တည်ငြိမ်နေသယောင် ထင်ရတဲ့ ပေါက်တောမြို့နယ်
28 Oct 2022
ရခိုင်ပြည်နယ်အလယ်ပိုင်းမှာရှိတဲ့ ပေါက်တောမြို့နယ်ဟာ စစ်တွေမြို့ရဲ့ အရှေ့ဖက် ရေမိုင် (၁၂)မိုင်အကွာမှာ တည်ရှိတာပါ။ မြို့ပေါ်ရပ်ကွက် (၅)ခုမှာ လူဦးရေ (၁၉၁၅၇)ဦးနဲ့ ကျေးရွာအုပ်စု(၅၃)အုပ်စုနဲ့ ကျေးရွာပေါင်း (၁၇၉)ရွာမှာ လူဦးရေစုစုပေါင်း (၁၇၁၆၉၂)ဦး ရှိတယ်လို့ ၂၀၁၉ ခုနှစ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ စာရင်းက ဖော်ပြပါတယ်။