- လောကာနန္ဒာ မီးပွိုင့်တွင် ယာဉ်တိုက်ခံရမှုဖြစ်စဉ် အမျိုးသမီးနှစ်ဦး ဒဏ်ရာပြင်းထန်
- တောင်သူများ လူမှုဘဝဖွံ့ဖြိုးရေးအတွက် သီးနှံအာမခံစနစ် ဖော်ဆောင်သွားမည်
- စစ်ရေးပဋိပက္ခကြောင့် စိုက်ပျိုးမှုရပ်နားခဲ့ရသည့် ရခိုင်က လယ်မြေအချို့တွင် ယခုနှစ် ပြန်လည်စိုက်ပျိုးလာနိုင်
- ခွင့်ပြုချက်မဲ့ ဘာသာရေးအဆောက်အအုံများ ဆောက်လုပ်ပါက အရေးယူမည်ဟု ပလက်ဝတွင် သတိပေးစာထုတ်
- ရခိုင်က အွန်လိုင်းဈေးရောင်းချသူများ FDA ထောက်ခံချက် မရ၍ မှတ်ပုံတင်ရန် အခက်အခဲဖြစ်နေ
“ရခိုင်ပြည်နှင့် ပလက်ဝမြို့နယ်အတွင်း မြေမြုပ်မိုင်းနှင့် စစ်လက်နက်ပစ္စည်းများကြောင့် ထိခိုက်၊သေဆုံးမှုများ - ၂၀၂၂ ခုနှစ်” အစီရင်ခံစာ
၂၀၂၂ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော “ရခိုင်ပြည်နှင့် ပလက်ဝမြို့နယ်(ချင်းပြည်နယ်)အတွင်း မြေမြုပ်မိုင်းနှင့် စစ်လက်နက်ပစ္စည်းများကြောင့် ထိခိုက်၊သေဆုံးမှုများ” အစီရင်ခံစာ
30 Jan 2023

ရခိုင်ပြည်နှင့် ပလက်ဝမြို့နယ်(ချင်းပြည်နယ်)အတွင်း မြေမြုပ်မိုင်းနှင့် စစ်လက်နက်ပစ္စည်းများကြောင့် ထိခိုက်၊သေဆုံးမှုများ - အစီရင်ခံစာ
ရခိုင်ပြည်အတွင်း စစ်ရေးပဋိပက္ခများ စတင်ဖြစ်ပွားလာခဲ့သည့် အချိန်ကာလမှစ၍ တိုက်ပွဲဖြစ်ပွားခဲ့စဉ် ကာလတစ်လျှောက်လုံးတွင် အသုံးပြုခဲ့သော မြေမြုပ်မိုင်း၊ လက်နက်ကြီး၊ လက်နက်ငယ်များနှင့် အခြား စစ်လက်နက်ပစ္စည်းများ ပေါက်ကွဲထိမှန်မှုများကြောင့် ရခိုင်ပြည်နှင့် ချင်းပြည်နယ်တို့မှ ဒေသခံပြည်သူများမှာ ထိခိုက်ဒဏ်ရာရရှိမှု၊ အသက်သေဆုံးမှုများ ရှိခဲ့ကြပါသည်။
စစ်ရေးပဋိပက္ခကာလအတွင်း မြေမြုပ်မိုင်းနှင့် စစ်လက်နက်ပစ္စည်းများကြောင့် ဒေသခံပြည်သူများ ထိခိုက်၊ သေဆုံးမှုများကို စနစ်တကျ ပြုစု မှတ်တမ်းတင်နိုင်ရေးအတွက် မိမိတို့ Development Media Group (DMG) သတင်းဌာနမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ၂၀၂၂ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော “ရခိုင်ပြည်နှင့် ပလက်ဝမြို့နယ်(ချင်းပြည်နယ်)အတွင်း မြေမြုပ်မိုင်းနှင့် စစ်လက်နက်ပစ္စည်းများကြောင့် ထိခိုက်၊သေဆုံးမှုများ” အစီရင်ခံစာကို ထုတ်ပြန်လိုက်ရသည်။
https://assets.dmediag.com/2023/Jan/Landmine_ERW_Rakhine_Paletwa_2022_ver3.pdf