- စစ်ကောင်စီ လက်နက်ကြီးကြောင့် သံတွဲတွင် ကမန် ၉ ဦးနှင့် ရခိုင် ၁ ဦး သေဆုံး
- သံတွဲတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ လက်နက်များဖြင့် ထွက်ပြေးနေကြ
- မိုခါမုန်တိုင်း ၁ နှစ်ပြည့်အချိန်ထိ ရခိုင်ပြည်သူများ နာလန်မထူနိုင်သေး
- ဂွဒေသခံတစ်ဦးကို AA နှင့် ဆက်စပ်သည်ဆိုပြီး စစ်ကောင်စီ ဖမ်းဆီး
- စစ်ကောင်စီ လေကြောင်းပစ်ခတ်မှုကြောင့် မောင်တော ဒေသခံ ၃ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရ
မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာဖိအားများ ရင်ဆိုင်နေရခြင်းမှာ ရခိုင်ပြည်နယ်ရှိ ပဋိပက္ခများနှင့် ဆက်နွယ်နေသည်ဟုဆို
မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာဖိအား ရင်ဆိုင်နေရခြင်းမှာ ရခိုင်ပြည်နယ်တွင်ဖြစ်ပွားနေသည့် ပဋိပက္ခများနှင့် အဓိကဆက်နွယ်နေကြောင်း အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ပြောသည်။
30 Jul 2020
မျိုးသီရိကျော် | DMG
ဇူလိုင် ၃၀ ၊ စစ်တွေ
မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာဖိအား ရင်ဆိုင်နေရခြင်းမှာ ရခိုင်ပြည်နယ်တွင်ဖြစ်ပွားနေသည့် ပဋိပက္ခများနှင့် အဓိကဆက်နွယ်နေကြောင်း အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ပြောသည်။
ယနေ့(ဇူလိုင်လ ၃၀ရက်နေ့)ကျင်းပသည့် ဒုတိယအကြိမ် အမျိုးသားလွှတ်တော်အစည်း အဝေးတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေက မေးမြန်းချက်အပေါ် ဝန်ကြီးက ယင်းသို့ဖြေကြားခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာမှဖိအားများ၊ စိန်ခေါ်မူများနှင့် ရင်ဆိုင်ရလျက်ရှိရာ မိမိတို့နိုင်ငံရင်ဆိုင် နေရသည့်အခြေအနေများကို နိုင်ငံတကာမှပိုမိုနားလည်းသဘောပေါက်ကာ မြန်မာနိုင်ငံအပေါ် ဖိအားများ လျော့ကျသွားစေရန်အတွက်လည်းကောင်း၊ နိုင်ငံနှင့်နိုင်ငံသားများ၏ပုံရိပ်ကို မြှင့်တင်နိုင်ရန်အတွက် လည်းကောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် သံခင်းတမန်ခင်းအရ မည်သို့ဆောင်ရွက်လျက်ရှိသည်ကို သိလိုကြောင်း ဒေါ်ထုမေက မေးမြန်းခဲ့သည်။
ထိုသို့ နိုင်ငံတကာဖိအား ရင်ဆိုင်နေရခြင်းသည် ရခိုင်ပြည်နယ်တွင်ဖြစ်ခဲ့သည့် ပဋိပက္ခများနှင့် အဓိကဆက်နွယ် နေခြင်းဖြစ်ကာ ၂၀၁၂ ခုနှစ်က ရခိုင်ပြည်နယ်တွင်ရှိခဲ့သည့် မတူညီသည့် လူမှုအသိုက်အဝိုင်းများအကြား ပဋိပက္ခများကြောင့် တကျော့ပြန် ကြီးထွားလာခြင်းဖြစ်ပြီး မိမိတို့အစိုးရလက်ထက်တွင် ၎င်းပြဿနာများ၏ အမွေကို ဆက်ခံနေရခြင်းဖြစ်ကြောင်းလည်း ဝန်ကြီးဦးကျော်တင်က ပြောသည်။
ယင်းအပြင် သံခင်းတမန်ခင်းဆိုသည်မှာ နိုင်ငံတော်ကာကွယ်ရေး၏ ရှေ့တန်းမျက်နှာစာဖြစ်သဖြင့် သံတမန်များ အနေဖြင့် ရှေ့တန်းမျက်နှာစာတွင် မည်သည့်နည်းဗျူးဟာ၊ မည်သည့်နည်းလမ်းများဖြင့် ကြိုးပမ်းဆောင်ရွက် မည်ဆိုသည်မှာ သိုသိပ်စွာဆောင်ရွက်ရသည့်ကိစ္စဖြစ်ကြောင်း၊ သို့ဖြစ်၍ ဆောင်ရွက်ပြီးခဲ့သည့်ကိစ္စများကိုသာ တင်ပြ၍ရနိုင်မည့် အနေအထားဖြစ်ကြောင်း ဝန်ကြီးကဆက်ပြောသည်။
ရခိုင်ပြည်အရေးနှင့်ပတ်သတ်ပြီး နိုင်ငံခြားဆက်ဆံရေးကိစ္စ ဖြေရှင်းရေးကို ဦးစားပေးလုပ်ငန်းတစ်ရပ်အနေဖြင့် ဆောင်ရွက်နေကြောင်း၊ ၂၀၁၆ ခုနှစ်တွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် ဦးဆောင်သည့် ရခိုင် ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီကို ချက်ချင်း ဖွဲ့စည်းဆောင်ရွက်ခဲ့ကြောင်း၊ နိုင်ငံတကာက လေးစားသည့် ကုလသမဂ္ဂအတွင်းရေးမှူးဟောင်း ကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ်အကြံပေးကော်မရှင်ကိုလည်း ၂၀၁၆ ခုနှစ် စက်တင်ဘာလတွင် ဖွဲ့စည်းတာဝန်ပေးခဲ့ခြင်း ဖြစ်ကြောင်း ဆိုသည်။
တစ်ဖက်တွင်လည်း ဖွံ့ဖြိုးတိုးတက်မှုနောက်ကျသည့် ရခိုင်ပြည်နယ်အတွက် စီးပွားရေးနှင့် လူမှုအခွင့်အလမ်းများ တိုးတက်စေရန်အတွက် အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်နေသည်ဟုလည်း ဝန်ကြီး ဦးကျော်တင်က ပြောကြားခဲ့သည်။
၂၀၁၇ ခုနှစ် မောင်တောဒေသအကြမ်းဖက်မှုဖြစ်စဉ်နောက်ပိုင်း မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေ ရှင်းလင်းရေးဆောင်ရွက်ချက်များကြောင့် မွတ်ဆလင် ၇ သိန်းခန့် တစ်ဖက်နိုင်ငံဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေး သွားခဲ့ကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။
အဆိုပါကိစ္စသည် မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ၏ဖိအားများ ပိုမိုကျရောက်စေခဲ့သည်ဟု ပြောဆိုသုံးသပ် မှုများလည်းရှိသည်။