အနောက်လေပြင်းထဲက မောင်တော

ပြည်တွင်းစစ်ပွဲတွေနဲ့ မငြိမ်သက်သေးတဲ့ မြန်မာနိုင်ငံမှာ ရခိုင်ပြည်နယ်ထဲက မောင်တောဒေသဟာ နယ်စပ်မလုံခြုံမှုတွေနဲ့ တရားဥပဒေစိုးမိုးမှု အားနည်းတဲ့ အခြေနေတွေကြောင့်  ထိတ်လန်စရာ သတင်းတွေနဲအတူ ဒေသနေ ပြည်သူတွေကို ခြိမ်းခြောက်လာပါတယ်။

By မြနှင်းသူ 02 Jul 2017

ဓါတ်ပုံ - နိုင်ငံတော်အတိုင်ပင်ခံရုံး

ရေးသားသူ - မြနှင်းသူ 

 

ပြည်တွင်းစစ်ပွဲတွေနဲ့ မငြိမ်သက်သေးတဲ့ မြန်မာနိုင်ငံမှာ ရခိုင်ပြည်နယ်ထဲက မောင်တောဒေသဟာ နယ်စပ်မလုံခြုံမှုတွေနဲ့ တရားဥပဒေစိုးမိုးမှု အားနည်းတဲ့ အခြေနေတွေကြောင့်  ထိတ်လန်စရာ သတင်းတွေနဲအတူ ဒေသနေ ပြည်သူတွေကို ခြိမ်းခြောက်လာပါတယ်။

 

လူမျိုးရေး အဓိကရုဏ်းဆိုရင် ရခိုင်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ ၂၀၁၂ အရေးအခင်းကို မြင်ယောင်ကြပေမယ့် ၂၀၁၆ အောက်တိုဘာလမှာ နယ်ခြားစောင့် ရဲစခန်းတွေကို အကြမ်းဖက်မှု ဖြစ်ပွားခဲ့တာဟာ လူမှုရေးပြသနာတွေကြောင့် ပေါ်ပေါက်လာတဲ့ ဖြစ်ရပ်တစ်ခုမဟုတ်ခဲ့ပါ။

 

အောက်တိုဘာ မောင်တော နယ်ခြားစောင့် ရဲစခန်းတွေ အကြမ်းဖက်ခံရမှုဖြစ်စဉ်အပြီးမှာ အကြမ်းဖက်မှုတွေ၊ သတ်ဖြတ်မှုတွေကို ဦးတည်လာတာကလည်း ဌာနေတိုင်းရင်းသားတွေအပြင် ဒေသမှာ ရာစုနှစ်တစ်ခုစာ ဘင်္ဂလားဒေရှ်နိုင်ငံက ပြောင်းရွေ့နေထိုင်လာကြတဲ့ မှုစလင် လူမျိုးတွေကိုပါ ရက်စက်စွာ သတ်ဖြတ်မှုတွေ ဖြစ်လာပါတယ်။

 

ဒီအနေထားကို ၂၀၁၂ က ဖြစ်ပွားခဲ့တဲ့  ရခိုင်ဒေသ အရေးအခင်းတွေနဲ့ နှိူင်းယှဉ်ကြည့်ရင် လူမျိုးရေးပဋိပက္ခတစ်ခုထက် နယ်မြေသိမ်းဆင်နွဲနိုင်တဲ့ လုပ်ရှားမှုတွေရဲ့ သန္ဒေအဖြစ် အစချီလာကြတယ်ဆိုတာကို သုံးသပ်ရမှာပါ။ လက်ရှိအခြေနေမှာတော့ အကြမ်းဖက် ခံရမှာကို ကြောက်လန့်ကြတာကြောင့် မောင်တောနယ်ဘက်က ရွာသူရွာသားတွေဟာ တရွေ့ရွေ့ရှောင်တိမ်း နေကြပြီဖြစ်ပါတယ်။

 

မောင်တာမြို့မကျောင်းမှာ ခိုလှုံနေတဲ့သူတစ်ဦးဖြစ်တဲ့ မင်းခမောက်ကျေးရွာသူ မခင်မာချိုက ကြောက်ရွံ့ထိတ်လန့်မှုတွေကြောင့်ပဲ သူတို့ထွက်ပြေးလာကြတာလို့ DMG ကို ပြောဆိုပါတယ်။

 

စိုးရိမ်ရတဲ့ အခြေနေတွေကြောင့်ပါကျွန်မတို့ ရွာသူရွာသားတွေက တောင်ယာခုတ်စားတယ်။ ခုဆို တောကိုမသွားတော့ဘူးအကြမ်းဖက်သမားတွေရဲ့ ရန်ပြုမှာကို ကြောက်ပါတယ်။ တစ်ဦးနှစ်ဦး သုံးဦဆိုလည်း ခုက မသွားတော့ကြပါဘူး။ ”

 

တောင်ယာမသွားရဲတာဟာ မခင်မာချိုတစ်ဦးတည်းမဟုတ်ပါဘူး။ မောင်တောဒေသမှာရှိတဲ့ လယ်ယာလုပ်ငန်း လုပ်ကိုင်သူတွေပါ လုပ်ငန်းတွေကို ရပ်ဆိုင်းထားတဲ့ အခြေနေကို ရောက်ရှိတယ်လို့လည်း ဘူးသီးတောင်မြို့နယ် ပြည်နယ်လွှတ်တော်အမတ် ဦးထွန်းအောင်သိန်းက သူရဲ့တွေ့ရှိချက်ကို ထောက်ပြပါတယ်။

 

ဒေသခံ တိုင်းရင်းသား လူနည်းစု တောင်သူလယ်သမားတွေက မိုးစပါးစိုက်ပျိုးနိုင်ရေးအတွက် ပြင်ဆင်နေတဲ့ အချိန်ပဲဖြစ်ပါတယ်။ ဒီလိုပြင် ဆင်မှုတွေဟာ လုံးဝရပ်ဆိုင်းသွားမယ့် အခြေနေမျိုးကို ဖြစ်ပေါ်နေပါပြီ။ ”

 

သတ်ဖြတ်ခံရမှုများပြားလာခြင်း ၂၀၁၆ အောက်တိုဘာကနေ ဒီနေ့အချိန်ထိ အကြမ်းဖက်မှုတွေရဲ့ နောက်ဆက်တွဲအဖြစ် အပြစ်မဲ့ပြည်သူတွေ သေဆုံးရမှုကို နိုင်ငံတော်သမ္မတရုံရဲ့ ထုတ်ပြန်ချက်အရ  လူဦးရေ ၄၁ ဦးအထိရှိလာပြီဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။  ပျောက်ဆုံးသူ ၂၃ ဦးရှိနေတယ်လို့လည်း သိရပါတယ်။ ဒီအရေအတွက်ဟာ အကြမ်းဖက်မှု ဖြစ်ပေါ်ခဲ့တဲ့ ရက်နှူန်းထားနဲ့တွက်ကြည့်ရင် တစ်ပတ်ကို အပြစ်မဲ့ပြည်သူ ဦးနူန်းကျ သေဆုံးနေတာပါ။ ဒီလိုသေဆုံးမှုတွေကြောင့် နေရပ်စွန့်ခွာရှောင်တိမ်းနေတဲ့ သူတွေကို ကာကွယ်ပေးဖို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့အနေနဲ့ လိုက်နာဆောင်ရွက်သင့်တယ်လို့ ပြည်နယ်လွှတ်တော် ဥက္ကဌက ရခိုင်ပြည်နယ် လွှတ်တော် ဒုတိယအကြိမ် ပထမ အစည်းဝေးမှာ ပြည်နယ် လွှတ်တော်တော် ကိုယ်စားလှယ်တွေကို ပြောဆိုပါတယ်။

 

“ အထူးသဖြင့် ဘူးသီးတောင်၊ မောင်တောမြို့က လူတွေဟာ စီးပွားရေးအရ နယ်ရပ်ဒေသကို စွန့်ခွာတာမဟုတ်ပါဘူး။ အသက်အန္တရယ် စိုးရိမ်ရတဲ့ အခြေနေဖြစ်လို့ နေရပ်ကို စွန့်ခွာကြရတာပါ။ ဒီလူတွေကို ကာကွယ်ပေးရပါမယ်။ ”

 

သတ်ဖြတ်သေဆုံးခံခဲ့ရတဲ့ သူတွေကို ပြန်ကြည့်ရင် ကျေးရွာအုပ်ချုပ်ရေးမှူးတွေ၊ သတင်းမီဒီယာတွေကို ဖြစ်စဉ်အမှန်ကို ပြောကြားရှင်းလင်းပေးတဲ့သူတွေ ပါဝင်နေတာကလည်း တရားဥပဒေစိုးမိုးရေး အဆောက်အအုံမှာပါဝင်တဲ့ အခြေခံအုပ်မြစ်တွေကို ရှင်းလင်းနေတဲ့သဘောလို့ ယူဆနိုင်စရာရှိပါတယ်။ ကမ္ဘာအရပ်ရပ်က အကြမ်းဖက်မှုတွေကို စောင့်ကြည့်လေ့လာတဲ့  Janes defence စာမျက်နှာရဲ့ ဖော်ပြချက်တွေအရ ရခိုင်ပြည်နယ်အကြမ်းဖက်မှုကို နည်းလမ်းသုံးမျိုးနဲ့ ဆောင်ရွက်နေတယ်လို့ သုံးသပ် တင်ပြထားပါတယ်။

 

လုံခြုံရေးတပ်ဖွဲ့ဝင်များအား ခြုံခိုတိုက်ခိုက်ခြင်း

။ လက်လုပ်ဗုံး (Improvised ,Explosiv,IED) နဲ့ တိုက်ခိုက်ခြင်း

။ လုံခြုံရေးအရ ပူးပေါင်းဆောင်ရွက်တဲ့ မှုစလင်လူမျိုးတွေကို သတ်ဖြတ်ခြင်း

(ကျေးရွာအုပ်ချုပ်ရေးမှူး စသည်ဖြင့်) ဆိုပြီး ဖြစ်ပါတယ်။

သတ်ဖြတ်ခံရမှုတွေ များပြာလာတတွေနဲ့ ပတ်သက်ပြီး  ပြည်သူတွေကို လုံခြုံရေးအရယူပေးနိုင်ဖို့ ပြည်နယ်လွှတ်တော်ကို တိုက်တွန်းထားတယ်လို့လည်း မောင်တောမြို့နယ် ပြည်နယ်လွှတ်တော် အမတ် ဦးမောင်အုန်းက ဆိုပါတယ်။

 

“ လုံခြုံရေးတွေကို တင်းတင်းကျပ်ကျပ်ချပေးဖို့ ကျေးလက်ဒေသ၊ မြို့ပေါ်ဒေသ ရပ်ကွက်တွေမှာပါ ပြည့်ပြည့်ဝဝချပေးဖို့ တောင်းဆိုကြမှာပာ။ ”

 

အကြမ်းဖက်သမားများ ထွက်ပေါ်လာခြင်းဟာ မောင်တောမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုကို ပြန်ထောက်ရှုရင် ၁၉၄၅-၅၀ လွှတ်လပ်ရေးခေတ်ဦးက ဘူးသီးတောင်၊ မောင်တောဒေသမှ သောင်းကျန်းခဲ့တဲ့ မူဂျာဟစ်သူပုန်တွေရဲ့ သီးခြားအစ္စလာမ္မစ်နိုင်ငံတော် တည်ထောင်ရေးကို အကောင်အထည်ဖော်လာနိုင်ဖို့ ပြန်လည်ကြိုးစားလာကြတယ်လို့ အကြမ်းဖက်သမားတွေက လူမှုကွန်ရက်စာမျက်နှာတွေပေါ် ထုတ်လွှင့်တဲ့ ရုပ်သံမှတ်တမ်းတွေအရ သိရှိရပါတယ်။ အကြမ်းဖက်သမားတွေဟာ ဂလိုဘယ်လိုင်ဇေးရှင်းရဲ့ အားနည်းချက်ကို ရယူပြီး အချိန်အနည်းငယ် အတွင်းမှာ သတင်းအချက်အလက်တွေအဖြစ် နိုင်ငံတကာမီဒီယာအသီးသီးမှာ  လက်ဦးမှုကိုရယူပြီး ဆင်နွဲ့ခဲ့ကြပါတယ်။

 

၂၀၁၄ ခုနှစ် မေလအတွင်းမှာလည်း မောင်တောရှိ နယ်ခြားစောင့် ရဲစခန်းတွေကို အကြမ်းဖက် သမားတွေက တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ အောက်တိုဘာ အကြမ်းဖက်ဖြစ်စဉ်ဟာ အရှေ့တောင်အာရှက တခြားနိုင်ငံတွေနည်းတူ အကြမ်းဖက်မှုတွေနဲ့ ဆင်တူနေတာကိုလည်း သတိထားမိစရာပါ။

 

အကြမ်းဖက်သမားတွေဟာ မောင်တောမြို့နယ်နဲ့ ရသေ့တောင် မြို့နယ်ထဲက အမှတ် () နယ်ခြားစောင့် ရဲကွပ်ကဲမှုဌာနချုပ် (ကျီးကန်းပြင်) ကိုးတန်ကောက် ရဲကင်းစခန်းနဲ့ ငါးခူရ နယ်မြေရုံးတွေကို စီးနင်းတိုက်ခိုက်တာကြောင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် စုစုပေါင်းကိုးဦး ကျဆုံးခဲ့ပြီးတော့ လက်နက်မျိုးစုံ ၄၈ လက်၊ ကျည်မျိုးစုံ ၆၆၂၄ တောင့်၊ လှံစွပ် ၄၇ ချောင်း၊ ကျည်အိမ် ၁၆၄ ခု ဆုံးရှုံးခဲ့တယ်လို့ နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ခဲ့ပါတယ်။

 

အကြမ်းဖက်သမားတွေကို စစ်ရေးအရ တပ်မတော်က နယ်မြေရှင်းလင်းစဉ်မှာလည်းပဲ အကြမ်းဖက်သမားတွေရဲ့ ဝါဒဖန့်ချိန်သူတွေက တပ်မတော်အပေါ် လူအခွင့်ရေးစောင့်ကြည့်သူတွေရဲ့ သံသယကို ရရှိအောင်ပြုမှုခဲ့ကြပါတယ်။  သံသယရဲ့ နောက်ဆက်တွဲကြောင့် မလေးရှားနိုင်ငံက ဝန်ကြီးချုပ်ကိုယ်တိုင် ခေါင်းဆောင်ပြီး မြန်မာအစိုးရကို ဆန္ဒပြမှုတွေရှိခဲ့တယ်။ အကြမ်းဖက် စစ်သွေးကြွသမားတွေဟာ ပါကစ္စတန်နဲ့ ဘင်္ဂလားဒေ်ရှ်နိုင်ငံသားတွေ ပါဝင်တယ်လို့လည်း နိုင်ငံတော်သမ္မတရုံးက အောက်တိုဘာလ ၁၄ ရက်နေ့က ထုတ်ပြန်ပါတယ်။ သို့နည်းတူ မောင်တောဒေသမှာရှိတဲ့ အစွန်းရောက်သူတွေကို ခေါ်ယူပြီး ဘင်္ဂလားဒေရှ် ဒုက္ခသည်စခန်းတွေမှာ အကြမ်းဖက်သင်တန်းပေးမှုတွေ ပြုလုပ်တယ်လို့လည်း သတင်းတွေထွက်ပေါ်ခဲ့ပြီးဖြစ်ပါတယ်။

မြန်မာနိုင်ငံက ထွက်ခွာခဲ့ကြတဲ့ မလေးရှားရောက် မှုစလင်တွေကိုလည်း ဖိလစ်ပိုင်လုံခြုံရေး တပ်ဖွဲ့တွေနဲ့ တိုက်ခိုက်နေတဲ့အစ္စလာမ်မစ် စစ်သွေးကြွအဖွဲ့ထဲမှာပါဝင်ဖို့ စည်းရုံနေကြသူတွေလည်းရှိနေတယ်လို့  အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်မှ အကြမ်းဖက် ပဋိပက္ခတွေကို စောင့်ကြည့်လေ့လာတဲ့ The Institution for Policy Analysis of Conflict (IPAC) က ဆိုပါတယ်။

 

IPAC က မေလအတွင်းက ထုတ်ပြန်ခဲ့တဲ့ “ How Southeast Asia and Bangladeshi Extremism Intersect ” အစီရင်ခံစာမှာ  ဘင်္ဂလားဒေ့ရ်ှနဲ့ မြန်မာနိုင်ငံမှ အဖြစ်အပျက်တွေဟာ  တောင်အာရှနှင့် အရှေ့တောင်အာရှမှ အစွန်းရောက်တွေရဲ့ ဆက်သွယ်မှုကြောင့်လို့ ထောက်ပြထားပါတယ်။ အကြမ်းဖက်သမားတွေဟာ မောင်တောဒေသတွင်းမှာရှိတဲ့ ပြည်သူတွေကို ကြောက်ရွံ့အောင် ရက်စက်တဲ့ သတ်ဖြတ်မှုတွေနဲ့ နယ်မြေမတည်ငြိမ်အောင် ခြိမ်းခြောက်လာတာကို နေ့စဉ်လိုလိုတွေ့ရှိလာရပါတယ်။

လက်ရှိအခြေနေမှာလည်း အကြမ်းဖက်သမားတွေရဲ့ စစ်သင်တန်းပေးနေတဲ့ ခိုလှုံကြတဲ့ နေရာတွေကိုလည်း မေယုတောင်ကြောပေါ်မှာ တွေ့ရှိခဲ့ပြီဖြစ်ပါတယ်။

 

ပြည်နယ်လွှတ်တော်နှင့် မောင်တောအရေး ရခိုင်ပြည်နယ် လွှတ်တော်က အောက်တိုဘာ မောင်တောအကြမ်းဖက်မှုဖြစ်စဉ်နှင့် ပတ်သက်ပြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေပါဝင်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မတီတစ်ရပ်ကို ဖွဲ့စည်းပြီး စုံစမ်းစစ်ဆေးမှုတွေကို ပြုလုပ်ခဲ့ကြပါတယ်။ စုံစမ်းစစ်ဆေးရေး ကော်မတီတွေရဲ့ တွေ့ရှိချက်တွေ ပြုပြင်ဆောင်ရွက်ပေးဖို့ တောင်းဆိုခဲ့ပေမယ့် ထိရောက်စွာ စွမ်းဆောင်နိုင်မှုတွေ မရှိဘူးလို့ ဘူးသီးတောင် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက ဇွန် ၂၉ ရက်နေ့မှာ တိုက်တွန်းခဲ့တဲ့ မောင်တောဒေသ ဌာနေတိုင်းရင်းသားများအား ကာကွယ်ပေးနိုင်ရေးနဲ့ ပတ်သက်တဲ့အဆို တင်သွင်းစဉ်ပြောကြားခဲ့ပါတယ်။

 

“ ကာကွယ်ရေးလုံခြုံရေး လူမှုစီးပွားဘဝ အခြေနေအရပ်အရပ်ကို ပြုုပြင်ပေးဖို့ ဖော်ပြတောင်းဆိုခဲ့ပါတယ်။ ဒါပေမယ့် ထိရောက်တဲ့ ပြင်ဆင်ဆောင်ရွက်မှုကို ပြည်ထောင်စုအဆင့် ပြည်နယ် အစိုးရအပါအဝင် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့်ဖွံဖြိုးတိုးတက်ရေး ဗဟိုကော်မတီနဲ့ ဖွံဖြိုးတိုးတက်ရေး ဗဟိုကော်မတီနဲ့ အဲဒီကော်မတီရဲ့ ဆပ်ကော်မတီအသီးသီးကလည်း ထိထိရောက်ရောက် စွမ်းဆောင်နိုင်တာ မတွေ့ရပါဘူးလို့ ” ဝေဖန်ထောက်ပြပါတယ်။

ဓါတ်ပုံ - နိုင်ငံတော်အတိုင်ပင်ခံရုံး

နိုင်ငံတော်အစိုးရကတော့ ၂၀၁၇ ခုနှစ် ဇွန်လ ၁၆ ရက်နေ့အထိ ရခိုင်ဒေသကို လူသားချင်းစာနာ ထောက်ထားမှု အကူအညီ အမေရိကန်ဒေါ်လာ .၉၆ သန်း ထောက်ပံ့ပေးပြီးဖြစ်တယ်လို့ ဇူလိုင် ရက် ရက်စွဲနဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းအခြေနေ ရှင်းလင်းချက်အဖြစ် ထုတ်ပြန်ထားပါတယ်။

မောင်တောဒေသမှာ ဖြစ်ပေါ်ခဲ့တဲ့ ရဲတပ်ဖွဲ့စခန်းများ တိုက်ခိုက်ခံရမှု ဖြစ်စဉ်နှင့်ဆက်နွယ်ပြီး တရားစွဲထိုးသည့် အမှုများအဖြစ် ရာဇဝတ်ကြီးမှု ဦးရေ ၃၀ နဲ့ အထွေထွေ ရာဇဝတ်မှုဦးရေ ၂၆ မှုအဖြစ် ရှိနေပြီ ဖြစ်တယ်လိုလည်း ပြည်နယ်လွှတ်တော် တရားသူကြီးချုပ် ဦးကျောက်က ဆိုပါတယ်။

" တရားစွဲဆိုမှု အခြေအနေတွေအဖြစ် မောင်တောခရိုင်တရားရုံး (ဘူးသီးတောင်ရုံးထိုင်) မှာ ရာဇဝတ်ကြီးမှုဦးရေ မှု၊ တရားခံ ၄၂၄ ဦး၊ ရာဇဝတ်အထွေထွေအမှု မှု၊ တရားခံ ၁၁၈၇ ဦး၊ ဘူးသီးတောင်မြိုနယ်တရားရုံးမှာ ရာဇဝတ်ကြီး အမှု ၁၁ မှု၊ တရားခံ ၅၀၂ ဦး၊ ရာဇဝတ် အထွေထွေမှု ၁၁ မှု၊တရားခံ ၁၂၇၉ ဦး၊ ဘူးသီးတောင်မြို ့နယ်တရားရုံးမှာပဲ ကလေးသူငယ် အမှုအဖြစ် မှုနဲတရားခံ ဦး၊ စစ်တွေခရိုင်တရားရုံးမှာ ရာဇဝတ်ကြီး အမှု မှုနဲတရားခံ ၁၄ ဦး၊ ရာဇဝတ်အထွထွေအမှု မှု တရားခံ ၂၆ ဦး၊ စစ်တွေမြို့နယ်တရားရုံးမှာ ရာဇဝတ်ကြီးမှု ဦးရေ မှု တရားခံ ၁၄ ဦး ရာဇဝတ် အထွေထွေအမှုဦးရေ မှု တရားခံ ၂၆ ဦး တို့ကို တရားစွဲဆိုမှု အဖြစ်ဆောင်ရွက်ထားပါတယ်။ ”

 

ရခိုင်ပြည်နယ် လွှတ်တော် အစည်းအဝေးမှာ ပြည်နယ်တရားစီရင်ရေး အစီရင်ခံစာခံစာနဲ့ ပတ်သက်ပြီး ဖတ်ကြားစဉ် ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ တရားခံပြေးအဖြစ် ၁၃၀၅ ဦးရှိသလို တရားစွဲဆိုသူ အဖြစ် ၅၁၆ ဦးရှိတယ်လို့လည်း အဆိုပါ အစီရင်ခံရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

ရခိုင်ပြည်နယ်ရဲ့ ဝန်ကြီးချုပ်ဟောင်းလည်းဖြစ် လက်ရှိ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် တစ်ဦးအဖြစ်လည်း တာဝန်ထမ်းဆောင်နေတဲ့ ဦးမောင်မောင်အုန်းကတော့ မောင်တောအရေးခင်းကို သူသာလက်ရှိအစိုးရနေရမှာဆိုရင် နိုင်ငံတကာနှင့် လူအခွင့်ရေးအဖွဲ့တွေကို အချိန်နှင့်တစ်ပြေးညီ ခေါ်ယူရှင်းပြ ဖြေရှင်းသွားမှာဖြစ်တယ်လို့ အားမလိုအားမရ ပြောဆိုလိုက်ပါတယ်။

ဗီဒီယိုများ