ဂါဇာ၌ ထောက်ပံ့ရေးအကူအညီများ ရယူနေစဉ် သုံးလအတွင်း သေဆုံးသူ ၁,၇၆၀ ဦးရှိကြောင်း ကုလပြော

Admin 16 Aug 2025

မေလနှောင်းပိုင်းမှစ၍ ဂါဇာ၌ ထောက်ပံ့ရေးအကူအညီများ ရယူနေချိန်တွင် သေဆုံးခဲ့ရသော ပါလက်စတိုင်းလူမျိုး ၁,၇၆၀ ဦးထက်မနည်း ရှိကြောင်း ကုလသမဂ္ဂ၏ လူ့အခွင့်အရေးဆိုင်ရာရုံး၏ ထုတ်ပြန်ချက်ကို ကိုးကားပြီး အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ထရမ့်-ပူတင် တွေ့ဆုံပွဲ ရလဒ်တစုံတရာ ထွက်ပေါ်ခြင်းမရှိဘဲ ပြီးဆုံး

Admin 16 Aug 2025

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ သြဂုတ်လ ၁၅ ရက်နေ့က အလက်စကားပြည်နယ်တွင် တွေ့ဆုံမှုသည် ရုရှား၏ ယူကရိန်းကျူးကျော်စစ်နှင့် ပတ်သက်သည့် သဘောတူညီချက် တစုံတရာ မထွက်ပေါ်ဘဲ ပြီးဆုံးသွားပြီဖြစ်ကြောင်း နိုင်ငံတကာ သတင်းများတွင် ဖော်ပြထားသည်။

ဝါရှင်တန်တွင် လုံခြုံရေးယူရန် အမျိုးသားအစောင့်တပ်ဖွဲ့ဝင် ၈၀၀ ရောက်ရှိ

Admin 15 Aug 2025

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်ရှိ ဥပဒေစိုးမိုးရေးအဖွဲ့များကို အကူအညီပေးရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏အမိန့်အရ ညွှန်ကြားထားသော အမျိုးသားအစောင့်တပ်ဖွဲ့ဝင် ၈၀၀ ဦးလုံး ရောက်ရှိနေပြီဖြစ်ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက ဩဂုတ်လ ၁၄ ရက်နေ့တွင် ပြောကြားလိုက်သည်။

အိန္ဒိယကုမ္ပဏီ ဂျပန်၊ တောင်ကိုရီးယားတို့နှင့် ပူးပေါင်းပြီး မြေရှားသတ္တုသုံး သံလိုက်ထုတ်လုပ်ရေး လေ့လာ

Admin 15 Aug 2025

အိန္ဒိယအစိုးရပိုင် IREL မြေရှားသတ္တု ကုမ္ပဏီသည် ဂျပန်၊ တောင်ကိုရီးယား ကုမ္ပဏီများနှင့် ပူးပေါင်းပြီး မြေရှားသတ္တုသုံး သံလိုက်များ ထုတ်လုပ်နိုင်ရေးအတွက် လေ့လာနေသည်ဟု နီးစပ်သူ သတင်းရင်းမြစ် တစ်ဦးကို ကိုးကားပြီး ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အိန္ဒိယ ကက်ရှ်မီးယားမှာ ရုတ်ခြည်းရေလွှမ်းမိုးမှုကြောင့် ၄၆ ဦးထက်မနည်း သေဆုံးပြီး ၂၀၀ ကျော် ပျောက်နေ

Admin 15 Aug 2025

အိန္ဒိယနိုင်ငံ ကက်ရှ်မီးယားဒေသတွင် သြဂုတ်လ ၁၄ ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် ရုတ်ခြည်း ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်ခဲ့သည့်အတွက် သေဆုံးသူ ၄၆ ဦးထက်မနည်း ရှိကြောင်း အာဏာပိုင်များ၏ ပြောကြားချက်များကို ကိုးကားပြီး ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

လုပ်သားလိုအပ်ချက် ရှိနေသည့် ထိုင်းအတွက် ပြည်ပနိုင်ငံများမှ အလုပ်သမားများ တိုးခေါ်ရန် စဉ်းစားနေ

Admin 14 Aug 2025

ကမ္ဘောဒီးယားနှင့် နယ်စပ်ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း လုပ်သားလိုအပ်ချက် ရှိနေသည့် ထိုင်းနိုင်ငံသည် သီရိလင်္ကာ၊ နီပေါ၊ ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှား နိုင်ငံတို့မှပါ အလုပ်သမားများ ခေါ်ယူရန် စဉ်းစားလျက်ရှိကြောင်း ထိုင်းအလုပ်သမားရေးရာ ဝန်ကြီး ပေါင်ကာဝင် ဂျုံရောင်ရောင်ကဒ်က ပြောကြားလိုက်သည်။

တောင်ကိုရီးယား သမ္မတဟောင်းကတော် အဂတိမှုဖြင့် အဖမ်းခံရ

Admin 13 Aug 2025

တောင်ကိုရီးယားသမ္မတကတော်ဟောင်း ကင်မ်ကွန်ဟီးသည် သူမကို စွပ်စွဲထားသည့် အဂတိလိုက်စားမှုစွဲချက်များကို ငြင်းဆန်ပယ်ချခဲ့သော်လည်း တရားရုံးက ဖမ်းဝရမ်းထုတ်လိုက်ပြီးနောက် ဩဂုတ်လ ၁၂ ရက် ညနေပိုင်းတွင် ဖမ်းဆီးခံခဲ့ရကြောင်း စုံစမ်းစစ်ဆေးမှုကို ကျယ်ကျယ်ပြန့်ပြန့် ဦးစီးဦးရွက်ပြု ဆောင်ရွက်နေသော အထူးစုံစမ်းစစ်ဆေးရေးမှူးက ပြောကြားခဲ့သည်ဟု ရိုက်တာက ဖော်ပြထားသည်။

အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဂါဇာတွင် အယ်လ်ဂျားဇီးရား သတင်းထောက် ၅ ဦး သေဆုံး

Admin 11 Aug 2025

မီဒီယာစောင့်ကြည့်ရေးအဖွဲ့များက ယခုတိုက်ခိုက်မှုသည် ၂၂ လကြာ ဖြစ်ပွားနေသည့် ဂါဇာစစ်ပွဲအတွင်း သတင်းထောက်များကို ပစ်မှတ်ထားတိုက်ခိုက်သော နောက်ဆုံးဖြစ်ရပ်တစ်ခု ဖြစ်လာခဲ့ပြီး ယခု ပဋိပက္ခဖြစ်စဉ် တလျှောက်လုံး၌ သတင်းမီဒီယာဝန်ထမ်းပေါင်း ၂၀၀ ခန့် သေဆုံးခဲ့ပြီးဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

ဒေါ်နယ်ထရမ့်နှင့် ပူတင်တို့ လာမည့်ရက်ပိုင်းတွင် တွေ့မည်ဟု ကရင်မလင် ပြော

Admin 09 Aug 2025

ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်တို့သည် လာမည့်ရက်ပိုင်းအတွင်း၌ တွေ့ဆုံကြမည်ဟု ကရင်မလင်နန်းတော်က ဩဂုတ်လ ၇ ရက်နေ့တွင် ပြောကြားလိုက်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

တရုတ်က ဖိလစ်ပိုင်သည် ထိုင်ဝမ်အရေး၌ 'မီးနှင့် ကစားနေသည်' ဟု ပြော

Admin 09 Aug 2025

ထိုင်ဝမ်အရေးနှင့် ပတ်သက်ပြီး တရုတ်နှင့် အမေရိကန်ပြည်ထောင်စုတို့အကြား မည်သည့် ပဋိပက္ခမျိုးမဆို ဖြစ်ပွားလာခဲ့ပါက ဖိလစ်ပိုင်လည်း ဝင်ပါလျက်သား ဖြစ်နေလိမ့်မည်ဟု သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာက ပြောကြားလိုက်ပြီးနောက် တရုတ်က ဖိလစ်ပိုင်သည် "မီးနှင့်ကစားနေသည်" ဟု ဩဂုတ်လ ၈ ရက်နေ့တွင် ပြောကြားလိုက်သည်။

အိန္ဒိယဝန်ကြီးချုပ် ၇ နှစ်အတွင်း ပထမဆုံးအဖြစ် တရုတ်သို့ သွားမည်

Admin 07 Aug 2025

အမေရိကန်နှင့် တင်းမာမှုများ မြင့်တက်လာနေချိန်၌ အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီသည် ၇ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် တရုတ်ပြည်သို့ သွားရန် စီစဉ်ထားကြောင့် အစိုးရ သတင်းရင်းမြစ် တစ်ရပ်ကို ကိုးကား၍ ရိုက်တာက ဖော်ပြသည်။

ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲများ ၂၀၂၆ ဖေဖော်ဝါရီတွင် ကျင်းပမည်ဟု ပါမောက္ခယူနွတ်ပြော

Admin 06 Aug 2025

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ပြည်လုံးကျွတ်ရွေးကောက်ပွဲများအား ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလတွင် ကျင်းပသွားမည်ဟု ကြားဖြတ်အစိုးရအဖွဲ့ ခေါင်းဆောင် မိုဟာမက်ယူနွတ်က ပြောလိုက်ကြောင်း ရိုက်တာ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

သြစတြေးလျတွင် တရုတ်အမျိုးသမီးတစ်ယောက် သူလျှိုလုပ်မှုဖြင့် တရားစွဲခံရ

Admin 05 Aug 2025

တရုတ်အစိုးရအတွက် သူလျှိုလုပ်ပေးကာ ဗုဒ္ဓဘာသာ အသင်းတစ်ခုအား စောင့်ကြပ်ကြည့်ရှုမှုဖြင့် သြစတြေးလျအစိုးရက တရုတ်အမျိုးသမီးတစ်ဦးကို တရားစွဲဆိုလိုက်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အမေရိကန်မှ နှင်ထုတ်ခံရသော ရွှေ့ပြောင်း ၂၅၀ အထိ လက်ခံရန် ရဝမ်ဒါ သဘောတူ

Admin 05 Aug 2025

အမေရိကန်ပြည်ထောင်စုနှင့် ရဝမ်ဒါနိုင်ငံတို့သည် အမေရိကန်ပြည်ထောင်စုမှ နှင်ထုတ်ခံရသော ရွှေ့ပြောင်းနေထိုင်သူ ၂၅၀ အထိ လက်ခံရန် သဘောတူညီမှုရရှိခဲ့ကြောင်း ရဝမ်ဒါအစိုးရ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်နှင့် တာဝန်ရှိသူတစ်ဦးက ရိုက်တာ သတင်းဌာနသို့ ပြောကြားသည်။

ယူကရိန်းအတွက် ဒရုန်းဝယ်ယူမှုမှာ အကြီးအကျယ်လာဘ်စားခဲ့သည့် ဖြစ်ရပ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့များ ဖော်ထုတ်

Admin 04 Aug 2025

ယူကရိန်းနိုင်ငံ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအေဂျင်စီများသည် ပါလီမန်ဘက်က ၎င်းတို့၏ လုပ်ပိုင်ခွင့်အာဏာကို ပြန်လည်အပ်နှင်းလိုက်ပြီးသည့်နောက် နှစ်ရက်အကြာတွင် စစ်ဘက်ဆိုင်ရာ ဝယ်ယူရေးကန်ထရိုက် စာချုပ်များ၌ စျေးနှုန်းများတိုးမြှင့် သတ်မှတ်ထားသည့် အကြီးစား လာဘ်စားမှုဖြစ်ရပ်ကြီးတစ်ခုကို ဖော်ထုတ်လိုက်ကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ပါလက်စတိုင်းနိုင်ငံ မရသရွေ့ လက်နက်မစွန့်ဟု ဟားမားစ်ပြော

Admin 03 Aug 2025

လွတ်လပ်သော ပါလက်စတိုင်းပြည် မထူထောင်နိုင်သေးသရွေ့ လက်နက်စွန့်မည်မဟုတ်ဟု ဟားမားစ်တို့က ပြောကြားလိုက်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ဒေါ်နယ်ထရမ့်ကို နိုဘယ်ဆုအတွက် ကမ္ဘောဒီးယား အမည်တင်သွင်းမည်

Admin 02 Aug 2025

ဖနွမ်ပင်မြို့တွင် အစောပိုင်းက သတင်းထောက်များကို ဖြေကြားရာ၌ လက်ထောက်ဝန်ကြီးချုပ် ဆန်ချန်သော်က ငြိမ်းချမ်းရေး ဆောင်ကြဉ်းပေးခဲ့သည့်အတွက် သမ္မတထရမ့်အား ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သလို နိုဘယ်ဆုအတွက် အမည်တင်သွင်းရန် ထိုက်တန်သူလည်း ဖြစ်သည်ဟု ပြောခဲ့သည်။

ဗြိတိန်လေဆိပ်များ၌ လေကြောင်းထိန်းချုပ်ရေးစနစ် ချို့ယွင်းရာမှ ခရီးစဉ်နှောင့်နှေးမှုများ ဖြစ်ပေါ်

Admin 31 Jul 2025

ဗြိတိန်နိုင်ငံ၏ လေကြောင်းထိန်းချုပ်ရေးစနစ်တွင် ရေဒါနှင့် ဆက်စပ်သော နည်းပညာချို့ယွင်းမှုတစ်ခု ဖြစ်ပွားခဲ့သည့်အတွက် ဇူလိုင်လ ၃၀ ရက်နေ့က လန်ဒန်မြို့ရှိ အဓိကလေဆိပ်များ အပါအဝင် အခြားလေဆိပ်များ၌ လေကြောင်းခရီးစဉ်များ လေးနာရီကျော်ကြာ ရပ်ဆိုင်းခဲ့ရကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

တူရကီထံမှ KAAN တိုက်လေယာဉ် ၄၈ စင်း အင်ဒိုနီးရှား ဝယ်မည်

Admin 30 Jul 2025

အင်ဒိုနီးရှားသည် တူရကီနိုင်ငံထုတ် KAAN အမျိုးအစား တိုက်လေယာဉ်များ ၄၈ စင်းအထိ ဝယ်ယူရန် သဘောတူစာချုပ် ချုပ်ဆိုလိုက်ပြီဖြစ်ကြောင်း အင်ဒိုနီးရှား ကာကွယ်ရေးဝန်ကြီးဌာနက ဇူလိုင်လ ၂၉ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

ဂျာမနီမှာ အမျိုးသားများအတွက် စစ်မှုထမ်းဆိုင်ရာ ကြံ့ခိုင်ရေး စစ်ဆေးမည့် ဥပဒေ စီစဉ်

Admin 25 Jul 2025

ဂျာမနီနိုင်ငံသည် ၎င်း၏လက်နက်ကိုင်တပ်ဖွဲ့များကို အားဖြည့်ရန် ပိုမိုကျယ်ပြန့်သော ကြိုးပမ်းဆောင်ရွက်ချက် တစ်ရပ်အဖြစ် အသက် ၁၈ နှစ်ပြည့် အမျိုးသားများအတွက် စစ်မှုထမ်းရန် စစ်ဆေးမှုများကို မဖြစ်မနေ ပြန်လည်ကျင့်သုံးရန် စီစဉ်နေကြောင်း အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

Showing 1-20 of 1,685 items.