူးကို ၂၀၁၉ ခုနှစ် မတ်လ ၁၅ ရက်နေ့ထုတ် Development News Journal အမှတ်စဉ် ၁၀၅ တွင် ဖော်ပြပါရှိပြီး ဖြစ်သည်။

ဗီဒီယိုများ