အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော် ကွယ်လွန်

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်သည် ယနေ့မတ်လ ၆ ရက်နေ့ နံနက် ၆ နာရီကျော်အချိန်တွင် စစ်တွေပြည်သူ့ဆေးရုံကြီး၌ ကွယ်လွန်သွားခဲ့ကြောင်း မိသားစုဝင်များထံမှ သိရသည်။

By မြတ်ဆွေ 06 May 2020


မြတ်ဆွေ | DMG
မတ် ၆ ၊ မြောက်ဦး

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်သည် ယနေ့မတ်လ ၆ ရက်နေ့ နံနက် ၆ နာရီကျော်အချိန်တွင် စစ်တွေပြည်သူ့ဆေးရုံကြီး၌ ကွယ်လွန်သွားခဲ့ကြောင်း မိသားစုဝင်များထံမှ သိရသည်။

အသက်(၇၁)နှစ်အရွယ် ဦးကျော်ကျော်သည် ဦးနှောက်အမြှေးပါးရောင်ရောဂါဖြင့် ဆေးကုသမှုခံယူနေစဉ် ကွယ်လွန်ခဲ့ခြင်းဖြစ်ကြောင်း သမီးဖြစ်သူ မစံစံသိန်းကပြောသည်။

ဦးကျော်ကျော်မှာ ၎င်းရောဂါဖြင့် နေပြည်တော်တွင် သွားရောက်ကုသမှုခံယူခဲ့ပြီး မြောက်ဦးမြို့သို့ ပြန်လာ ခဲ့ကြောင်း၊ ယင်းနောက် ဦးခေါင်းကိုက်ခဲ့သည့်ဝေဒနာကို ထပ်မံခံစားလာရသဖြင့် စစ်တွေဆေးရုံတွင် ဆေးကု သမှုခံယူခဲ့ခြင်းဖြစ်သည်ဟု သမီးဖြစ်သူက ပြောသည်။

“ဒီစစ်တွေဆေးရုံမှာ ငါးရက်ကုသပြီး သွေးအလွန်တိုးပြီးတော့ ကွယ်လွန်သွားခဲ့တယ် ” ဟု မစံစံသိန်းက ဆိုသည်။

လက်ရှိမှာ သေဆုံးသူ ဦးကျော်ကျော်၏ရုပ်အလောင်းကို မြောက်ဦးမြို့တွင်သင်္ဂြိုဟ်ရန်အတွက် စီစဉ်နေ ကြောင်းလည်း မိသားစုထံမှသိရသည်။

သေဆုံးသွားသည့် ရခိုင်ပြည်နယ် မဲဆန္ဒ္ဒနယ် အမှတ် (၄)မှ ဦးကျော်ကျော်အား လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှရပ်စဲသည့် ကြေငြာချက်တစ်စောင်ကို အမျိုးသားလွှတ်တော်မှ ယနေ့ မေလ ၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ဦးကျော်ကျော်သည် ရခိုင်အမျိုးသားပါတီ(ANP)ကိုယ်စားပြုကာ ရခိုင်ပြည်နယ် မဲဆန္ဒ္ဒနယ် အမှတ် (၄)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် ၂၀၁၀ ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၁၅ ခုနှစ်တွင်တစ်ကြိမ် အနိုင်ရရှိခဲ့သည်။

ဗီဒီယိုများ