ကိုဗစ်ကူးစက်မှု မြင့်တက်မလာအောင် ဘယ်လိုထိန်းချုပ်သင့်သလဲ
19 Dec 2021
ရခိုင်ပြည်နယ်တွင် ကိုဗစ်ကူးစက်မှု မည်ကဲ့သို့ထိန်းချုပ်သင့်သည်နှင့် လက်ရှိကိုဗစ်ဖြစ်ပွားမှု အခြေအေနများအပေါ် ရခိုင်အရပ်ဖက်အဖွဲ့ အစည်းများ၏ အမြင်များကို DMG မှ မေးမြန်းထားသည်။
19 Dec 2021
ရခိုင်ပြည်နယ်တွင် ကိုဗစ်ကူးစက်မှု မည်ကဲ့သို့ထိန်းချုပ်သင့်သည်နှင့် လက်ရှိကိုဗစ်ဖြစ်ပွားမှု အခြေအေနများအပေါ် ရခိုင်အရပ်ဖက်အဖွဲ့ အစည်းများ၏ အမြင်များကို DMG မှ မေးမြန်းထားသည်။
13 Dec 2021
အဓိကတော့ AA နဲ့ မြန်မာစစ်တပ်ကြားမှာ နှုတ်ကတိမျိုးနဲ့ တိုက်ပွဲကိုတစ်နှစ်ကျော်ရပ်တန့်ထားတဲ့ ရလဒ်ရှိခဲ့တယ်။ ဒါပေမဲ့ အခုဆိုရင် မြန်မာစစ်တပ်ဘက်က စစ်ရေးလှုပ်ရှားမှုတွေများလာတယ်။ စစ်ဆေးမှုတွေရှိလာတယ်။ ဒါကို AA ဘက်က ကန့်ကွက်တဲ့သဘောပါ။ ပြည်သူတွေကိုလည်း သတိပေးတဲ့သဘောမျိုးနဲ့ လုံခြုံရေးကိုဂရုစိုက်ကြဖို့ ထုတ်ပြန်လိုက်တယ်လို့ထင်တယ်။
29 Nov 2021
အခြေခံပညာအတန်းတွေနဲ့ တက္ကသိုလ်ဝင်တန်းတို့ကို မတ်လနဲ့ ဧပြီလမှာ စာမေးပွဲဖြေဆိုရမယ်လို့ စစ်ကောင်စီက ပြောဆိုထားပါတယ်။ အခုစာသင်နှစ်မှာ ကိုဗစ်ကြောင့် ကျောင်းတွေကိုယာယီပိတ်ထားခဲ့ရပြီး ကျောင်းသားတွေရဲ့စာသင်ချိန်ဟာလည်း နည်းပါးခဲ့ပါတယ်။ ကျောင်းသားတွေအနေနဲ့ အခုစာသင်နှစ်မှာ ဘယ်လိုအခက်အခဲတွေနဲ့ ကြုံတွေ့နေရလဲဆိုတာကို ကျောင်းသားတွေ၊ ကျောင်းသားမိဘတွေနဲ့ ဆရာ၊ဆရာမတွေကို DMG က မေးမြန်းထားပါတယ်။
25 Nov 2021
တက္ကသိုလ်ကျောင်းဝင်းထဲမှာ ဓမ္မာရုံဆောက်လုပ်နေမှုအပေါ် နယ်ပယ်အသီးသီးက လူပုဂ္ဂိုလ်များရဲ့ အမြင်သဘောထားများကို DMG က စုစည်းတင်ပြပေးလိုက်ပါတယ်။
20 Nov 2021
“ဆရာနဲ့ တပည့်ဆိုတဲ့အရာက ဆရာကလည်းရိုးသားဖြောင့်မတ်ပြီးတော့ မေတ္တာတရားကြီးမားရင် ကျောင်းသား၊ကျောင်းသူတွေကလည်း အလိုလို ဆရာသမားအပေါ်မှာ ရိုသေမှုဆိုတာက ရှိပြီးသားပါ”
13 Nov 2021
DMG ၊ နိုဝင်ဘာ ၁၃
ရခိုင်ပြည်အတွင်း မြန်မာစစ်တပ်နဲ့ ရက္ခိုင့်တပ်တော်(AA)တို့ကြား နှစ်ဖက်နားလည်မှုနဲ့ တိုက်ပွဲတွေရပ်တန့်နေတာဟာ နိုဝင်ဘာလ ၁၁ ရက်နေ့က တစ်နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။
တိုက်ပွဲရပ်တန့်နေတဲ့အတွက် စစ်ဘေးရှောင်အချို့ကလည်း မိမိနေရပ်သို့ပြန်ပြီး လုပ်ကိုင်စားသောက်လျက်ရှိနေကြပါပြီ။
ဒါပေမယ့် ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့က ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပါတယ်။ လက်ရှိအခြေအနေမှာလည်း နှစ်ဖက်လက်နက်ကိုင်တွေကြား စစ်ရေးတင်းမာနေတဲ့ အခြေအနေမှာရှိတယ်လို့ဆိုပါတယ်။
ဒီအခြေအနေကနေ ငြိမ်သက်နေတဲ့ရခိုင်ပြည်နယ်မှာ တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်လာနိုင်ခြေရှိမလား။ တိုက်ပွဲဆက်ဖြစ်လာမယ်ဆိုရင် ဘယ်လိုအခြေအနေတွေ ဆက်ဖြစ်လာနိုင်သလဲ။ ဒီအကြောင်းအမြင်တွေကို DMG က စုစည်းတင်ပြလိုက်ပါတယ်။
ဦးခိုင်ကောင်းစံ (ဒါရိုက်တာ)၊ ဝံလက်ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်း
ဒီအခြေအနေမျိုးက ရှေ့မှာလည်းဖြစ်နိုင်တယ်ပေါ့။ ဒါပေမဲ့ ၂၀၁၈-၂၀၁၉ တုန်းကလိုမျိုး ရေရှည်တိုက်ပွဲဖြစ်ဖို့ဆိုတာကတော့မလွယ်လောက်ဘူး။ မလွယ်ဘူးဆိုတဲ့အကြောင်းအရင်းက နှစ်ဖက်ခေါင်းဆောင်တွေ အေအေဖက်ကရော မြန်မာတပ်မတော်ဘက်ကရော နှစ်ဖက်ခေါင်းဆောင်တွေက အမြဲတမ်းထိတွေ့နေတယ်ဆိုတဲ့တာမျိုးကလည်း ရှိကောင်းရှိနိုင်တယ်။ အဲဒီအပေါ်မှာ တိုက်ပွဲရေရှည်ဖြစ်ဖို့ဆိုတာက မဖြစ်နိုင်ဘူး။
နောက်တစ်ခုက လက်ရှိမြန်မာနိုင်ငံရဲ့အခြေအနေအရက PDF တွေ နယ်မြေတိုင်းလိုလို၊ နေရာတိုင်းလိုလိုမှာ တိုက်ပွဲတွေရှိနေ တာပေါ့။ အဲတော့ ဒီလိုပြောက်ကျားစနစ်နဲ့ လှုပ်ရှားနေတဲ့ဟာတွေကရှိနေတဲ့အတွက် ရခိုင်ဘက်မှာလည်း ၂၀၁၈-၂၀၁၉ လိုမျိုးထိုးစစ်ဆင်ပြီးတော့ တိုက်ပွဲတွေကြီးကြီးမားမားဖြစ်နိုင်ဖို့ဆိုတာကတော့ ဖြေနိုင်ခြေနည်းတယ်လို့ပြောလို့တယ်။ ဘာကြောင့်လည်းဆိုရင် တပ်တော်အနေနဲ့က ဥပမာ- ကရင်နဲ့တိုက်ပွဲဖြစ်နေတယ်ဆိုရင် ကချင်ဘက်ကိုငြိမ်းချမ်းရေးလုပ်ထားတယ်။ ကချင်နဲ့ ကြီးကြီးမားမားတိုက်ပွဲဖြစ်နေတယ်ဆိုရင် ကရင်ဘက်မှာ ငြိမ်းချမ်း ရေးလုပ်နေတယ်။ ဒါသူတို့ရဲ့ဗျူဟာပေါ့။ သူတို့ဗျူဟာအရ ဒီအတိုင်းပဲဆက်သွားမယ်ထင်တယ်။ အဲဒါကြောင့် ပြည်မဘက်မှာတိုက်ပွဲတွေဖြစ်နေတဲ့အတွက် ရခိုင်ဘက်မှာတော့ ပြီးခဲ့တဲ့တိုက်ပွဲတွေလိုတော့ ထိုးစစ်ဆင်တာရှိမှာမဟုတ်ဘူး။ အေအေဘက် တင်းမာမှုတွေလုပ်ရင်တောင်မှ မြန်မာတပ်မတော်ဘက်က ပျော့မာပြီးတော့ တိုက်ပွဲဖော်ဆောင်မှာမဟုတ်ဘူးလို့ သုံးသပ်မိတယ်။
ဦးသာထွန်းလှ (ဥက္ကဋ္ဌ)၊ ရခိုင်အမျိုးသားပါတီ(ANP)
တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်လာခဲ့မယ်ဆိုရင် ပြည်သူတွေထိခိုက်နစ်နာမှုများလာမယ်။ လက်ရှိရခိုင်ပြည်နယ်မှာရှိနေတဲ့ အခြေအနေက ရက္ခိုင့်တပ်တော်နဲ့ မြန်မာစစ်တပ်ကြားမှာလည်း နှုတ်နဲ့ပြောဆိုပြီး အပစ်အခတ်ရပ်စဲထားတဲ့သဘောမှာရှိတယ်။ စာချုပ်စာတမ်းနဲ့သဘောတူညီပြီးတော့ ရပ်စဲထားတဲ့သဘောမဟုတ်ဘူး။ ဒါကြောင့် နှစ်ဖက်နားလည်မှုနဲ့ရပ်စဲထားတာကြောင့် ပြင်းပြင်းထန်ထန်တိုက်ပွဲဖြစ်မလာနိုင်ဘူးလို့လဲပြောလို့မရဘူး။ တကယ်လို့ တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်လာခဲ့မယ်ဆိုရင် ပြည်သူလူထုရဲ့ နေထိုင်မှု၊ လုပ်ကိုင်စားသောက်မှုတွေက အခက်အခဲ့တွေရှိလာနိုင်တယ်။
ဒေသခံတစ်ဦး ၊ မောင်တောမြို့နယ်၊ မင်းခမောင်းကျေးရွာ
မနေ့ကလည်း ကျွန်တော်တို့ရွာက လက်နက်ကြီးပစ်ခတ်သံတွေကြားရတယ်။ လက်နက်ကြီးအသံတွေကြားရတော့ ဒေသခံတွေက အပြင်မထွက်ရဲကြတော့ဘူး။ တိုက်ပွဲဖြစ်နေတာဆိုတော့ ဒေသခံတွေအနေနဲ့စိုးရိမ်းတာပေါ့။ ဒီမှာက တစ်ခါမှတိုက်ပွဲမဖြစ်ဘူးလေ။ ဘူးသီးတောင်၊ ရသေ့တောင်မြို့နယ်တွေမှာ အရင်နှစ်တွေကလို ဖြစ်မှာကိုစိုးရိမ်တယ်။ တကယ်လို့ တိုက်ပွဲဖြစ်လာမယ်ဆိုရင် ကြိုတင်ပြင်ဆင်ထားတာတွေတော့မရှိသေးဘူး။ တိုက်ပွဲအခြေအနေဆိုးလာရင်တော့ မောင်တောမြို့ပေါ်ကိုပဲ သွားနေကြဖို့တော့ စီစဉ်ထားပါတယ်။ ကျွန်တော်တို့ဒေသခံတွေအနေနဲ့တော့ တိုက်ပွဲဆက်ဖြစ်မှာကို မလိုလားဘူး။
ဒေါ်ညိုအေး (ဥက္ကဋ္ဌ)၊ ရခိုင်အမျိုးသမီးများကွန်ရက်
ကျွန်မတို့အနေနဲ့ စိုးရိမ်စရာတစ်ချက်ရှိတာက ရခိုင်ပြည်နယ်မှာ အပစ်ရပ်စဲနေတယ်ဆိုတဲ့အခြေအနေမှာ အခုလိုစပြီးတော့ ထိတွေ့မှုတွေသဏ္ဍာန်ဖော်ဆောင်လာတဲ့အနေအထားအပေါ်မှာ ကျွန်မတို့စိုးရိမ်မိတယ်။ဘာ ကြောင့်လည်းဆိုတော့ ကျွန်မတို့ဆီမှာဖြစ်လက်စနဲ့အနေအထားအရ အထိအတွေ့တွေကမရှိဘူးလို့ပြောပေမယ့် မိုင်းအန္တရာယ်က ဆက်တိုင်းကြုံတွေရတာတွေရှိတယ်။ပြီးလိုရှိရင်လည်း စစ်ဘေးရှောင်တွေနေရပ်ပြန်ဖို့ကိစ္စကို လည်း သက်ဆိုင်ရာတွေဘက်က ကန့်ကွက်နေတာကိုလည်းတွေ့ရတယ်။လနောက်တစ်ခုက တိုက်ပွဲကာလတုန်းက အေအေနဲ့ဆက်စပ်တယ်ဆိုပြီး စွပ်စွဲခံရသူတွေလည်း အချုပ်ထဲမှာရှိနေကြသေးတယ်။ဆိုတော့ ကျွန်မတို့ စိုးရစရာတစ်ချက်က တကယ်လို့များ တိုက်ပွဲသဏ္ဍာန်တွေသာဆက်လက်ဖော်ဆောင်လာမယ်ဆိုရင် အပစ်ရပ်တာကလည်း စစ်တပ်ဖက်ဘဲရပ်တာလေ။ သူတို့ကိုယ်တိုင်အပစ်ရပ်တယ်ဆိုပြီးတော့ ပြန်လည်ထိတွေ့တယ်ဆိုတဲ့အချိန်မှာ ကျွန်မတို့ပြောချင်တာကတစ်ခုဘဲရှိတယ်။ ရခိုင်ပြည်ဘက်ကို စစ်မျက်နှာပြန်ဖွင့်မှာလား။ တကယ်လို့ တိုက်ပွဲသာပြန်ဖြစ်လာခဲ့မယ်ဆိုရင် ကျွန်မတို့ရခိုင်မှာတော်တော်လေးကိုအခက်အခဲ့ကြုံတွေ့ရမယ်။ ပြည်သူတွေအနေနဲ့ ဒုက္ခရောက်သွားလိမ့်မယ်။
ဦးသိန်းထွန်းဦး ၊ စစ်ဘေးရှောင်၊ ကျောက်တော်မြို့နေပူခံစစ်ဘေးရှောင်စခန်း
ကျွန်တော်တို့ တစ်ချိန်ကလည်း စစ်ဘေးစစ်ဒဏ်ကြောင့် အခုလိုအခက်အခဲ့မျိုးစုံကို ခံစားနေရတယ်။ တကယ်လို့ စစ်ပွဲတစ်ဖန်ပြန်ဖြစ်လာမယ်ဆိုရင်တော့ ဒီထက်စိုးရိမ်ပူပင်ရမယ်။ စားဝတ်နေရေးပြဿနာက ဆိုးရွားတဲ့အခြေအနေသို့ရောက်သွားနိုင်တယ်။ အခုအနေအထားမှာတောင်မှ မဖူမလုံစားသောက်နေရတယ်။ တိုက်ပွဲပြန်ဖြစ်မယ်ဆိုရင် ကျွန်တော်တို့ဒုက္ခသည်တွေအနေနဲ့ အားကိုးရာမဲ့အဖြစ်ကိုရောက်သွားလိမ့်မယ်။ ပြီးတော့ အိမ်ပြန်ရ မယ့်နေ့ရက်တွေကိုလည်း မျှော်လင့်လို့ရမှာမဟုတ်တော့ဘူး။ တိုက်ပွဲတွေငြိမ်သက်နေတဲ့အတွက် ရွာကိုတော့ တစ်နေ့နေ့ပြန်ရမယ်ဆိုတဲ့မျှော်လင့်ချက်တွေနဲ့နေထိုင်နေတာ။ အခုက တိုက်ပွဲသံကြားရတော့ နေရပ်ပြန်ဖို့ကိစ္စကိုစဉ်းစားလို့တောင်မရတော့ဘူး။ကျွန်တော်တို့ကတော့ တိုက်ပွဲတွေပြန်မဖြစ်ချင်တော့ဘူး။ မဖြစ်ဖို့လည်းမျှော်လင့်တယ်။
06 Nov 2021
အာဏာသိမ်းပြီးနောက်တွင် စစ်ကောင်စီက ရုပ်မြင်သံကြားနှင့် ရေဒီယိုဥပဒေကို ပြင်ဆင်လိုက်ကြောင်းထုတ်ပြန်လာသည်။ အဆိုပါပြင်ဆင်သည့်ဥပဒေမှာ ဒဏ်ငွေအပြင် ထောင်ဒဏ်များကို ပြစ်ဒဏ်ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။ ယင်းဥပဒေသစ် ပြဋ္ဌာန်းမှုနှင့်ပတ်သက်ပြီး သတင်းမီဒီယာမှ ပုဂ္ဂိုလ်အချို့၏ သုံးသပ်ချက်အမြင်များကို DMG မှ မေးမြန်းတင်ဆက်လိုက်ပါသည်။
29 Oct 2021
စစ်ကောင်စီလက်ထက်မှာ ဒေါ်လာဈေး၊ ရွှေဈေးတွေနဲ့ အပြိုင်အဆိုင် အခြေခံစားသောက်ကုန် ဈေးနှုန်းမှာလည်း သိသာစွာမြင့်တက်လာခဲ့သည်။ ကုန်ဈေးနှုန်းမြင့်လာသည့်အပေါ် ခက်ခဲစွာဖြင့် ရင်ဆိုင်နေရသော ပြည်သူများ၏ စကားသံကို DMG က တင်ဆက်လိုက်ပါသည်။
24 Sep 2021
ကျွန်တော်တို့ကို လုပ်ခဲ့သလို သူတို့လည်း ပြန်ခံရလိမ့်မယ်။ ဝဋ်ဆိုတာ ပြန်လည်တတ်ကြတာပဲ။ ဒါကို ကျွန်တော် ဘယ်လိုမှမေ့လိုရမှာမဟုတ်ဘူး။ ကျွန်တော်တို့ကိုလုပ်ခဲ့တဲ့သူတွေကို ဥပဒေကြောင်းအရဖြစ်ဖြစ်၊ ဘယ်လိုဖြစ်ဖြစ် အပြစ်ပေး အရေးယူစေချင်တယ်
04 Sep 2021
“ဒယ်လ်တာဆိုတဲ့ မျိုးရိုးဗီဇပြောင်းပိုးက အဆိုးဆုံးဖြစ်ပါတယ်။ ဒယ်လ်တာက ကူးစက်မှုလည်းမြန်တယ်။ မိသားစုအတွင်းမှာ အစုလိုက်ကူးစက်တာကလည်း ဒယ်လ်တာပဲဖြစ်ပါတယ်။ ဒယ်လ်တာကြောင့် အောက်စီဂျင်လိုအပ်မှုတွေလည်း များလာတယ်”
16 Aug 2021
COVID ကပ်ရောဂါကြောင့် အစိုးရရုံးပိတ်ရက်ကို ဆက်တိုက်ဆိုသလို ပိတ်နေသည့်ကာလသည် ယခုဆိုလျှင် တစ်လနီးပါး အထိရှိလာပြီဖြစ်ပြီး ယခင်က ရုံးပိတ်ရက်များထဲတွင် ဘဏ်များပိတ်ရန်မပါဝင်ခဲ့သော်လည်း ယခု သြဂုတ် ၂၂ ရက်နေ့အထိ ရုံးပိတ်ရက်များထဲမှာ ဘဏ်များကိုပါ ပိတ်ရက်အဖြစ်သတ်မှတ်ကြောင်း ပါဝင်လာခဲ့ပါသည်။
14 Aug 2021
အခုအချိန်ဟာ တိုက်ပွဲလည်းမရှိတော့ဘူး။ စစ်ပွဲတွေလည်း မရှိဘူး။ တနည်းအားဖြင့် ဆိုလို့ရှိရင် ဒေသအေးချမ်းတည်ငြိမ်နေတယ်လို့ ပြောရမှာပေါ့။ အဲဒီအချိန်မှာ အများပြည်သူတွေ သွားလာနေတဲ့ ရန်ကုန် စစ်တွေ ကားလမ်းမှာ အခုလို သွားလာနေတဲ့ ခရီးသည်တွေဖြစ်ဖြစ်၊ တခြား ကိစ္စတွေနဲ့ သွားလာနေသူတွေပဲ ဖြစ်ဖြစ် အဲဒီ လူတွေကို အခါအားလျော်စွာ စစ်ဆေးနေတာဟာ လူတွေအတွက် တစုံတရာ စိတ်အနှောင့်အယှက် ဖြစ်စေတယ်။
23 Jul 2021
ဇူလိုင်လ ၂၂ ရက်နေ့ ရက်စွဲဖြင့် ရခိုင်ပြည်နယ်စစ်ကောင်စီ၏ အစည်းအဝေးဆုံးဖြတ်ချက်ဟု ဆိုကာ မြောက်ဦးမြို့အောက်ဆီဂျင်စက်မှထွက်ရှိသည့် အောက်ဆီဂျင်များကို ပြည်နယ်မှ ချမှတ်သည့် မူဝါဒအတိုင်း ကိုဗစ်ကုသရေးပြည်သူ့ဆေးရုံများသို့သာ ဖြန့်ဖြူးရန်ဟု ရခိုင်စစ်ကောင်စီသတင်းပြန်ကြားရေးတာဝန်ခံ ဦးလှသိန်းမှ သူ့၏ ပြန်ကြားရေးစာမျက်နှာက ထုတ်ပြန်ခဲ့သည်။ အဆိုပါ ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး ဖေ့စ်ဘုတ်လူမှုကွန်ရက်စာမျက်နှာများတွင်လည်း ပြည်သူအချို့က မြောက်ဦးက အောက်ဆီဂျင်များကို စစ်ကောင်စီထိန်းချုပ်နေပြီလားဆိုသည့် ပြစ်တင်ဝေဖန်မှုများကို တွေ့နေရသည်။
13 Jul 2021
ကိုဗစ်နဲ့ပတ်သက်ပြီး အရင်ကတည်းကပြောထားတာတွေရှိပါတယ်။ ရောဂါအခံရှိရင်တော့ ဆိုးနိုင်တယ်လို့ ကိုဗစ်စဖြစ်ကတည်းကပြောထားတယ်။ ရောဂါဖြစ်ပြီဆိုရင်တော့ နဂိုရောဂါအခံရှိတဲ့သူတွေက စောစောစီးစီးကုသဖို့တော့ လိုပါတယ်။ ရောဂါလည်းအခံရှိတယ်။ ကိုယ့်ဟာကိုယ်အိမ်မှာ ဆေးကုသနေမယ်။ ထိရောက်တဲ့ကုသမှုမခံယူဘူးဆိုရင်တော့ အသက်ဆုံးရှုံးမှုတွေများလာနိုင်တယ်ပေါ့။
15 Jun 2021
ပြီးခဲ့တဲ့လက စပြီးစစ်တွေမြို့ပေါ်မှာ လူငယ်တွေက ဦးဆောင်ဖွင့်လှစ်တဲ့ ရွေ့လျားစာကြည့်တိုက်တစ်ခုကို ဖွင့်လှစ်ခဲ့ကြပါတယ်။ အဲဒီနောက်မှာတော့ ရခိုင်ပြည်နယ်ထဲက မြို့နယ်တချို့မှာလည်း ရွေ့လျားစာကြည့်တိုက်တွေကို ဖွင့်လှစ်လာကြတာကို တွေ့ရပါတယ်။ အဲဒီလို ရွေ့လျားစာကြည့်တိုက်တွေ ဖွင့်လှစ်လာကြတာတွေနဲ့ ပတ်သက်ပြီး လက်ရှိ ဆောင်ရွက်နေကြတာတွေ၊ စိန်ခေါ်မှုတွေ၊ အခက်အခဲတွေ ဘယ်လိုရှိနေသလဲဆိုတာကို ရွေ့လျားစာကြည့်တိုက်ကို ဦးဆောင် ပြုလုပ်နေကြတဲ့ လူငယ်တွေထဲက တစ်ဦးဖြစ်တဲ့ ကိုငြိမ်းချမ်းကို DMG က ဆက်သွယ်မေးမြန်းထားပါတယ်။
11 Jun 2021
ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် ကိုဗစ်လူနာများတွေ့ရှိသဖြင့် အခြေခံပညာကျောင်းများကို ဇွန်လ ၉ ရက်နေ့မှစပြီး ယာယီပိတ်ထားလိုက်သည်။ ယင်းအပြင် ဘင်္ဂလားဒေ့ရှ်မှ ပြန်လာသူများနှင့် ခိုးဝင်သူများထံ ကိုဗစ်ပိုးတွေ့ရှိနေသည်။ ရခိုင်ပြည်သူများလည်း တစ်ပြည်လုံး ကူးစက်ပြန့်နှံ့မှုဖြစ်သွားမည်ကို စိုးရိမ်လျက်ရှိနေကြသည်။ ပလက်ဝမြို့နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့သည် ရခိုင်ပြည်နှင့် ထိစပ်နေသဖြင့် ရခိုင်ပြည်တွင်လည်း အခြေအခံပညာကျောင်းများ ပိတ်လာနိုင်သလားဆိုသည်ကို ပညာရေးလောကမှ ပုဂ္ဂိုလ်များ၊ ကျောင်းသားမိဘ၊ အရပ်ဘက်အဖွဲ့အစည်းများကို DMG မှ ဆက်သွယ်မေးမြန်းထားသည်။
08 Jun 2021
ရခိုင်ပြည်မှာ မြန်မာစစ်တပ်ကနေ လူငယ်တွေကို အေအေနဲ့ဆက်စပ်တယ်ဆိုပြီး သက်သေအခိုင်အမာမရှိဘဲ လိုက်လံဖမ်းဆီးနေပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း တောင်ကုတ်မြို့နယ်က လူငယ်တွေကို ဖမ်းဆီးသွားပါတယ်။ ဒီလိုဖမ်းဆီးနေတာတွေက ရခိုင်ပြည်မှာ ရက္ခိုင့်တပ်တော်နဲ့ တိုက်ပွဲတွေ ပြန်ဖြစ်လာနိုင်သလားဆိုတာ တက်ကြွလှုပ်ရှားသူတွေ၊ ဥပဒေပိုင်းကသူတွေနဲ့ နိုင်ငံရေးပါတီက သူတွေကို DMG က မေးမြန်းထားပါတယ်။
04 Jun 2021
ရခိုင်ပြည်အတွင်း ညမထွက်ရအမိန့်ထုတ်ပြန်ခြင်းခံရတဲ့ ဒေသနဲ့ ညမထွက်ရအမိန့်ရုပ်သိမ်းထားတဲ့ ဒေသနဲ့ပတ်သက်ပြီး ဒေသခံတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ပြည်နယ်စစ်ကောင်စီရဲ့ သဘောထားတွေကို DMG က ဆက်သွယ်မေးမြန်းထားပါတယ်။
29 May 2021
ဒီနှစ်မိုးရာသီမှာ ရခိုင်ပြည်နယ်က တောင်သူတွေအနေနဲ့ မိုးစပါးစိုက်ပျိုးနိုင်ဖို့ ဘာအခက်အခဲတွေ၊ ဘယ်လိုစိန်ခေါ်မှုတွေ ရှိနေသလဲဆိုတာကို တောင်သူလယ်သမားတွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေကို DMG က ဆက်သွယ်မေးမြန်းထားပါတယ်။
18 May 2021
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ရက်ပေါင်း (၁၀၀) ကျော်အချိန်အတွင်း ရခိုင်ပြည်နယ်ကို ဘယ်လိုထိခိုက်မှုမျိုးတွေ ရှိနေသလဲဆိုတဲ့ အကြောင်းအရာနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ လူမှုအဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီ၊ ကျွမ်းကျင်သူတွေနဲ့ ဒေသခံတွေကို DMG က ဆက်သွယ်မေးမြန်းထားတာပါ။