အကြမ်းဖက်ခံ တိုင်းရင်းသားများ၏ ဒုက္ခများကို နိုင်ငံတကာမှ မသိကျိုးကျွံပြု

ဘူးသီးတောင်၊ မောင်တော မြို့နယ်တွင် ARSA အစွန်းရောက်ဘင်္ဂလီများက အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ရခိုင်တိုင်းရင်းသားအပါအဝင် ဟိန္ဒူဘာသာဝင်တို့ အသက်အန္တရာယ် စိုးရိမ်မှုများကို ရင်ဆိုင်ခဲ့ရပြီး ယင်းဒုက္ခများကို နိုင်ငံတကာမှ မသိကျိုးကျွံပြုခဲ့ကြကြောင်း စက်တင်ဘာလ ၁၁ ရက်နေ့က နိုင်ငံခြားရေးရာဝန်ကြီးဌာနက ထုတ်ပြန်သည်။

12 Sep 2017

(အစွန်းရောက်ဘင်္ဂလီများ၏ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ဒုက္ခရောက်နေရသော ဒေသခံရခိုင်ပြည်သူများ။ ဓါတ်ပုံ - ချလူးအောင်/DMG)

စက်တင်ဘာလ (၁၂) ရက်၊ ၂၀၁၇ ခုနှစ်၊ DMG ။   ။   ဘူးသီးတောင်၊ မောင်တော မြို့နယ်တွင် ARSA အစွန်းရောက်ဘင်္ဂလီများက အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ရခိုင်တိုင်းရင်းသားအပါအဝင် ဟိန္ဒူဘာသာဝင်တို့ အသက်အန္တရာယ် စိုးရိမ်မှုများကို ရင်ဆိုင်ခဲ့ရပြီး ယင်းဒုက္ခများကို နိုင်ငံတကာမှ မသိကျိုးကျွံပြုခဲ့ကြကြောင်း စက်တင်ဘာလ ၁၁ ရက်နေ့က နိုင်ငံခြားရေးရာဝန်ကြီးဌာနက ထုတ်ပြန်သည်။

ထုတ်ပြန်ချက်တွင် “ မကြာသေးမီက ဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုကြောင့် စိုးရိမ်ထိလန့်မှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်စေခဲ့ပြီး၊ အကျိုးဆက်အနေဖြင့် ရခိုင်တိုင်းရင်းသားများ၊ ဟိန္ဒူဘာသာဝင်များနှင့် လူနည်းစုတိုင်းရင်းသားများဖြစ်ကြသည့် မြို၊ ဒိုင်းနက်နှင့် ကမန်တို့အပါအဝင် လူမှုအသိုင်းအဝိုင်းမှ ပြည်သူများအားလုံးလည်း မိမိတို့၏ နေရပ်ကို စွန့်ခွာတိမ်းရှောင်မှုများကို ဖြစ်ပေါ်စေခဲ့ကြောင်း၊ သို့သော် လူနည်းစုတိုင်းရင်းသားတို့၏ ဒုက္ခကံကြမ္မာများကိုမူ နိုင်ငံတကာက မသိကျိုးကျွံပြုခဲ့ကြသည်ကို စိတ်မကောင်းစွာ တွေ့ရကြောင်း ” ဟု ထုတ်ပြန်ထားသည်။

ASRA အစွန်းရောက် ဘင်္ဂလီအကြမ်းဖက်သမားများကြောင့် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်မြို့နယ် တို့က စာသင်ကျောင်း ၄၀၀ ကျော်ကို ပိတ်ခဲ့ရပြီး ကျောင်းသား၊ ကျောင်းသူ ၁၅၀၀၀၀ ကျော် ၂ ပတ်ကျော်ကြာ စာသင်ကြားခွင့် အခွင့်အရေးဆုံးရှုံးခဲ့ရသည်။

ဘူးသီးတောင်၊ မောင်တောဒေသက ဒေသခံပြည်သူများအတွက် ကျေးရွာများပြန်လည်တည်ဆောက်ရေးနှင့် အခြားဖွံ့ဖြိုးရေးလုပ်ငန်းများကို တည်ဆောက်ရန် ပြည်ထောင်စုအဆင့် ဝန်ကြီးများ ယခုလအတွင်း လာရောက်ကာ ပြည်နယ်အစိုးရအဖွဲ့နှင့် ညှိနှိုင်းတိုင်ပင်ပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရဝန်ကြီးချုပ် ဦးညီပုက ပြောသည်။

ဘူးသီးတောင်၊ မောင်တော၊ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးနှင့် မင်းပြားမြို့နယ်တို့တွင် စုရပ်အပါအဝင် ဒုက္ခသည်စခန်း စုစုပေါင်း ၁၀၀ ကျော် ဖွင့်လှစ်ခဲ့ရပြီး လူ ၃ သောင်းခန့် နေရပ်စွန့်ခွာခဲ့ရကြောင်း၊ ယင်းစခန်းများရှိ ကလေးငယ်များမှာလည်း ကျန်းမာရေးစောင့်ရှောက်မှုများ လိုအပ်နေကြောင်းနှင့် အခြားစားဝတ်နေရေး အကူအညီများ လိုအပ်နေကြောင်း ကူညီကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။

ဗီဒီယိုများ