လူမျိုးရေးပဋိပက္ခမဖြစ်အောင် ထိန်းညှိပေးရမယ့် ရခိုင့်အရေး

ရခိုင်အရေးဟာနိုင်ငံရေး လူမျိုးရေးအရ ထိလွယ်ရှလွယ် တဲ့နေရာဖြစ်ပြီး ပဋိပက္ခဖန်တီးလို့ကောင်းတဲ့နေရာ ဖြစ် ကြောင်း အုပ်ချုပ်သူတို့တွက်ချက်ထားပုံလည်းရပါတယ်

By မင်းထီး 25 Dec 2021

DMG ၊ ဒီဇင်ဘာ ၂၅

(အတွေးအမြင်ဆောင်းပါး)

ရခိုင်ပြည်အတွင်း အပစ်အခတ်ရပ်စဲထားခဲ့ပြီးတဲ့ (၂၀၂၀) ခုနှစ် နိုဝင်ဘာလကစပြီး ရခိုင်ပြည်ဒေသအများစုကို ထိန်းချုပ်ထားခဲ့တဲ့ ရက္ခိုင့်တပ်တော်ဟာ (၂၀၂၁) ခုနှစ် ဒီဇင်ဘာလ (၁၇) ရက်နေ့မှာ ထူခြားတဲ့ ထုတ်ပြန်ချက် တစ် စောင်ကို ထုတ်ပြန်ခဲ့တာကို တွေ့ရပါတယ်။ ဒီထုတ်ပြန်ချက်မှာ ရခိုင်ပြည်အတွင်း လူမျိုးရေးပဋိပက္ခကို ဦးတည် လာနေသည့် လုပ်ဆောင်မှုများကို တွေ့နေရကြောင်း ပြည်သူများသို့သတိပေး ထုတ်ပြန်ထားတာကို တွေ့ရပြီး လတ်တလောဖြစ်ပျက်နေတဲ့ အချက်ငါးချက် ဖေါ်ပြပါရှိတာကိုတွေ့ရပါတယ်။

မြန်မာနိုင်ငံကို စစ်တပ်ကအာဏာမသိမ်းယူမီ(၂၀၂၀) နိုင်ဝင်ဘာ (၁၃) ရက်နေ့ကစပြီး ရက္ခိုင့်တပ်တော် အေအေ နဲ့ မြန်မာစစ်တပ်တို့ရဲ့ တစ်နှစ်ကျော်ကြာ တိုက်ပွဲကို ရပ်တန့်စေခဲ့ပြီး မြန်မာနိုင်ငံမှာ စစ်တပ်က နိုင်ငံအာဏာကိုသိမ်းယူခဲ့တဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုတွေမှာ ရခိုင်ပြည်မပါဝင်ခဲ့ဘဲ ငြိမ်းချမ်းတဲ့ နယ်မြေတစ်ခုအဖြစ် ရက္ခိုင့်တပ်တော် အေအေက ဦးဆောင်ထားခဲ့ပါတယ်။ ရက္ခိုင့်တပ်တော်အမြစ်ပြတ် ချေမှုန်းရေးခေါင်းစဉ်ဖြင့် မြန်မာစစ် တပ်က နှစ်နှစ် ကြာထိုးစစ်ဆင်ခဲ့ပြီး ရက္ခိုင့်တပ်တော်အေအေနဲ့ မြန်မာစစ်တပ်တို့ နှစ်နှစ်အတွင်း တိုက်ပွဲပေါင်း လေးထောင်ကျော်ထိ ဖြစ်ပွားခဲ့ပါတယ်။

ရက္ခိုင်တပ်တော်ဟာ တိုက်ပွဲတွေရပ်တန့်ထားခဲ့ပြီးနောက် ရခိုင်ပြည်အတွင်း နယ်မြေအများစုကို အုပ်ချုပ်ရေး ယန္တရားနဲ့ ထိန်းချုပ်ထားဆဲဖြစ်ပါတယ်။ ရက္ခိုင့်တပ်တော် အုပ်ချုပ်ရေးကာလအတွင်း ရခိုင်ပြည်အ တွင်းမတူကွဲ ပြားတဲ့လူမျိုးတွေကြားက ယုံကြည်မှုတည်ဆောက်ရေးကို အားထားလုပ်‌ဆောင်တာကိုတွေ့ရပြီး အရင် ပဋိပက္ခ တွေကြောင့် လူမျိုးစုတွေအကြားရှိနေတဲ့ သံသယတွေကို ဖြေဖျောက်နိုင်ဖို့နဲ့ နစ်နာသူတွေကို တရားမျှတမှုရရှိ စေရေးအတွက် (၂၀၂၁) မှာ တရားစီရင်ရေးကိုပါ လုပ်ဆောင်နေပါတယ်။

ဒီလုပ်ဆောင်မှုတွေကို ရက္ခိုင့်တပ်တော်ဘက်က အရှိန်အဟုန်နဲ့ တိုးမြှင့် လုပ်ဆောင်နေပြီး ရခိုင်ပြည်အတွင်း လူထု ယုံကြည်မှုတည်ဆောက်ရေး အပိုင်းကလည်း အောင်မြင်တိုးတက်လာ တာကိုတွေ့ရပါတယ်။ ရက္ခိုင့်တပ် တော်ကို ရခိုင်ပြည်အတွင်း ရခိုင်အပါအဝင် အခြားလူ မျိုးစုတွေရဲ့ ယုံကြည်မှုကိုပါရရှိနေတာကိုတွေ့ရပြီး ရခိုင်ပြည်အတွင်း  မတူကွဲပြားမှုကြားက အတူယှဉ်တွဲနေထိုင်ရေးကိုပါ စနစ်တစ်ကျတည်ဆောက်နေတာ ကိုတွေ့ရပါတယ်။ ဒီ လုပ် ဆောင်မှုအတွင်းမှာဘဲ ရခိုင်ပြည်အတွင်း တရားဥပဒေစိုးမိုးရေးကို ပျက်ပြားလာစေတဲ့ ပဋိပက္ခတစ်ချို့ကိုတွေ့လာ ရပါတယ်။ ရက္ခိုင့်တပ်တော် ဘက်ကတော့ ရခိုင်လူထုလုံခြုံရေးကို တာတန်ယူမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။ မြောက်ဦးမြို့နယ်မှာ စပါးရိတ်စက်တွေကိုမီးရှို့တာ၊ ကျောက်ဖြူမြို့နယ်အတွင်း စပါးပုံတွေ ကိုမီးရှို့တာ စတဲ့ မတည်ငြိမ်မှုတွေကို ဖေါ်ပြထားထာကိုတွေ့ရပါတယ်။

ဒီကြေညာချက်ထုတ်ပြန်ပြီး တစ်ပတ်အကြာ ထူခြားဖြစ်စဉ်လို့ဆိုနိုင်တဲ့ (၂၃/၁၂/၂၀၂၁) ရက်နေ့မှာ မောင်တောမြို့ နယ် အထွေထွေအုပ်ချုပ်ရေး အရာရှိတစ်ဦးကို လည်လှီး သတ်ဖြတ်မှုတစ်ခုဟာ ထူခြားတဲ့ဖြစ်စဉ်တစ်ခုအနေနဲ့ တွေ့လာရတာဟာ စိုးရိမ်ဖွယ်ရာ ဖြစ်လာပါတယ်။ ဒီဖြစ်စဉ်ဟာ သွေးရိုးသားရိုး ဟုတ်မဟုတ်ပြန်လည်စိစစ် ရမှာ ဖြစ်သလို လူမျိုးရေးဆန်တဲ့ ပဋိပက္ခကို တမင်ဖန်းလိုတဲ့ အုပ်စုရှိနေပြီလား ၊ ဒါမှမဟုတ် ဒီသတ်ဖြတ်မှုဟာ အချင်း ချင်းကြားထဲက ပြဿနာတွေတွေကြောင့် ပြစ်မှုကျူးလွန်ကြတာလားဆိုတာကိုဖေါ်ထုတ်အရေး ယူဖို့အရေးတစ် ကြီးလိုအပ်လာပြီဖြစ်ပါတယ်။

ရခိုင်ပြည်ဟာ မြန်မာ့နိုင်ငံရေးအခင်းအကျင်းမှာ (၂၀၁၀) နောက်ပိုင်း ထူးခြားမှုတွေနဲ့ ပဋိပက္ခအထူ ဆုံးဒေသလို့ ပြောလို့ရတဲ့ အခြေအနေမှာ ရှိနေတာကိုတွေ့ရပါတယ်။ (၂၀၁၂) ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ရမ်းဗြဲမြို့နယ်က အမျိုးသမီး တစ်ဦး မုဒိန်းကျင့်သတ်ဖြတ်ခံရမှုကို အခြေပြုကာ  ဘာသာရေး၊ လူမျိုးရေး သွေးထိုးလှုံ့ဆော်မှုတွေ ရှိခဲ့တာ ကြောင့်လူမျိုးရေး၊ ဘာသာရေး  အသွင်ဆောင်တဲ့ ပဋိပက္ခတစ်ခု ဖြစ်ပွားခဲ့ကြဖူးပါတယ်။ ဒီပြဿနာကြောင့် ရခိုင် ပြည်ကို တစ်ကမ္ဘာလုံးက စိတ်ဝင်စား ခဲ့ကြသလို ဒီပြဿနာကြောင့် အိုးအိမ်စွန့်ခွာခဲ့ရတဲ့ လူထုအတွက်လည်း ဒီနေ့ ထိလည်း မဖြေရှင်းနိုင်သေး တာကိုတွေ့ရပြီး ဒီပြဿနာဟာ ထိလွယ်ရှလွယ် အဆင့်သို့ ကူးပြောင်းသွားခဲ့ပြီ ဖြစ်ပါ တယ်။ နေရပ်စွန့်ခွာရသူတွေကို ပြန်လည်နေ ရာချထားရေး၊ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ပြန်လည်ကုစား ရေးနဲ့ တရား မျှတမှုဟာ ဒီနေ့ထိ မဖြေရှင်းနိုင်သေးဘဲ မီးခဲပြာဖုံး ဆက်သွားနေတုန်းဖြစ်သလို မူဆလင်တွေကို  ရခိုင်ပြည် မှာသာ ပိတ်လှောင်ထားပြီး တစ်ခြားပြည်မဒေသသို့ ဝင်ရောက်ပါက ကြီးမားတဲ့ပြစ်ဓာဏ်တွေပေး နေခြင်းဟာ လွပ် လပ်စွာသွားလာခွင့် အခွင့်အရေးကို  ချိုးဖောက်သလိုဖြစ်နေပါတယ်။

ဒီပဋိပက္ခကို မဖြေရှင်းနိုင်သေးခင်ကာလမှာဘဲ (၂၀၁၇) ခုနှစ် ဇူလိုင်လမှာ မောင်တောမြို့နယ်အတွင်းမှာ ရဲကင်း စ ခန်းပေါင်း (၃၀) ကို မွတ်ဆလင်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့မှုကြောင့် ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခမှာ မြန်မာစစ်တပ်က နယ် မြေရှင်းလင်းရေးခေါင်းစဉ်ဖြင့် ရှင်းလင်းရေးလုပ်ဆောင်ခဲ့ပါတယ်။ ဒီလုပ်ဆောင်မှုအတွင်း  မောင်တော ဒေသမှ မွတ်ဆလင်လူမျိုး (ခုနစ်သိန်းကျော်) ပြည်ပဘင်္ဂလားဒေ့ချ် နိုင်ငံသို့ နေရပ်စွန့်ခွာခိုလှုံခဲ့ကြရပြီး ဒီနေ့ထိပြန်လည်နေ ရာချထားရေးနဲ့ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်တွေကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်သေးတာကို မတွေ့ရသေး ပါဘူး။
ရက္ခိုင့်တပ်တော်ဟာ ရခိုင်ပြည်နယ်မှာ (၂၀၁၅) ကနေစတင် အခြေချလှုပ်ရှားခဲ့ကာ (၂၀၁၈) မှာအင်အား ကြီးမား လာခဲ့ပြီး (၂၀၁၈) နှစ်ကုန်ပိုင်းကစတင်ကာ ရခိုင်ပြည်မြောက်ပိုင်းမှာ တိုက်ပွဲတွေ စတင်ဖြစ်ပွားလာခဲ့ပါတယ်။ (၂၀၁၉) မှာ ရခိုင်ပြည်အတွင်း ရက္ခိုင့်တပ်တော်နှင့် မြန်မာစစ်တပ်တို့ တိုက်ပွဲအပြင်းအထန် စတင်ဖြစ်ပွားခဲ့ပြီး မြန် မာစစ်တပ်၏ ရပ်ရွာများသို့ ပစ်ခတ်မှုများ၊ ဖန်းဆီးသတ်ဖြတ်မှုကြောင့် ရခိုင်အရပ်သား သုံးရာကျော်သေဆုံးခဲ့ရပြီး သံသယဖြင့် ဖမ်းဆီးခံရသူ မြောက်များစွာ အကျဉ်းထောင်များအတွင်း ရှိနေဆဲဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ တတိယအကြိမ် အထွေထွေရွေးကောက်ပွဲအပြီးမှာ မဲမသမာမှုရှိတယ်လို့အကြောင်းပြကာ မြန်မာ စစ်တပ်က (၂၀၂၁) ခုနှစ် ဖေဖေါ်ဝါရီတစ်ရက်နေ့မှာ နိုင်ငံအာဏာကိုသိမ်းယူခဲ့ပြီးတဲ့နောက် နိုင်ငံတစ်ဝှမ်း စစ်အာဏာ ရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖေါ်မှုတွေမှာ ရခိုင်ဟာ တည်ငြိမ်စွာဖြတ်သန်းခဲ့ပါတယ်။ ဒါဟာ ဒီနိုင်ငံအတွင်း ထူခြားတဲ့ နိုင်ငံရေးတည်ဆောက်မှု တစ်ခုအဖြစ် ရက္ခိုင့်တပ်တော်က ဦးဆောင်းခဲ့တာလည်းဖြစ်ပါတယ်။ ဒီအ တွက်ကြောင့်လည်း စစ်အာဏာရှင်ဆန့်ကျင်ရေးကာလ ဒီနေ့ထိ လူပေါင်းနှစ်ထောင်ကျော် သေးဆုံးစေခဲ့ရမှုမှာ ရခိုင်ပြည် မပါဝင်ခဲ့ပါဘူး။

ရက္ခိုင့်တပ်တော်ဟာ ရခိုင်ပြည်ကို ရက္ခိတလမ်းစဉ် ချမှတ်ပြီး တစ်ဆင့်ချင်းအလိုက် အကောင်ထည်ဖေါ် လုပ်ဆောင် နေတယ် လို့ကြွေးကြော်ထားပြီး ခေတ်သစ်ရခိုင့် နိုင်ငံရေးကို မှန်ကန်စွာ ဦးဆောင်နေတယ်ဆိုတာ သိသာထင်ရှာ ပါ တယ်။ စစ်အာဏာရှင်ဆန့်ကျင်ရေးမှာ ရက္ခိုင်ပြည်အတွင်းက ပဋိပက္ခတွေကို လျော့နည်းအောင် ထိမ်းထားခဲ့ပြီး နှစ်နှစ်တာတိုက်ပွဲတွေကြောင့် မလုပ်နိုင်ခဲ့တဲ့လယ်မြေတွေကို ပြန်လည်စိုက်ပျိုးနိုင်ရေးနဲ့ တိုက်ပွဲကြောင့်အထိတ် တလန့်ဖြစ်နေသူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ကုစားရေးအတွက် ရခိုင်ပြည်ကိုတည်ငြိမ်စွာ ဖန်တီးရင်း တစ်ခြားတစ် ဖက်တွင်လည်း မဟာမိတ်တပ်တွေနဲ့ပူးပေါင်းကာ မိမိတို့၏လွပ်မြောက်ရေးကို လုပ်ဆောင်နေကိုတွေ့ရပါတယ်။

ရခိုင်အရေးဟာနိုင်ငံရေး လူမျိုးရေးအရ ထိလွယ်ရှလွယ် တဲ့နေရာဖြစ်ပြီး ပဋိပက္ခဖန်တီးလို့ကောင်းတဲ့နေရာ ဖြစ် ကြောင်း အုပ်ချုပ်သူတို့တွက်ချက်ထားပုံလည်းရပါတယ်။ အထူးသဖြင့် နိုင်ငံရေးအပြောင်းအလဲနဲ့ အကျတ်အ တည်းကာလတွေမှာ လူမျိုးရေးအသွင်ဆောင်တဲ့ ပုံစံနဲ့ ပဋိပက္ခတွေများစွာ ဖြစ်ပွားခဲ့ဖူးတယ်ဆိုတာကိုတော့ အထူး ပြော စရာမလိုတော့ဘူးထင်ပါတယ်။ ဒါဟာ ယနေ့ရခိုင်တွေအတွက် သံဝေဂယူပြီးအသိတရားနဲ့ ဖြေရှင်းရမယ့်ကိစ္စ ဖြစ်သလို အတိတ်ကလို ပဋိပက္ခမျိုးကိုလည်း နောက်တစ်ကြိမ် ပြန်လည်မကျူးလွန်အောင် ထိမ်းသိမ်းထားနိုင်ဖို့လို အပ်ပါတယ်။
ရခိုင်ပြည်နယ်ဟာ လက်ရှိအချိန်မှာ ရက္ခိုင့်တပ်တော်ရဲ့ ထိမ်းချုပ်မှု ရက္ခိုင့်တပ်တော်ရဲ့ နိုင်ငံရေး ဦးတည်ချက်နဲ့ ဦးဆောင်မှုကို ရခိုင်လူထုကအပြည့်အဝ ထောက်ခံလိုက်နာနေဆဲ ဖြစ်ပါတယ်။

ဒီကာလအတွင်း ပဋိပက္ခဖြစ်အောင် ဖန်တီးခြင်း အချင်းချင်းကြားက မညီညွတ်ခြင်းနဲ့ မလိုလားအပ်တဲ့ ပဋိပက္ခတွေကြောင့် ပုဂ္ဂိုလ်ရေးအရဖြစ်စေ ၊ ဝါဒ မှိုင်းအရဖြစ်စေ သတိထားပြီး တရားဉပဒေစိုးမိုးရေးအတွက် လူတိုင်း ကူညီလုပ်ဆောင်ဖို့လိုအပ်ပါတယ်။ ရက္ခိုင့် တပ်တော်ဟာ ရခိုင်ပြည်ကို ကွန်ဖက်ဒရိုက်အဖြစ် လိုချင်ကြောင်းကြွေးကော်ထားပြီး ရခိုင့်နိုင်ငံရေးကိုလည်း စနစ် တစ်ကျတည်ဆောက်နေတာကိုတွေ့ရပြီး ရခိုင်ပြည်တည်ငြိမ်ရေး ၊ လုံခြုံအေးချမ်းရေးနဲ့ တရားဥပဒေ စိုးမိုး ရေးကို တစ်ဆင့်ချင်းအလိုက် လုပ်ဆောင်နေတာကိုတွေ့ရပါတယ်။

ရက္ခိုင့်တပ်တော်အနေနဲ့ သီခြားဆန်တဲ့ နိုင်ငံရေးပုံစံကို လုပ်ဆောင်နေတာကိုတွေ့ရပြီး တပ်မှူးချုပ်ရဲ့ အင်တာ ဗျူး တစ်ခုမှာ “ ကျနော်တို့တော်လှန်နတာဟာ ဆုံးရှုံးမှုတွေကို ပြန်လည်လိုချင်လို့ဖြစ်တယ်” အလျော့အတင်းမရှိ ဘူးလို့ ဖြေဆိုဖူးတာကို  မှတ်မိပါသေးတယ်။ ဒါဟာ ရခိုင်ပြည်ကို သီးခြားတည်ဆောက်နေပုံနဲ့ ပြန်ချိတ်ဆက်ကြည့် မယ် ဆိုရင် သူ့ဆိုလိုရင်းကို  မြင်နိုင်မှာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်အတွင်း ရက္ခိုင့်တပ်တော်က အုပ်ချုပ်ရေး တရားစီရင် ရေးနဲ့ တည်ငြိမ်အေးချမ်းရေးကို တည်ဆောက်နေတယ်ဆိုပေမယ့် မြန်မာ့အုပ်ချုပ်ရေးကလည်း အသက်ဝင်ရှိနေ သေးသလို စစ်တပ်ကအင်အားတိုးချဲ့တာ တွေကိုလည်းတွေ့နေရပါတယ်။ နိုင်ငံရေးအရ တရားဝင်ဆွေးနွေးကြ တာ တွေ မရှိသေးသလို အလွတ်သဘောဆွေးနွေးမှုတွေ ရှိတယ်ဆိုတာကိုတော့ တပ်မှူးချုပ်ရဲ့ အင်တာဗျူးအရ သိရပါ တယ်။

မြန်မာစစ်တပ်အနေနဲ့ ဘုရားပုထိုးတွေပေါ်မှာတပ်စွဲထားတာတွေလည်း ရုပ်သိမ်းမှုတွေမရှိသေးတဲ့အပြင် ပေါက် တောမြို့နယ် ဆံတော်ရှင်စေတီမှာ လမ်းဖောက်တာကို အကြောင်းပြပြီး တပ်စွဲထားမှုကြောင့် ဒီနှစ်ဘုရားပွဲ ဘုရား ဖူးလာရောက်သူနည်းပါးတာကြောင့် မစည်ကားဘဲ ဈေးရောက်သူတွေအရှုံးပေါ်ခဲ့ရကြောင်း သတင်းတစ်ဗုဒ်မှာ ဖတ်လိုက်ရပါတယ်။ မြန်မာနိုင်ငံရဲ့ပြည်တွင်းစစ် အဆုံးမသတ်နိုင်သေးတာကြောင့် အရှေ့တောင်အာရှအတွင်း မြန်မာနိုင်ငံဟာ ဆင်းရဲမွဲတေပြီး ကျန်ခဲ့ရတဲ့အပြင် (၂၀၂၁) မှာ စစ်တပ်ကအာဏာထပ်မံသိမ်းယူလိုက်တာကြောင့် နိုင်ငံရဲ့ စီးပွားရေးအပြင် တည်ငြိမ်မှုတွေပါ ပျောက်ဆုံးနေရပြီး လက်ရှိအချိန်မှာ နိုင်ငံအတွင်း တော်လှန်ရေးလက် နက်ကိုင် အဖွဲ့အစည်းပေါင်း နှစ်ရာကျော်ထိ ရှိနေပါတယ်။

ဒီကြားထဲအမြစ်ပြတ်ချေမှုန်းရေးခေါင်းစည်တပ် တိုက်ပွဲအတွင်း အင်အားအဆမတန်ကြီးထွားလာခဲ့တဲ့ ရက္ခိုင့်တပ် တော်ကလည်း ရခိုင်တစ်ပြည်နယ်လုံးနီးပါးကို အခြေချလှုပ်ရှားနေတာကို တွေ့ရပါတယ်။ ရခိုင်ပြည်ဟာ မြေ အော က်သယံဇာတပေါကြွယ်ဝတဲ့ နယ်မြေဖြစ်ပြီး အကျိုးအမြတ်ခံစားပိုင်ခွင့်တွေ လုံးဝဆုံးရှုံးနေတဲ့အပြင် နိုင်ငံ ခြားရင်း နှီးမြှုတ်နှံမှုတွေကလည်း များစွာရှိနေတဲ့ နေရာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ရခိုင်ပြည်နယ် အတွင်းမဖြေ ရှင်း နိုင် သေးတဲ့ ပဋိပက္ခကလည်း များစွာရှိနေဆဲဖြစ်ပါတယ်။ တစ်ဖက်မှာ နိုင်ငံရေးအရတွေ့ဆုံမှုကနေအဖြေရှာ ရမယ့် ပြဿနာရှိနေသလို မတူကွဲပြားတဲ့ လူမှုရေးဆိုင်ရာပြဿနာကလည်း ရေရှည်ဖြေရှင်းမှ ရနိုင်မှာဖြစ်ပြီး ဒီပြဿနာ ဟာ  တည်ငြိမ်အေးချမ်းမှုကို အခြေခံတည်ဆောက်ရမှာ ဖြစ်ပါတယ်။

မတည်ငြိမ်တဲ့ကာလမှာ လူမျိုးရေး၊ ဘာသာရေး အခြေခံတဲ့ သွေးထိုးလှုံဆော်မှုတွေ ရှိလာနိုင်ပြီး ရခိုင်လူထုတွေ ရော  အထူးသဖြင့် မွတ်ဆလင်များအတွက်ပါ အထူးသတိထားပြီး လိုအက်ချက်တွေကို ပူးပေါင်းအဖြေရှာဖို့ လိုအပ် ပါတယ်။ ရခိုင်ပြည်တည်ငြိမ်အေးချမ်းရေးဟာ ရခိုင်ပြည်သား လူထုတွေသာ အဓိကဖြစ်ကပြီး ရခိုင်ပြည်သား လူထု တွေရဲ့ ညီညွတ်မှုဖြင့်သာ ရခိုင်နိုင်ငံရေးကို တည်ဆောက်နိုင်ဖို့မြင်ပါတယ်။ ဒါကြောင့် လက်ရှိအချိန်မှာ မည်သည့် လှုံ့ဆော်မှု ဆူပူမှုတွေ ဖြစ်လာသည်ဖြစ်စေ တရားဥပဒေစိုးမိုးရေးအတွက် ရခိုင်လူထုတစ်ရပ်လုံးရဲ့ နှလုံးသားနဲ့ တည် ဆောက်နိုင်အောင်ကြိုးစားကြဖို့ လိုအပ်တယ်လို့မြင်ပါတယ်။
ရခိုင်ပြည်ရဲ့ လက်ရှိအခြေအနေဟာ မီးခဲပြာဖုံးအခြေအနေနဲ့သာ ရှိနေဆဲဖြစ်ပြီး အချိန်မရွေးထတောက်နိုင်တဲ့ အခြေ အနေလို့မြင်ပါတယ်။ ဒီငြိမ်းချမ်းရေးကို လက်နက်ကိုင်များဖြစ်စေ ၊ မတူကွဲပြားတဲ့ လူမျိုးများကြားက ဖြစ် စေ ငြိမ်းချမ်းမှုကို ဆက်လက်ထိမ်းထားနိုင်ဖို့လိုအပ်ပြီး လက်ရှိဖြစ်ပေါ်နေတဲ့ လုပ်ကြံမှုတွေကိုလည်း တရားဥပဒေ စိုးမိုးရေးကို ဦးတည်ကာ လူထုအနေဖြင့် သတိထားပူးပေါင်းလုပ်ဆောင် ခြင်းဖြင့်သာ ရခိုင်တို့မျှော်လင့်သည့် အနာ ဂတ်ကို ရရှိနိုင်မှာ ဖြစ်တယ်လို့မြင်ပါတယ်။

လက်ရှိဖြစ်ပျက်နေတဲ့ ဒေသအတွင်း မတည်ငြိမ်မှုတွေဟာ သွေးရိုးသားရိုးမဟုတ်ခဲ့ပါက စစ်မီးကို ထ တောက်စေနိုင်တဲ့ အခြေအနေထိ ပြောင်းလဲနိုင်တယ်လို့ ရှု့မြင်မိပါတယ်။ ဒါကြောင့် ဘယ်သူမဆို၊ ဘယ်အဖွဲ့အစည်းမဆို၊ ဘယ်အသိုင်းအဝိုင်းမဆို လူမျိုးရေးပဋိပက္ခမဖြစ်အောင် ထိန်းညှိပေးရမယ့် ရခိုင်အရေးကို အားလုံးက အလေးထားဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ပြောပါရစေ။

#မင်းထီး_ရေးသားသည်

ဗီဒီယိုများ