- ဖားကန့် တိုက်ပွဲ အရပ်သား သေဆုံး၊ ဖမ်းဆီးခံရမှု မြင့်တက်လာ
- ဘူဂေးရီးယား၌ အီးယူအကြီးအကဲ၏ လေယာဉ်ကို GPS နှောင့်ယှက်တိုက်ခိုက်မှု ရုရှားလုပ်ရပ်ဟု ယူဆရ
- ထောင်က လွတ်ပြီးနောက် ပြန်ဖမ်းခံရသည့် ကျောက်ဖြူဒေသခံတစ်ဦး ထောင်ဒဏ် ၁၀ နှစ် ထပ်မံ ချမှတ်ခံရ
- ထိုင်းကုန်စည်လမ်းကြောင်းကို ရနောင်းနှင့် မယ်ဆိုင်ဘက်သို့ပြောင်းရန် မြန်မာ အကြံပြု
- တော်လှန်ရေးတပ် ထိန်းချုပ်နယ်မြေများတွင် ရွေးကောက်ပွဲ ဆန့်ကျင်မှု အရှိန်မြင့်လာ
အမေရိကန်ပြည်ထောင်စု မိန်းပြည်နယ်မှာ သေနတ်ပစ်ခတ်မှုကြောင့် ၂၂ ဦးထက်မနည်း သေဆုံး၊ သေနတ်သမား လွတ်မြောက်နေ
အမေရိကန်ပြည်ထောင်စု မိန်းပြည်နယ် လူဝီစတန်မြို့တွင် အောက်တိုဘာလ ၂၅ ရက်နေ့ညပိုင်းက ပစ်ခတ်မှုနှစ်ခု ဖြစ်ပွားခဲ့ပြီး လူပေါင်း ၂၂ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
26 Oct 2023
အမေရိကန်ပြည်ထောင်စု မိန်းပြည်နယ် လူဝီစတန်မြို့တွင် အောက်တိုဘာလ ၂၅ ရက်နေ့ညပိုင်းက ပစ်ခတ်မှုနှစ်ခု ဖြစ်ပွားခဲ့ပြီး လူပေါင်း ၂၂ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ညနေ ၇ နာရီ ၁၅ မိနစ်ခန့်တွင် ဘိုးလင်းစင်တာတစ်ခု၌ ပစ်ခတ်မှု ဖြစ်ပွားခဲ့ကာ သေနတ်သမား လွတ်မြောက်သွားပြီးနောက် ၈ နာရီ ၁၅ မိနစ်တွင် ဘားတစ်ခု၌ ပစ်ခတ်မှု ထပ်မံ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
သေနတ်သမားမှာ လက်ရှိအချိန်အထိ ထွက်ပြေးလွတ်မြောက်နေဆဲ ဖြစ်သည်။ ပစ်ခတ်မှု ပြုလုပ်ခဲ့သူသည် အသက် ၄၀ အရွယ် ရောဘက်အာရ်ကဒ် ဆိုသူဖြစ်ပြီး ၎င်းအားအလိုရှိသူအဖြစ် ပြည်နယ်နှင့် ဒေသခံ ရဲဌာနက သတင်းထုတ်ပြန်ထားသည်။
“မိမိတို့ စုံစမ်းစစ်ဆေးမှုများ လုပ်နေဆဲအချိန်၌ လုပ်ငန်းများအားလုံးကို ရပ်ဆိုင်းထားရန် တိုက်တွန်းပါသည်။ သံသယတရားခံမှာ ထွက်ပြေးလွတ်မြောက်နေဆဲ ဖြစ်သည်” ဟု အင်ဒရိုစကော့ဂျင်း ကောင်တီ ရဲဌာနက ဖေ့စ်ဘုတ်တွင် ရေးသားထားသည်။
အခင်းဖြစ်ပွားရာ နေရာမှ ထွက်ပေါ်လာသည့် ဓာတ်ပုံများ၌ ခေါင်းစွပ်အကျီႍ ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးသည် ရိုင်ဖယ်သေနတ် ကိုင်ဆောင်ပြီး ပစ်ခတ်ရန် အသင့်အနေအထားဖြင့် ရှိနေသည်ကို တွေ့ရသည်။
ပစ်ခတ်မှုအတွင်း ဒဏ်ရာရသူလည်း အမြောက်အများရှိနေကြောင်း ဒေသခံ ရဲအရာရှိများ၏ ပြောကြားချက်များအရ သိရသည်။
စီအန်အန် သတင်းတစ်ရပ်၌ ယခုပစ်ခတ်မှုအတွင်း ဒဏ်ရာရသူ ၅၀ ကျော် ၆၀ အထိ ရှိနိုင်သည်ဟု ဖော်ပြထားသည်။ သို့သော်လည်း ၎င်းတို့အားလုံး သေနတ်ကြောင့် ဒဏ်ရာရသူ ဟုတ်၊မဟုတ် ကိုမူ တိတိပပ မသိရပေ။
ယခုနှစ်အတွင်း အမေရိကန်ပြည်ထောင်စုတွင် သေနတ်ဖြင့် အကြမ်းဖက်ပစ်ခတ်မှု စုစုပေါင်း အကြိမ်ရေ ၅၀၀ ကျော်ရှိနေပြီဖြစ်သည်။