မေတ္တာရှင်တို့ ယိုင်နဲ့လာရချိန်
19 Aug 2022
ရွှေရောင်မေတ္တာဖောင်ဒေးရှင်းအသင်းကို ၂၀၁၉ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့တွင် ပရဟိတအလုပ်ကို စိတ်ဝင်စားသည့် လူ(၁၀)ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ယင်းအချိန်က ရွှေရောင်မေတ္တာ လူမှုကူညီရေးအသင်းတွင် မြောက်ဦးဆရာတော်ထံမှ အကူအညီတောင်းခံ၍ ရရှိထားသည့် ယာဉ်တစ်စီးတည်းဖြင့် လူမှုကူညီရေးလုပ်ငန်းကို စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။