“ဟားခါးနဲ့ ထန်တလန်ကို တိုက်မယ်ဆိုရင် CB အနေနဲ့ ပူးပေါင်းပါဝင်ဖို့ အသင့်ရှိတယ်”

By Admin 28 Jun 2025

ဒီကနေ့ ချင်းတော်လှန်ရေးသမိုင်းမှာ အောင်မြင်မှုအမြင့်ဆုံးနဲ့ လက်တွေ့လုပ်နိုင်စွမ်းရှိတဲ့အဖွဲ့ဟာ ချင်းညီနောင် (CB) ကို တွေ့နေရပါတယ်။

ချင်းပြည်နယ်မှာ မြို့နယ် ၉ ခုရှိတဲ့အထဲက ချင်းညီနောင်အဖွဲ့ဟာ မြို့နယ် ၄ ခုအထိ သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။ 

ချင်းညီနောင်ကို ဖွဲ့စည်းပြီး တစ်နှစ်ခွဲအတွင်း အခုလို စစ်ရေးအောင်မြင်လာတာ ဘာကြောင့်လဲ။ CB ရဲ့ မဟာမိတ်ဆက်ဆံရေးအခြေအနေတွေက ဘယ်လိုရှိနေလဲ။ သိမ်းပိုက်ထားတဲ့ မြို့နယ်တွေက ဘယ်လို စီမံအုပ်ချုပ်နေသလဲ။ စစ်ရေး၊ နိုင်ငံရေး ရည်မှန်းချက်တွေပြည့်ပြီလား စတာတွေနဲ့ ပတ်သက်လို့ ချင်းညီနောင်အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်နဲ့ DMG က မေးမြန်းဆွေးနွေးထားတာကို တင်ဆက်လိုက်ပါတယ်။