- ချင်းတောင်တွင် စစ်ဘေးရှောင်များ ဝမ်းရောဂါဖြစ်ပွားမှုမြင့်တက်နေ၊ သေဆုံးသူ ၄ ဦးထိရှိလာ
- ကျောက်ဖြူတွင် စစ်ကောင်စီ ပစ်ခတ်မှုကြောင့် ဒေသခံ ၁ ဦး သေဆုံး၊ ၂ ဦးဒဏ်ရာရ
- စစ်တွေတွင် ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီ မိသားစုဝင်များ ရွှေ့ပြောင်း
- ဘင်္ဂလားဒေ့ရှ်မှာ ရိုဟင်ဂျာတပ်ပေါင်းစု ဖွဲ့နိုင်အောင် ပါကစ္စတန်ထောက်လှမ်းရေးက ဘယ်လိုကူညီနေသလဲ အပိုင်း (၂)
- မောင်တော ဂုံးနားရွာတွင် စစ်ကျန်ဗုံးသီး ထပ်မံပေါက်ကွဲ၍ ၁ ဦး သေ၊ ၄ ဦးဒဏ်ရာရ
အစ္စရေး မြေပြင်တပ်များ ဂါဇာအတွင်းပိုင်းအထိ ဝင်ရောက်ထိုးစစ်ဆင်
စစ်လေယာဉ်များ၏ ပူးပေါင်းကူညီတိုက်ခိုက်မှုများနှင့်အတူ အစ္စရေး ကြည်းတပ်သည် ဂါဇာအတွင်းပိုင်းအထိ ထိုးဖောက်ဝင်ရောက်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ယနေ့ ကြေညာလိုက်သည်။
27 Oct 2023

စစ်လေယာဉ်များ၏ ပူးပေါင်းကူညီတိုက်ခိုက်မှုများနှင့်အတူ အစ္စရေး ကြည်းတပ်သည် ဂါဇာအတွင်းပိုင်းအထိ ထိုးဖောက်ဝင်ရောက်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ယနေ့ ကြေညာလိုက်သည်။
အရေအတွက် သောင်းပေါင်းများစွာ ရှိသော အစ္စရေး တပ်ဖွဲ့ဝင်များသည် ဂါဇာနယ်စပ် တလျှောက်တွင် မြေပြင်ထိုးစစ်ဆင်ရန်အတွက် အစုလိုက်အပြုံလိုက် အသင့်အနေအထားဖြင့် စောင့်လျက်ရှိသည်။
“နောက်ဆုံးရက်မှာ အစ္စရေး မြေပြင်တပ်တွေဟာ တိုက်လေယာဉ်နဲ့ ပျံသန်းရေးယာဉ်တွေရဲ့ အကူအညီနဲ့ ဂါဇာကမ်းမြောင် ဗဟိုနေရာထိ ထိုးစစ်ဆင်ခဲ့ပါတယ်” ဟု အစ္စရေးစစ်တပ်က အောက်တိုဘာလ ၂၇ ရက်နေ့တွင် ပြောကြားသည်။
ရှေ့တစ်ရက် ညဉ့်ကလည်း တင့်ကားများနှင့်အတူ ခြေလျင်တပ်သည် ဟာမားစ်တို့အပေါ် အလားတူ စစ်ဆင်ရေးတစ်ရပ်ကို ဂါဇာမြောက်ပိုင်းတွင် ဆင်နွှဲခဲ့သည်ဟု အစ္စရေးစစ်တပ်၏ ပြောကြားချက်အရ သိရသည်။
အစ္စရေးကို ဟာမားစ်တို့ တိုက်ခိုက်ခဲ့ပြီးနောက် ၂၁ ရက်ကြာလာသည်အထိ အစ္စရေးသည် ဂါဇာကမ်းမြောင်ဒေသကို တောက်လျှောက် ဗုံးကြဲတိုက်ခိုက်နေဆဲ ဖြစ်သည်။ ဂါဇာကို နေရာစုံမှ ပိတ်ဆို့ထားသဖြင့် ဒေသခံများအတွက် လူသားချင်းစာနာမှု အကူအညီများ ပေးနိုင်ရေးအတွက် တိုက်ခိုက်မှုကို ဆိုင်းငံ့ပေးရန်လည်း ဥရောပခေါင်းဆောင်များက တောင်းဆိုလျက်ရှိသည်။
စစ်ပွဲစတင်ချိန်မှ လက်ရှိအထိ ဂါဇာတွင်းသို့ အစားအစာ၊ သောက်သုံးရေနှင့် ဆေးဝါးများ တင်ဆောင်လာသည့် ထရပ်ကား ၇၄ စီးသာ ဝင်ခွင့်ရသေးသည်။ တိုက်ပွဲများမဖြစ်မီက ဂါဇာတွင်းသို့ နေ့စဉ် ဝင်ရောက်သည့် ထရပ်ကားအစီးရေမှာ ၅၀၀ ခန့်ရှိသည်ဟု ကုလသမဂ္ဂက ထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။
ပြီးခဲ့သော အောက်တိုဘာလ ၇ ရက်နေ့က အစ္စရေးကို ပါလက်စတိုင်း လက်နက်ကိုင်တပ် ဟာမားစ်တို့ တိုက်ခိုက်ခဲ့မှုကြောင့် လူပေါင်း ၁၄၀၀ သေဆုံးခဲ့သည်။ ဤဆိုပါဖြစ်စဉ်အတွက် အစ္စရေးဘက်ကလည်း လက်တုံ့ပြန်တိုက်ခိုက်မှုများကြောင့် သေဆုံးသူ အရေအတွက်သည် ၇၀၀၀ ကျော်နေပြီဖြစ်ကြောင်း ပါလက်စတိုင်း အာဏာပိုင်များက ထုတ်ပြန်ထားသည်။