သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့က အမှုဆောင်ဒါရိုက်တာ တစ်ဦးဖြစ်တဲ့ ဒေါက်တာ နိုင်ဆွေဦးနှင့် ဆက်သွယ်မေးမြန်းချက်

ရခိုင်ပြည်နယ်တွင် တိုက်ပွဲပြန်လည် ဖြစ်ပွားလာနိုင်ခြေနည်းတယ်လို့ သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့က အမှုဆောင်ဒါရိုက်တာ တစ်ဦးဖြစ်တဲ့ ဒေါက်တာ နိုင်ဆွေဦးက သုံးသပ်ပြောပါတယ်။ အခု တပ်မတော်အနေနဲ့ ရခိုင်ပြည်နယ်မှာ အင်အားတိုးချဲ့မှုတွေရှိနေတယ်လို့ ပြည်တွင်းသတင်းမီဒီယာတချို့က ဖော်ပြပါတယ်။ ရခိုင်ပြည်နယ်မှာ တပ်မတော်အင်အားတိုးချဲ့မှုတွေနဲ့ ပတ်သက်လို့ ဒေါက်တာနိုင်ဆွေဦးကို DMG က ဆက်သွယ်မေးမြန်းထားပါတယ်။

07 Apr 2021

ရခိုင်ပြည်နယ်တွင် တိုက်ပွဲပြန်လည် ဖြစ်ပွားလာနိုင်ခြေနည်းတယ်လို့ သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့က အမှုဆောင်ဒါရိုက်တာ တစ်ဦးဖြစ်တဲ့ ဒေါက်တာ နိုင်ဆွေဦးက သုံးသပ်ပြောပါတယ်။ အခု တပ်မတော်အနေနဲ့ ရခိုင်ပြည်နယ်မှာ အင်အားတိုးချဲ့မှုတွေရှိနေတယ်လို့ ပြည်တွင်းသတင်းမီဒီယာတချို့က ဖော်ပြပါတယ်။ ရခိုင်ပြည်နယ်မှာ တပ်မတော်အင်အားတိုးချဲ့မှုတွေနဲ့ ပတ်သက်လို့ ဒေါက်တာနိုင်ဆွေဦးကို DMG က ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ အခုတပ်မတော်အနေနဲ့ ရခိုင်ဘက်မှာ တပ်အင်အားတွေ တိုးချဲ့ချထားမှုတွေရှိနေတယ်လို့ သတင်းမီဒီ ယာတွေမှာ တွေ့ရတယ်။ အင်အားဘယ်လောက်ထိ တိုးချဲ့မှုတွေရှိနိုင်လဲ။

ဖြေ။ ။ ကျနော် အမှန်အတိုင်းပြောရရင် မကြားဘူးပေါ့နော်၊ တိုးချဲ့တယ်မချဲ့ဘူးဆိုတာကို အမှန်အတိုင်းပြောရရင် မကြားဘူး၊ တကယ်တိုးချဲ့မယ်ဆိုရင်လည်း အကြောင်းရှိတာပေါ့နော်၊ ဘာလိုလဲဆိုတော့ ပြည်တွင်းရေးတစ်ခုတည်းကို ကြည့်လို့မရဘူး၊ နိုင်ငံတကာ ရေးရာကိစ္စတွေကိုလည်း ကြည့်ရမယ်လို့ ထင်တယ်ပေါ့နော်၊ အကယ်၍ တိုးချဲ့ချထားမယ်ဆိုရင်လည်းပေါ့နော်၊ ကျနော်တို့  ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလောက်ကတည်းက အေအေနဲ့ တိုက်ပွဲတွေကလည်း မရှိသလောက် ဖြစ်သွားပြီ၊ တော်တော်လည်း မရှိသလောက်ဖြစ်သွားပြီပေါ့နော်၊ တစ်နိုင်ငံလုံးမှာ ရခိုင်ပြည်နယ်ဟာ တိုက်ပွဲတွေက မရှိသလောက်ဖြစ်သွားပြီပေါ့နော်။ တစ်နိုင်ငံလုံးမှာတောင် အခုအငြိမ်းချမ်းဆုံးက ရခိုင်ပြည်နယ်ဟာ အငြိမ်းချမ်းဆုံး ပြည်နယ်လို့တောင် လောလောစဉ် ပြောလို့ရတယ်ပေါ့နော်၊ ဒါကတော့ ရခိုင်ပြည်နယ်က နိုင်ငံတကာ အရေးကိစ္စတွေလည်း ရှိနေတယ်ပေါ့၊ ဥပမာ-  ဘင်္ဂါလီအရေးကိစ္စတွေရှိနေတယ်။

ဒါကြောင့် ဖြစ်နိုင်တယ်လို့ ယူဆတယ်ပေါ့နော်၊ ဘာကြောင့်လဲဆိုတော့ ဘင်္ဂလားဒေ့ချ်နဲ့ကလည်း အရင်ကလောက် ထင်သလောက် ဆက်ဆံရေးမကောင်းတဲ့ အနေအထားမျိုးကတော့ နိုင်ငံရေးနဲ့ ပတ်သက်ပြီးလည်း တင်းမာမှုတွေရှိနေတော့ ချမယ်ဆိုရင်လည်း ဒါကြောင့် ချတာဖြစ်နိုင်မယ်ပေါ့နော်၊ ဒါကြောင့်ပဲ ဖြစ်နိုင်မယ်။ ဒါပါပဲ။ ပြီးတော့မှ  ရခိုင်ကမ်းလွန်မှာ တပ်မတော်ရေယာဉ် လေ့ကျင့်မယ်ဆိုတာလည်း တစ်ဖက်ကလည်း မြန်မာကမ်းလွန်ပြင်မှာပေါ့နော် ဟိုလေးနိုင်ငံနဲ့ သေချာလုပ်ဖို့ကတော့ ရှိမှာပဲ။ တပ်မတော်ဖက်ကလည်း အသင့်ဖြစ်မှုကို ပြတဲ့အနေနဲ့ ရှိမှာပေါ့နော်၊ ဟိုလိုမျိုး ပြည်တွင်းမှာ တိုက်ခိုက်ဖို့အတွက် လုပ်တယ်လို့လည်း မယူဆပါဘူးခင်ဗျာ။

မေး။ ။ မတ်လ ၃၀ ရက်နေ့က ညီနောင်သုံးဖွဲ့က အပစ်ရပ်ကာလကို ပြန်သုံးသပ်နေတယ်လို့ ထုတ်ပြန်တယ်။ နောက် အခုလို တပ်မတော်အနေနဲ့ နွေဦးတော်လှန်ရေးမှာ ပါဝင်နေတဲ့ တိုင်းရင်းသားတွေကို အကြမ်းဖက် လုပ်ဆောင်နေတယ်ဆိုရင် သူတို့နဲ့ ပူးပေါင်းသွားမယ်လို့ ထုတ်ပြန်လိုက်တယ်။ ဆိုတော့ ရခိုင်မှာ တိုက်ပွဲတွေက ပြန်ဖြစ်လာနိုင်လား။

ဖြေ။ ။ ဒါကတော့ ခန့်မှန်းကြည့်ရတာတော့ သူတို့ပြန်သုံးသပ်မယ်လို့ဆိုပေမဲ့ တပ်မတော်အနေနဲ့ အပစ်ခတ်ရပ်ပေးထားတာလည်း ကြာပြီးပေါ့နော်၊ တပ်မတော်အနေနဲ့ ၂၀၁၈ နှစ်ကုန်ပိုင်းလောက်ကနေ စတဲ့ဟာ မျိုးရှိပါတယ်။

အခုက ရခိုင်မှာ ရပ်ထားတဲ့ အနေအထားမျိုးရှိတယ်လို့တောင် ကျနော်မြင်ပါတယ်။ ညီနောင်သုံးဖွဲ့ကတော့ ဘယ်လိုပဲ ထုတ်ပြန်သည်ဖြစ်စေ ကျနော်တို့ကတော့ NCA လမ်းကြောင်းကတော့ ရှိနေတာပေါ့လေ။ ဒါကတော့ အတတ်နိုင်ဆုံး တပ်မတော်ရဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုအဖွဲ့တွေ  လက်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သူတို့ တစ်ဖက်က တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ ထုတ်ပြန်တာကတော့ ဘယ်လိုပဲဖြစ်ဖြစ် ရှိမှာပေါ့နော်၊ တိုက်ပွဲတွေ ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်လာဖို့က  နည်းတယ်လို့ ကျနော်မြင်ပါတယ်။

တချို့ ဟိုဖက်မှာ ပူးပေါင်းလိုတဲ့ အဖွဲ့တွေတောင်မှ သိပ်အများကြီး မတွေ့ရဘူးပေါ့နော်။ ဒါမြန်မာနိုင်ငံမှာ အရှေ့တောင်ဘက်အခြမ်းမှာရှိတဲ့ နယ်စပ်ကို သွားတဲ့အဖွဲ့တွေကို ပြည်တွင်းကနေသွားပြီး ပူးပေါင်းတဲ့ အဖွဲ့တွေရှိပေမဲ့ နည်းပါတယ်။  တချို့ ပြန်ဖမ်းမိတာတွေရှိတယ်။ ပြန်လာတာလည်း ရှိတယ်ပေါ့နော်။ ဒီအဖွဲ့နဲ့ ပူးပေါင်းပြီးတော့မှ တိုင်းရင်းသားလက်နက်ကိုင်တွေက ပြည်တွင်းမှာ တိုက်ခိုက်မယ်ဆိုတာကတော့ ဒါကတော့ရှားတယ်။ ဒါကတော့ ဖြစ်နိုင်ခြေနည်းတယ်လို့ ကျနော်မြင်ပါတယ်။

မေး။ ။ ဘာပဲဖြစ်ဖြစ်ပေါ့နော်၊ အခု ရခိုင်မှာက တိုက်ပွဲပြန်ဖြစ်လာမှာကို ဒေသခံတွေအနေနဲ့ စိုးရိမ်နေကြတယ်ပေါ့နော်၊ ဆိုတော့ တိုက်ပွဲပြန်ဖြစ်လာရင်တော့ ရခိုင်ဒေသက ဘယ်လောက်ထိ ဆိုးရွားသွားနိုင်သလဲ။

ဖြေ။ ။ ဒါကတော့ ကျနော်ပြောရရင်တော့ ပြီးခဲ့တဲ့ ၂ နှစ်ကျော်လောက် ဖြစ်ခဲ့တဲ့အချိန်ကလည်း ဒေသခံတိုင်းရင်းသား ပြည်သူတွေအနေနဲ့ စစ်ရဲ့ဆိုးကျိုးခံစားရတဲ့အနေအထားကြီး၊ အထူးသဖြင့်  ပြည်တွင်းမှာ IDP တွေ အများကြီးဖြစ်သွားတယ်။ ကျေးလက်ဒေသ ပြန်လည်နေရာချထားရေးတောင်မှ အများကြီးပြန်လုပ်ရမဲ့ အနေအထားဖြစ်တယ်။ ဆိုတော့ မဖြစ်တာတော့ အကောင်းဆုံးပါပဲ၊ ကျနော်ထင်တာပေါ့။ ပြန်ပြီးဖြစ်လာဖို့ကလည်း ရာခိုင်နှုန်းနည်းတယ်လို့ ကျနော်မြင်တယ်။ ဆိုတော့ ဘာပဲပြောပြော စစ်တိုက်တယ်ဆိုတာကတော့ ပန်းနဲ့ပေါက်နေတာမဟုတ်တဲ့အတွက် သေကြေပျက်စီးတာတော့ရှိမှာပါပဲ၊ နှစ်ဖက်တိုက်နေတဲ့ အဖွဲ့တွေလည်း သေကြေမှာပဲ၊  ကြားထဲက ပြည်သူတွေကလည်း ထိခိုက်ဒဏ်ရာရတာတွေ ဖြစ်မှာပေါ့။ ဒါက စစ်ပွဲ အနိဌာရုံဖြစ်တယ်။ ဒါပေမဲ့ မဖြစ်ဖို့ရာခိုင်နှုန်းများတယ်လို့ ကျနော်ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လက်ရှိ အခြေအနေမှာလည်း ရခိုင်ပြည်နယ်မှာလည်း IDP ပြန်လည်နေရာချထားရေး လုပ်နေတာတွေရှိတယ်။ ပြီးတော့မှ မိုင်းရှင်းလင်းရေးကိစ္စတွေ လုပ်နေတာနေတာရော ရှိနေတော့ ရခိုင်ပြည်နယ်အတွက် ငြိမ်းချမ်းတဲ့ အလားအလာ အများကြီးကောင်းမယ်လို့ ကျနော်မြင်ပါတယ်။

မေး။ ။ ဘာတွေများ ဖြည့်စွက်ပြောချင်တာရှိပါသလဲ။

ဖြေ။ ။ ဘာပဲပြောပြောပေါ့၊ စစ်ဆိုတာကတော့ ဖြစ်လာရင် မကောင်းဘူးပေါ့နော်။ နှစ်ဖက်လုံး ထိခိုက်ရတယ်။ ကြားက ပြည်သူတွေကလည်း ထိခိုက်ကြရတယ်။ ဆွေးနွေးစကားဝိုင်းကသာ ငြိမ်းချမ်းရေးစကားဝိုင်းကသာ ဖြေရှင်းနိုင်မယ်လို့ မြင်ပါတယ်။ တကယ်တမ်းကျတော့ စစ်ဆိုတာ နိုင်ငံရဲ့နောက်ဆုံး နည်းလမ်းအနေနဲ့ သုံးကြတာပေါ့။ ဆိုတော့ အကောင်းဆုံးက ကျနော်တို့မှာ ညှိနှိုင်းဖြေရှင်းနိုင်ရင်ကောင်းတယ်။ ဆိုတော့ ကျနော်တို့ နိုင်ငံမှာ Road Map ရှိပြီးသားဖြစ်တယ်။ ဆိုတော့ ကျနော်တို့ နိုင်ငံမှာလည်း NCA ဆိုတာကြီး ရှိပြီးသားဖြစ်တယ်။ NCA လမ်းကြောင်းအတိုင်း သွားမယ်ဆိုရင်တော့ မည်သည့်အစိုးရတက်သည်ဖြစ်စေ၊ ဒါက ငြိမ်ချမ်းရေးပန်းတိုင်ကတော့ တနေ့နေ့တချိန်ချိန်မှာ ရောက်သွားမယ်လို့ ကျနော်မြင်ပါတယ်။

ဗီဒီယိုများ