- AA ထိန်းချုပ်ဒေသတွင် ဒုစရိုက်မှု တိုးလာ၊ ကျူးလွန်သူထဲတွင် အသက်မပြည့်သေးသူများ ပါဝင်နေ
- ၂၀၂၄ ရွေးကောက်ပွဲ ဘိုင်ဒန်ဝင်ပြိုင်မည့် အစီအစဉ် "အဆင်အခြင်မဲ့လုပ်ရပ်" ဟု ကာမာလာဟဲရစ် ဝေဖန်
- ရခိုင်နှင့်အစပ် တိုင်း ၃ ခုတွင် စစ်ကောင်စီ အင်အားအလုံးအရင်းနှင့် ထိုးစစ်အရှိန်မြှင့်နေ
- သမ္မတထရမ့်၏ အနီးကပ်မဟာမိတ် ချာလီကာ့ခ် ပစ်သတ်ခံရ
- ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၈ ဦးပါ ငါးဖမ်းစက်လှေ တစ်စီးကို AA ဖမ်းဆီး
၂၀၂၄ ရွေးကောက်ပွဲ ဘိုင်ဒန်ဝင်ပြိုင်မည့် အစီအစဉ် "အဆင်အခြင်မဲ့လုပ်ရပ်" ဟု ကာမာလာဟဲရစ် ဝေဖန်
အမေရိကန် ဒုတိယသမ္မတဟောင်း ကာမာလာ ဟဲရစ်က ဒုတိယအကြိမ် သမ္မတသက်တမ်းအတွက် သမ္မတ ဂျိုးဘိုင်ဒင်ကို ရွေးကောက်ပွဲ ထပ်မံဝင်ရောက် ယှဉ်ပြိုင်စေခဲ့ခြင်းသည် "အဆင်အခြင်မဲ့သောလုပ်ရပ်" ဖြစ်သည်ဟု စက်တင်ဘာလ ၁၀ ရက်နေ့တွင် ပြောကြားလိုက်သည်။
11 Sep 2025

အမေရိကန် ဒုတိယသမ္မတဟောင်း ကာမာလာ ဟဲရစ်က ဒုတိယအကြိမ် သမ္မတသက်တမ်းအတွက် သမ္မတ ဂျိုးဘိုင်ဒင်ကို ရွေးကောက်ပွဲ ထပ်မံဝင်ရောက် ယှဉ်ပြိုင်စေခဲ့ခြင်းသည် "အဆင်အခြင်မဲ့သောလုပ်ရပ်" ဖြစ်သည်ဟု စက်တင်ဘာလ ၁၀ ရက်နေ့တွင် ပြောကြားလိုက်သည်။
၂၀၂၄ ခုနှစ် ရွေးကောက်ပွဲအတွက် ဒီမိုကရက်တစ်ပါတီ၏ သမ္မတကိုယ်စားလှယ်လောင်းအဖြစ် ဘိုင်ဒင်၏ နေရာကို အစားထိုးဝင်ရောက်ခဲ့ကာ သမ္မတရွေးကောက်ပွဲတွင် ဒေါ်နယ်ထရမ့်ကို အရေးနိမ့်ခဲ့ရသော ဟဲရစ်က အသက် ၈၁ နှစ်အရွယ်ရှိနေပြီသော ဘိုင်ဒင်သည် ထိုစဉ်က ပင်ပန်းနွမ်းနယ် ဖိစီးမှုဒဏ်ကို ခံစားနေခဲ့ရပြီး ၎င်း၏အသက်အရွယ်အရ ဖြစ်လေ့ရှိသော ကျန်းမာရေးပိုင်းဆိုင်ရာ ဟန်ချက်ပျက်ယွင်းမှုများ၊ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ အားနည်းချက်များ ရှိနေခဲ့သည်ဟု ဝန်ခံသွားခဲ့သည်။
ဟဲရစ်သည် သမ္မတအိမ်ဖြူတော်ဝန်ထမ်းများကိုလည်း ဘိုင်ဒင်၏ ဒုတိယသမ္မတအဖြစ် သူမ တာဝန်ထမ်းဆောင်ခဲ့စဉ်ကာလအတွင်း သူမကို ထောက်ပံ့ဝန်းရံမှု မပေးသည့်အပြင် တစ်ခါတစ်ရံ၌ ရည်ရွက်ချက်ရှိရှိဖြင့်ပင် နှောင့်ယှက်ဟန့်တားမှုများရှိခဲ့ကြောင်း ပြင်းပြင်းထန်ထန် စွပ်စွဲပြစ်တင်သွားခဲ့သည်။
"ဒါက ဂျိုးနဲ့ ဂျေးလ်တို့ရဲ့ ဆုံးဖြတ်ချက်ပါပဲ။ ကျွန်မတို့အားလုံးက ဘုရားစာရွတ်သလို တဖွဖွ ပြောခဲ့ကြတယ်။ ကျွန်မတို့အားလုံးဟာ ကိုယ်ပိုင်ဆင်ခြင်တုံတရား မရှိတော့ဘဲ အိပ်မွေ့ချခံထားရသလို ဖြစ်ပျက်နေခဲ့တာပါ။ ဒါဟာ ကျက်သရေရှိရှိ၊ ဂုဏ်သိက္ခာရှိရှိ ပြမူမှုလား ဒါမှမဟုတ် ပေါ့ဆလွန်းလှတဲ့ အဆင်အခြင်မဲ့လုပ်ရပ်လား။ နောက်ကြောင်းပြန် လှည့်ကြည့်လိုက်တဲ့အခါ ပေါ့ဆလွန်းတဲ့ အဆင်အခြင်မဲ့လုပ်ရပ်လို့ပဲ ကျွန်မထင်မိပါတယ်။ ရလဒ်အတွက် အရေးပါတဲ့ ရွေးကောက်ပွဲအပေါ် မူတည်နေတဲ့အရာတွေက အရမ်းကို များလွန်းခဲ့ပါတယ်။ ဒါဟာ လူတစ်ဦးတစ်ယောက်ရဲ့ အတ္တ၊ လူတစ်ဦးတစ်ယောက်ရဲ့ ရည်မှန်းချက်ကို အခြေခံပြီး ရွေးချယ်ဆုံးဖြတ်ရမယ့်ကိစ္စမျိုး မဖြစ်သင့်ပါဘူး။ ဒီကိစ္စက ပုဂ္ဂိုလ်ရေးဆိုင်ရာ ဆုံးဖြတ်ချက်တစ်ခုထက် ပိုတယ်ဆိုတာမျိုးပဲ ဖြစ်သင့်ပါတယ်" ဟု The Atlantic မဂ္ဂဇင်းက ထုတ်ဝေဖြန့်ချိသည့် '၁၀၇ ရက်တာ' (107 Days) အမည်ရ သူမ၏စာအုပ်မှ ပထမဆုံးအပိုင်းကို ထုတ်နုတ်ကိုးကား၍ ဟဲရစ်က ပြောကြားခဲ့သည်။
သမ္မတရွေးကောက်ပွဲကာလအတွင်း ဂျိုးဘိုင်ဒင်သည် ထရမ့်နှင့် မျက်နှာချင်းဆိုင်ခဲ့ရသော စိန်ခေါ် မှုပြင်းထန်သည့် အငြင်းအခုန်စကားဝိုင်းအပြီး၌ ၎င်း၏အသက်အရွယ်နှင့် စိတ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်တို့ကို မေးခွန်းများ ထွက်ပေါ်လာခဲ့သည့်အတွက် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လတွင် ရွေးကောက်ပွဲယှဉ်ပြိုင်မှုမှ နုတ်ထွက်ရန် ဆုံးဖြတ်လိုက်ပြီး ဘိုင်ဒင်၏ အဆိုပါနုတ်ထွက်မှုက တစ်ကမ္ဘာလုံးကို အံ့အားသင့်သွားစေခဲ့သည်။
ဘိုင်ဒင်၏ အခြေအနေကို ဖုံးကွယ်ရန်အတွက် ပူးပေါင်းကြံစည်မှုများ ရှိခဲ့သည်ဆိုခြင်းကို ဟဲရစ်က ငြင်းဆန်ပယ်ချခဲ့ပြီး ၎င်း(ဘိုင်ဒင်)၏ အသက်အရွယ်အရ ပြဿနာများရှိနေသည်မှာ ရှင်းလင်းထင်းရှားနေသည်ဟုလည်း ဟဲရစ်က ပြောကြားခဲ့သည်။