ဇင်မာဦးထိုးတဲ့ ခေါင်းလောင်းသံ

၂၄ ထပ်အမြင့်ပေါ်ကနေ ခုန်ချလိုက်တဲ့ မဇင်မာဦးသတင်းဟာ ပြည်ပကို အလုပ်အကိုင်အမည် မျိုးစုံကွဲပြားပြီး ရောက်ရှိနေကြတဲ့ ရခိုင်ဒေသက ပြည်ပလုပ်သားတွေရဲ့ဘဝကို မေးခွန်းတွေ ထုတ်လိုက်တာပဲဖြစ်ပါတယ်။ အလုပ်အကိုင်အခွင့်လမ်းရှားပါးနေတဲ့ ရခိုင်ဒေသအတွက် ပြည်ပ အိမ်မက်မက်နေကြတဲ့ လူငယ်တွေရဲ့ မျှော်လင့်ချက်တွေကို သတိပြုပေးဖို့ ထိုးလိုက်တဲ့ ခေါင်းလောင်းသံလည်း ဖြစ်ပါတယ်။

By မြနှင်းသူ 17 Jun 2017

(၂၄ ထပ်အမြင့်ရှိ ကွန်ဒိုတိုက်ခန်းမှ ခုန်ချပြီးသေဆုံးသွားသော မဇင်မာဦး။ ဓါတ်ပုံ - ဖေ့စ်ဘွတ်)

ရေးသားသူ - မြနှင်းသူ

၂၄ ထပ်အမြင့်ပေါ်ကနေ ခုန်ချလိုက်တဲ့ မဇင်မာဦးသတင်းဟာ ပြည်ပကို အလုပ်အကိုင်အမည် မျိုးစုံကွဲပြားပြီး ရောက်ရှိနေကြတဲ့ ရခိုင်ဒေသက ပြည်ပလုပ်သားတွေရဲ့ဘဝကို မေးခွန်းတွေ ထုတ်လိုက်တာပဲဖြစ်ပါတယ်။ အလုပ်အကိုင်အခွင့်လမ်းရှားပါးနေတဲ့ ရခိုင်ဒေသအတွက် ပြည်ပ အိမ်မက်မက်နေကြတဲ့ လူငယ်တွေရဲ့ မျှော်လင့်ချက်တွေကို သတိပြုပေးဖို့ ထိုးလိုက်တဲ့ ခေါင်းလောင်းသံလည်း ဖြစ်ပါတယ်။

 

“ကျွန်တော်တော့ စိုးရိမ်သွားပြီး သမီးလေးကို ပြည်ပကို လုပ်ကိုင်ခွင့်ပေးဖို့ဆိုတာ၊ မတော်ရင် လူကုန်ကူးလည်း ခံနေရဦးမယ် ” မဇင်မဦးရဲ့ အဖြစ်ပျက်ကို ကြားသိတဲ့ မြောက်ဦးမြို့က ကိုတင်ဆန်းက သူရဲ့ဆုံးဖြတ်ချက်ကိုဆိုပါတယ်။ ရခိုင်ဒေသမှာ ပြည်ပကိုထွက်ခွာပြီး ဆိုးရွားတဲ့ အခြေနေနဲ့ကြုံတွေ့နေရတဲ့ လူသိထင်ရှားအခြေနေဟာ မဇင်မဦးတစ်ဦးတည်း မဟုတ်သေးပါဘူး။

ဝင်းနဲ့ဇော်လို့ လူသိများကြတဲ့ ကျောက်ဖြူမြို့က လူငယ်နှစ်ဦးပဲဖြစ်ပါတယ်။ သူတို့နှစ်ဦးကို ထိုင်းနိုင်ငံမှာ နိုင်ငံခြားသား ၂ ဦးကို သတ်ဖြတ်တယ်ဆိုပြီး ရုံးတင်စွဲချက်တင်ထားတာဟာ လူသိများတဲ့ဖြစ်ရပ်တစ်ခုပဲဖြစ်ပါတယ်။

 

မဇင်မာဦးသေဆုံးခဲ့တဲ့ ဖြစ်ရပ်ကို ပြန်ပြီး ကြည့်ရှုရင်လည်း သူသေဆုံးတဲ့ အချိန်ထိ မိသားစုတွေကို အထောက်အပံ့မပေးနိုင်ခဲ့ဘူးဆိုတာကို ဇင်မာဦးရဲ့ ဆွေမျိုးတွေ ပြောပြချက်အရ သိရပါတယ်။ အိမ်အကူအဖြစ် ရှစ်လလုပ်ကိုင်ခဲ့တဲ့ သက်တမ်းကာလမှာ ဘယ်လိုအခက်ခဲမျိုးတွေနဲ့ ရင်ဆိုင်ခဲ့ရလဲဆိုတာကို သေဆုံးသူ မဇင်မာဦး သက်သေပြခဲ့ပါပြီ။

 

အလုပ်ရှိ ၅၀ အလုပ်မရှိ ၅၀ ရခိုင်ဒေသမှာ အလုပ်အကိုင်အခွင့်လမ်းရှားပါးမှုဟာ အသက်ရွယ်အားဖြင့် ၁၅ နှစ်နဲ့ ၆၄ နှစ်ကြား အရွယ်ရှိသူတွေဟာ တစ်ရာမှာ ၅၀ သာ အလုပ်အကိုင်ရရှိကြပြီး ကျန် ၅၀ ဟာ အလုပ်မဲ့နေတဲ့ သူတွေဖြစ်နေကြတယ်ဆိုတာကို ၂၀၁၄ ခုနှစ်က ထုတ်ပြန်ခဲ့တဲ့ ရခိုင်ပြည်နယ် သန်ခေါင်စာရင်းအရ သိရှိရပါတယ်။

 

အလုပ်အကိုင် ရှားပါးမှုကြောင့် ရခိုင်ဒေသထဲက ပြည်သူတွေဟာ ပြည်ပနိုင်ငံများကို သွားရောက်မှု များပြားလာပြီး ၂၀၁၄ ခုနှစ်မှာ ကောက်ခံထားတဲ့ သန်ခေါင်းစာရင်း ထုတ်ပြန်ချက် အရ နိုင်ငံခြားမှာ ရွေ့ပြောင်း အလုပ် လုပ်သူ တစ်သိန်း တစ်သောင်းကျော် (၃.၅၄) ရာခိုင်နှုန်း ရှိလာတယ်လို့ ဖော်ပြထားတာကို တွေ့ရပါတယ်။

 

ရခိုင်ဒေသက ပြည်မ၊ ပြည်ပကို ထွက်ခွာသူများပြားနေတာကြောင့်လည် နောက်ဆက်တွဲ အနေနဲ့ လူကုန်ကူးမှု အန္တရာယ်တွေကို စိုးရိမ်ရတယ်လို့ ရခိုင်ပြည်နယ် လူကုန်ကူးမှုတားဆီး ကာကွယ်နှိမ်နှင်းရေး အရာရှိ ဦးကျော်ညွန့်ကလည်း သုံးသပ်ပြပါတယ်။

 

“တစ်ရက်ကို လူတွေက ထောင်ချီပြီး ထွက်နေကြတာပါ ရန်ကုန်၊မန္တလေးကားတွေပဲကြည့် ကျန်တဲ့ ရေလမ်းတွေ မပါသေးဘူး လူငယ်တွေ ပါရင်တော့ ကျွန်တော်တို့က အလုပ်အကိုင်မက်လုံးပေးပြီး လူကုန်ကူးခံရနိုင်တဲ့ အခြေနေတွေကို ရှင်းပြပေးပါတယ်”

 

ရခိုင်ဒေသမှာ လူကုန်ကူးမှုဟာ ၂၀၁၀ကနေ၂၀၁၂ နစ်နာတာကာလအတွင်း ထိ ၁ မှုစီရှိပြီး တရားခံပေါင်း ၁၉ ဦး၊ ၂၀၁၃ ခုနစ်မှာ တရားခံမရရှိတဲ့ အမှု ၂ မှု၊ ၂၀၁၄ မှာ ၁ မှု ရှိနေရာကနေ ၂၀၁၅ မှာ မရှိဘဲ ၂၀၁၆ မှာ ၈ မှုအထိ မြင့်တက် လာကြောင်း စစ်တွေမြို့နယ် လူကုန်ကူးမှုဌာန တပ်ဖွဲ့ ၅ ရဲ့စာရင်းတွေကအရ သိရပါတယ်။

 

ဒီလို ရခိုင်ဒေသက အလုပ်အကိုင်ရှားပါးမှုကြောင့် ပြည်ပကို ထွက်ခွာမှုတွေကို ကာကွယ်ဖို့အတွက် အထည်ခြုပ်စက်ရုံတွေကို ဖွင့်လှစ်သွားမယ့် ရည်ရွယ်ချက်တွေ ရှိတယ်လို့လည်း ပြည်နယ်ဝန်ကြီးချုပ် ဦးညီဘုက ဆိုပါတယ်။

 

“ရခိုင်ပြည်နယ်မှာရှိတဲ့ တိုင်းသားတွေအပါအဝင် ပြည်သူတွေဟာ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတယ်။ ဒါတွေကို လက်တွေ့ကျကျဖြေရှင်းပြီးတော့ လုပ်ဆောင်မှာဖြစ်တဲ့အတွက် အင်မတန် ကောင်းတဲ့နည်းလမ်းဖြစ်ပါတယ်

 

အဆိုပါ ပြောဆိုမှုဟာ စစ်တွေမြို့နှင့် ကျောက်ဖြူမြို့တို့မှာ အထည်ချုပ်စက်ရုံများ တည်ထောင်နိုင်ရန် လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲတစ်ရပ်ကို ဒီဇင်ဘာလ (၁) ရက်နေ့က ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးမှာ ပြုလုပ်ခဲ့စဉ်က ပြောကြားခဲ့တာဖြစ်ပါတယ်။ ရေမြေသယံဇာတရှိပြီး အလုပ်အကိုင် အခွင့်လမ်းရှားပါးနေတဲ့ အခြေနေဟာ ပြည်နယ်အစိုးရရဲ့ အခက်ခဲတစ်ခုလည်း ဖြစ်နေပါတယ်။

ဒါပေမယ့် အခြားတစ်ဘက်မှာတော့ ကျောက်ဖြူအထူးစီးပွားရေးဇုန်၊ အန္ဒိယဘက်စုံစီမံကိန်း၊ ပုဏ္ဏားကျွန်းစက်မှုဇုန် စီမံကိန်းစတဲ့ ဖော်ဆောင်မှုတွေရှိနေပေမယ့် ပြည်သူတွေက ရခိုင်ဒေသရဲ့ စီမံကိန်းတွေကို စိတ်ဝင်မစားကြတာ ထူးခြားမလားလို့ ဆိုရမလားပါ။

ဗီဒီယိုများ