ရန်ကုန်တိုင်း ရခိုင်တိုင်းရင်းသားဝန်ကြီးနေရာအား ဒေါ်ထုမေ အပြတ်အသတ်အနိုင်ရ

ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးနေအား တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ ဒေါ်ထုမေမှာ အပြတ်အသတ်အနိုင်ရရှိသွားပြီးဖြစ်ကြောင်း ၎င်း၏ လူမှုကွန်ယက်စာမျက်နှာ(FB) ပေါ်မှ သိရသည်။

By မြတ်ဝင်းကျော် 10 Nov 2020

မြတ်ဝင်းကျော်၊ DMG
နိုဝင်ဘာ ၁၀၊ ရန်ကုန်

ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးနေအား တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ ဒေါ်ထုမေမှာ အပြတ်အသတ်အနိုင်ရရှိသွားပြီးဖြစ်ကြောင်း ၎င်း၏ လူမှုကွန်ယက်စာမျက်နှာ(FB) ပေါ်မှ သိရသည်။

ရန်ကုန်တိုင်းတွင် ရခိုင်တိုင်းရင်း မဲပေးခွင့်ရှိသူ ၁ သိန်း ၁ သောင်းကျော်ရှိသည့်အနက် ၅ သောင်းကျော် ဆန္ဒမဲပေးခဲ့ကြရာ ဒေါ်ထုမေ မှာ ၂၁၉၁၀ မဲဖြင့် အပြတ်အသတ် အနိုင်ရရှိသွားခြင်းဖြစ်သည်။

ရခိုင်တိုင်းရင်းသားဝန်ကြီးနေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသော အမျိုးသားဒီမိုကရေစီအချုပ်ပါတီ(NLD) မှ ဒေါ်ခင်မျိုးဦးမှာ ဆန္ဒမဲ ၁၂၃၂၇ရရှိခဲ့ပြီး ရခိုင်အမျိုးသားပါတီ (ANP)မှ ဦးဦးမြင့်ကျော် မှာ ၁၀၈၇၇ ဆန္ဒမဲရရှိခဲ့သည်။

ထို့အပြင် တစ်သီးပုဂ္ဂလအဖြစ်ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ ဦးတင်ထူးအောင် မှာ ဆန္ဒမဲ ၆၄၆၉ ရရှိခဲ့ပြီး ဒေါက်တာစံလှကျော်မှာ ၁၇၄၂ မဲသာရရှိခဲ့ကြောင်း ဒေါ်ထုမေ၏ လူမှုကွန်ယက်စာမျက်နှာပေါ်မှ သိရသည်။

၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကြီးတွင် ရန်ကုန်တိုင်းဒေသကြီး၌ ရခိုင်တိုင်းရင်းသား မဲဆန္ဒရှင်အချို့သည် တိုင်းဒေသကြီး၊ ပြည်သူ့နှင့် အမျိုးသားလွှတ်တော်တို့အတွက် ဆန္ဒမဲပေးခွင့် ရရှိခဲ့သော်လည်း တိုင်းရင်းသားရေးရာဝန်ကြီးမဲဆန္ဒနယ်မှာ အမည်စာရင်းမပါရှိဟုဆိုသော အကြောင်းပြချက်ဖြင့် ဆန္ဒမဲပေးခွင့်မရရှိခဲ့ကြပေ။

ဗီဒီယိုများ