မောင်တောကျဆုံးခန်း ရောက်ပြီလား

တစ်ကမ္ဘာလုံးက အားပေးထောက်ခံခြင်းကိုခံနေရတဲ့ ရခိုင်ပြည်နယ်ရှိ လူအခွင့်အရေးအခွင့်ထူးခံ ဘင်္ဂါလီတွေရဲ့ ရည်ရွယ်ချက်၊ ဦးတည်ချက်တွေဟာ ဖုံးဖိမရနိုင်လောက်အောင် ပေါက်ကွဲလာခဲ့ပါတယ်။ ၂၀၁၂ ခုနှစ် ပဋိပက္ခမှ အစပြုပြီး အကြမ်းဖက်မှုဖြစ်စဉ်တွေကို တစိုက်မတ်မတ် လုပ်ကိုင်လာခဲကြတဲ့ ဘင်္ဂါလီတွေဟာ အခုအချိန်မှာ တော့ အတော်အင်အား ကောင်းနေပြီလည်းဖြစ်တယ်။ လက်နက်တွေ၊ စစ်သင်တန်းတွေ၊ တပ်စခန်းတွေအထိ သူတို့ တိုးချဲ့လုပ်ကိုင်လာပြီးတော့ ဒေသတွင်း မတည်ငြိမ်မှုတွေကို အBကိမ်ပေါင်းများစွာလုပ်ကိုင်လာခဲ့ ကြပါတယ်။ အထူးသဖြင့် ဘင်္ဂါလီလူမျိုးအချင်းချင်းမှာတောင် အစိုးရနဲ့ ဆက်စပ်သူ၊ သတင်းမီဒီယာတွေနဲ့ ဆက် စပ်သူတွေကို သတ်ဖြတ်မှုတွေပြုလုပ်လာကို ကြည့်ခြင်းအားဖြင့် အစိုးရရဲ့ယန္တရားတစ်ခုလုံး မောင်တောဒေသ မှာ လည်ပတ်မှုမရှိအောင် ပြုလုပ်နေတယ်ဆိုတာဟာ ပေါ်လွင်နေပါတယ်။

By မောင်ဇော်ခိုင် 26 Aug 2017

လူပေါင်းရာနှင့်ချီ အကြမ်းဖက်သတ်ဖြတ်မှုခံရခြင်း၊ ပျောက်ဆုံးခြင်းတွေရဲ့နောက်ကွယ်က မောင်တောဒေသဟာ အခုဆိုရင် ရဲတပ်ဖွဲ့စခန်းတွေကို ဘင်္ဂါလီအကြမ်းသမားတွေ ဝင်ရောက်စီးနင်းတိုက်ခိုက်တာဟာ လက်ရှိ NLD အစိုးရလက်ထက် ဒုတိယအကြိမ်အဖြစ် တိုက်ခိုက်ခံရတာလည်းဖြစ်ပါတယ်။

တစ်ကမ္ဘာလုံးက အားပေးထောက်ခံခြင်းကိုခံနေရတဲ့ ရခိုင်ပြည်နယ်ရှိ လူအခွင့်အရေးအခွင့်ထူးခံ ဘင်္ဂါလီတွေရဲ့ ရည်ရွယ်ချက်၊ ဦးတည်ချက်တွေဟာ ဖုံးဖိမရနိုင်လောက်အောင် ပေါက်ကွဲလာခဲ့ပါတယ်။ ၂၀၁၂ ခုနှစ် ပဋိပက္ခမှ အစပြုပြီး အကြမ်းဖက်မှုဖြစ်စဉ်တွေကို တစိုက်မတ်မတ် လုပ်ကိုင်လာခဲကြတဲ့ ဘင်္ဂါလီတွေဟာ အခုအချိန်မှာ တော့ အတော်အင်အား ကောင်းနေပြီလည်းဖြစ်တယ်။ လက်နက်တွေ၊ စစ်သင်တန်းတွေ၊ တပ်စခန်းတွေအထိ သူတို့ တိုးချဲ့လုပ်ကိုင်လာပြီးတော့ ဒေသတွင်း မတည်ငြိမ်မှုတွေကို အBကိမ်ပေါင်းများစွာလုပ်ကိုင်လာခဲ့ ကြပါတယ်။ အထူးသဖြင့် ဘင်္ဂါလီလူမျိုးအချင်းချင်းမှာတောင် အစိုးရနဲ့ ဆက်စပ်သူ၊ သတင်းမီဒီယာတွေနဲ့ ဆက် စပ်သူတွေကို သတ်ဖြတ်မှုတွေပြုလုပ်လာကို ကြည့်ခြင်းအားဖြင့် အစိုးရရဲ့ယန္တရားတစ်ခုလုံး မောင်တောဒေသ မှာ လည်ပတ်မှုမရှိအောင် ပြုလုပ်နေတယ်ဆိုတာဟာ ပေါ်လွင်နေပါတယ်။

ဘင်္ဂါလီတွေရဲ့ အကြမ်းဖက်တိုက်ခိုင်မှုလုပ်ရပ်တွေဟာ သမိုင်းနှင့်ချီပြီးရှိခဲ့ပေမယ့် မြန်မာနိုင်ငံရဲ့ အသစ်၊ အသစ်တက်လာကြတဲ့ အုပ်ချုပ်သူအသိုင်းဝိုင်းက ဒါတွေကိုလျစ်လျူရှု့ခဲ့ကြပါတယ်။ လက်ရှိအချိန်မှာတော့ သက်တမ်းနုမြန်မာဒီမိုကရေစီဟာ ဘင်္ဂါလီအရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာရဲ့ဖိအားပေးမှုကို မလွန်ဆန်နိုင်ခဲ့ပေ။ ပဋိပက္ခတွေကိုငြိမ်းချမ်းစွာဖြေရှင်းဖို့ တရားဥပဒေစိုးမိုးရေး၊ ဒေသတည်ငြိမ်ရေး၊ နှစ်ဖက် လူ့ အသိုင်းအဝိုင်းကြား အမုန်းတရားတွေ ဖြေလျော့ရေး အစိုးရကလုပ်ဆောင်နေတဲ့အချိန်ဟာ အကြမ်းဖက် သမားတွေ အတွက် အခွင့်အရေးတစ်ရပ်လိုဖြစ်လာတာလည်းဖြစ်ပါတယ်။ လူဦးရေပေါက်ကွဲမှု၊ ဒေသတွင်းပိတ် လှောင်ထားမှုကြောင့် အဆမတန်တိုးပွားနေတဲ့ ဘင်္ဂါလီလူဦးရေဟာ မောင်တောဒေသကို လွှမ်းမိုးဖို့ အဆင့် အသင့်လည်းဖြစ်တယ်။

နယ်စပ်ချင်းတိစပ်နေတဲ့ မေယုတောင်ကြော့တစ်လျှောက် အကြမ်းဖက်သမားတွေဟာ ဒေသခံတွေကို အခွင့် အရေးရရင်ရသလို သတ်ဖြတ်ဖမ်းဆီးနေကြတာဟာ အခုဆိုရင် ဒေသခံတွေအနေနဲ့ လုပ်ငန်းခွင်ဝင်ဖို့နဲ့ ငါးဟင်း ရှာဖွေဖို့တောင် စိုးရိမ်နေကြပါတယ်။ အဲဒီထဲ အဆိုးဆုံးအခြေအနေကတော့ ပြီးခဲ့တဲ့ သြဂုတ်လ ၃ ရက်နေ့ က ကိုင်းကြီးကျေးရွာမှာ နေထိုင်တဲ့ ဒေသခံမြိုလူမျိုး ၈ ဦး သတ်ဖြတ်ခံရတာဟာ ဒေသခံတွေကို ပိုမိုပြီး ခြောက်လှန့် လိုက်တယ်လို့ဆိုနိုင်ပါတယ်။ လက်ရှိအချိန်ထိ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောစတဲ့ မြို့နယ်တွေဟာ ဘင်္ဂါလီအကြမ်းဖက်သမားတွေရဲ့ သတ်ဖြတ်ခံရမှုကြောင့် ဇွန်လနောက်ဆုံးစာရင်းအရ လူပေါင်း ၄၁ သေဆုံးခဲ့ရပြီး၊ လူပေါင်း ၂၃ ဦးမှာ ပျောက်ဆုံးနေတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီကနေ ထုတ်ပြန်ထားပါတယ်။ 

၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့က ကျီးကန်းပြင်နယ်ခြားစောင့်ရဲ့ တပ်ဖွဲ့ဌာနချုပ်တိုက်ခိုက်ခံရပြီး နောက်ပိုင်း သြဂုတ်လ ၂၄ ရက်နေ့ ညက ဖြစ်စဉ်ကို ကြည့်ခြင်းအားဖြင့် တပ်ရင်း၊ ရဲခန်း၊ ရဲကင်း ၃၀ ကို တစ်ချိန်းတည်း တစ်ပြိုင်တည်း တိုက်ခိုက်တာဟာ ဘင်္ဂါလီအကြမ်းဖက်သမားတွေရဲ့အင်အား ဘယ်လောက်အားကောင်းနေပြီ ဆိုတာကိုလည်းပြသနေပါတယ်။ ဒါ့အပြင် မစ္စတာကိုဖီအာနမ်ဦးဆောင်တဲ့ ရခိုင်အရေးစုံစမ်းရေး အပြီးသတ်အစီရင်ခံစာကို အစိုးရဆီတင်သွင်းတဲ့ အချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် အစီရင်ခံစာပါ ၁၉၈၂ နိုင်ငံသားဥပဒေနှင့်အညီ လုပ်ဆောင်ရမယ့်အချက်တွေကို ဘင်္ဂါလီတွေဖက်က လိုလားမှု မရှိဘူးဆိုတာကို သံသယဖြစ်ဖွယ်တွေ့မြင်ရပါတယ်။

အခုလိုအချိန်ကိုက်အခါကိုက် လုပ်ကြံတိုက်ခိုက်မှုတွေဟာ မောင်ဒေသမှာ အချိန်အခါမရွေးဖြစ်လာနိုင်ပါတယ်။ အရင် ဒုတိယကမ္ဘာစစ်ကာတုန်းကလဲ ဒီအဖြစ်မျိုးရှိခဲ့သလို၊အခုလက်ရှိလည်းရှိနေတုန်းဖြစ်ကာ နောက်လည်း ရှိနေဦးမယ်ဆိုတာမြေကြီးလက်ခတ်မလွဲပါ။ အခုလို တစ်ချိန်တည်း တစ်ခါတည်း လုံခြုံရေးစခန်းတွေကို တိုက် ခိုက်ပြီးတော့ ဒေသတစ်လုံးကို အပိုင်သိမ်းပစ်မည့် အကြံအစဉ်တွေဟာ ဘင်္ဂလီတွေရဲ့ လုပ်ရိုးလုပ်စဉ်တစ်ခု လည်းဖြစ်တယ်။

တစ်ဖက်မှာလည်း ရခိုင်အရေးနဲ့ပတ်သက်ပြီး လွှတ်တော်အတွင်းတင်သွင်းတဲ့ အဆိုတွေ၊ မေးခွန်းတွေဟာ လည်းထိရောက်မှုမရှိပဲ ပယ်ချခံရတာတွေ၊ မဲခွဲဆုံးဖြတ်ရာမှာ ရှုံးနိမ့်တာတွေကိုရင်ဆိုင်နေရတာလည်းဖြစ်သလို ဘင်္ဂါလီအရေးနဲ့ပတ်သက်ပြီးတော့ အစိုးရအနေနဲ့ ထိရောက်စွာကိုင်တွယ်ဖို့ တော်တော်လေး ခက်ခဲနေတဲ့ သဘောကိုဆောင်နေပါတယ်။ အခုဖြစ်စဉ်ဟာဆိုရင် ရသေ့တောင်၊ဘူးသီးတောင်နဲ့မောင်တော ဒေသတွေကို တပ်မတော်က စစ်သည်အင်အား အလုံးအရင်းနဲ့ နယ်မြေရှင်းလင်းနေတဲ့အချိန်လည်းဖြစ်တယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၄ ရက်နေ့က ရသေ့တောင်မြို့နယ်၊ အောက်နန်းရာကျေးရွာကဖြစ်စဉ်ကို ကြည့်ခြင်းအား ဖြင့်လည်း တစ်ရွာလုံးလိုလို အကြမ်းသမားတွေဖြစ်နေပြီလိုလည်းဆိုနိုင်သလို လူထုကြားထဲ စိမ့်ဝင်နေတဲ့ အကြမ်းသမားတွေဟာ သီးသန့် တပ်စခန်းတွေနဲ့ အခြေချနေထိုင်တာမဟုတ်ပဲ လူထုကြားထဲစိမ့်ဝင်နေတဲ့ အတွက် အရပ်သားနဲ့ အကြမ်းသားတွေကို ခွဲခြားဖို့ဆိုတာလည်းတော်တော်လည်းခက်ခဲပါတယ်။ ဆိုတော့ အဲဒီဒေသက ဘင်္ဂါလီတိုင်းဟာလည်း အကြမ်းဖက်သမားတွေဖြစ်နိုင်သလို၊ အကြမ်းဖက်သမားတိုင်း ဟာလည်း ဘင်္ဂါလီတွေဆိုတာတော့ ငြင်းလို့မရတဲ့အခြေအနေတွေမှာရှိပါတယ်။

အကြမ်းဖက်မှုဖြစ်စဉ်တွေထဲမှာ ယမန်နေ့ကဖြစ်စဉ်ဟာ ဆိုရင် မောင်တောမြို့ပေါ်ရပ်ကွက်တွေအထိ ရောက်လာခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ အကြမ်းဖက်သမားတွေကို လိုက်လံရှင်းလင်းရန် အခက်အခဲဖြစ်စေဖို့ တံတားတွေကို ဖျက်ဆီးတာတွေ၊ လမ်းတွေမှာ မြောင်းတွေတူးဖေါ်ခဲတာရှိသလို မိုင်းထောင်ထားခဲ့ခြင်း၊ ဗုံးခွဲခြင်းတွေ အထိလုပ်လာတာဟာ မောင်တောဒေသရဲ့ အလွန်တရာစိုးရိမ်ဖွယ်ရာ ကိစ္စလည်းဖြစ်ပါတယ်။

မနေ့က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် အစွန်းရောက်ဘင်္ဂလီတွေနဲ့ တပ်မတော်အပါဝင် လုံခြုံရေးတပ်ဖွဲ့ ဝင်တွေကြားတိုက်ပွဲတွေဟာ အခုအချိန်ထိဖြစ်ပွားလျှက်ရှိပြီး  အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်ခြင်းကိုခံခဲ့ရ တဲ့ ကင်းစခန်းပေါင်း ၃၀၊ ကျဆုံးသူ တပ်မတော်သား ၁ ဦး၊ ရဲတပ်ဖွဲ့ဝင် ၁၀ ဦး၊ ဒုလဝကမှူး ၁ ဦး၊ စုစုပေါင်း ၁၁ ဦးခန့်ရှိကာ ဒဏ်ရာရသူ ၁၁ ဦးအထိရှိပြီး ၃ ဦးမှာစိုးရိမ်ရတဲ့ အခြေအနေတွေရှိနေပြီး အကြမ်းဖက်ဘင်္ဂါလီ တွေဖက်က အလောင်း ၅၉ လောင်း၊ အရှင် ၁ ဦးကိုဖမ်းဆီးရမိထားတယ်လို့ နိုင်ငံတော်အတိုင်အပင်ခံရုံး သတင်းထုတ်ပြန်ရေးကော် မတီက ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် ဒေသတွင်းစိုးရိမ်နေကြတဲ့ ရခိုင်အပါဝင် တစ်ခြားတိုင်းရင်းသားတွေဟာလည်း ဘေးလွတ်ရာကို ရွေ့ပြောင်းလာနေကြသလို လမ်းတွေပိတ်ထားတဲ့ အတွက် ပိတ်မိနေတဲ့ရွာတွေ ဘူးသီးတောင်နဲ့ မောင်တောမှာ ကျေးရွာပေါင်း ၅၀ ခန့်ရှိနေကြတယ်လို့ ဆိုပါတယ်။ အကြမ်းဖက်သမားတွေဟာ ကျေးရွာတွေကို မီးရှို့ထွက်ပြေးတာတွေ၊ ရဲတပ်ဖွဲ့ဝင်တွေရဲ့ကားတွေကို မှိုင်းခွဲဖျက်ဆီးခဲ့ကြပါသေးတယ်။  

အခုလိုအကြမ်းဖက်သမားတွေရဲ့လုပ်ရပ်တွေကို ထိထိမိမိ လုပ်ဆောင် နိုင်ခြင်းမရှိဘူးဆိုရင် မောင်တောခရိုင်ဟာ အချိန်မရွေး ဘင်္ဂါလီအကြမ်းသမားတွေလက်ထဲ ကျရောက်သွား နိုင်သလို ဒေသခံတွေအနေနဲ့ ထိခိုက်နစ်နာမှုဟာလည်း ဆိုးရွားစွာဖြစ်ပေါ်လာနိုင်ပါတယ်။ ဒါကြောင့် အစိုးရ အနေနဲ့ အကြမ်းဖက်မှုဖြစ်စဉ်တွေကို ထိထိရောက်ရောက်ကိုင်တွယ် မဖြေရှင်းသရွေ့၊ အကြမ်းဖက်မှုတွေကို သာမန်ဖြစ်ရိုးဖြစ်စဉ်တစ်ခုကို သတ်မှတ်နေသရွေ့ မောင်တောဒေသဟာ ငြိမ်းချမ်းမှုနဲ့ အလှမ်ဝေးနေဦးမည်ကို ပြည်နယ်အစိုးရရော၊ ပြည်ထောင်စုအစိုးရကပါ အထူးသတိပြု အလေးအနက်ထားဖို့ လိုအပ်ပါကြောင်း တိုက်တွန်းလိုက်ရပါတယ်။

 

ဗီဒီယိုများ