ဒေါက်တာအေးမောင်နှင့် ဝေဟင်အောင်တို့အပေါ် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်လိုက်သည့်အပေါ် တိုင်းရင်းသားအရေးလေ့လာသုံးသပ်သူ စာရေးဆရာမောင်မောင်စိုး၏ သဘောထားအမြင်
21 Mar 2019
“ကျွန်တော့်အမြင်အရ ပြောရမယ်ဆိုရင်တော့ ၁၂၂ ပေါ့ဗျာ။ နိုင်ငံတော်ပုန်ကန်မှုနဲ့ တင်တဲ့ မှုပုဒ်မ ကတော့ ပြင်းထန်လွန်းတယ် ထင်ပါတယ်။ ၅၀၅ နိုင်ငံတော် အကြည်ညိုပျက်စေမှုလောက်ဆိုရင်တော့ မများလောက်ဘူးထင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အရပ်သားအစိုးရလက်ထက်မှာ နိုင်ငံရေးအကျဉ်း သားပေါ်ထွက်လာတာ ကောင်းတဲ့ လက္ခဏာတော့ မဟုတ်ဘူး”