- ရခိုင်ပြည်လွတ်မြောက်တာဟာ တစ်နိုင်ငံလုံးတော်လှန်ရေးအတွက် ကြီးမားတဲ့ သက်ရောက်မှုရှိ
- မြန်မာအပေါ် ဆင်နွှဲတဲ့ ထရမ့်ရဲ့ စစ်ပွဲ
- စစ်ကောင်စီနှင့် အေအေ ပါဝင်သည့် ပူးပေါင်းတပ်တို့ ရေကြည်အမြောက်တပ်အနီးတွင် တိုက်ပွဲပြင်းနေ
- စစ်ပြေးလက်ခံထားသည့် စွပ်စွဲချက်ဖြင့် ကျောက်ဖြူမြို့ခံ လေးဦးကို စစ်ကောင်စီ ဖမ်းဆီး
- တိုက်နေသူများ မပါဝင်သည့် "ငြိမ်းချမ်းရေးဖိုရမ်"ကို စစ်ကောင်စီ ကျင်းပခဲ့
ပြစ်ချက်မရှိဘူးလို့ ငြင်းဆိုလိုက်တဲ့ စည်ပင်ဝန်ကြီး ဦးမင်းအောင် နှင့် အင်တာဗျူး
06 Dec 2017
ပြစ်ချက်မရှိဘူးလို့ ငြင်းဆိုလိုက်တဲ့ စည်ပင်ဝန်ကြီး ဦးမင်းအောင် နှင့် အင်တာဗျူး (ရုပ်သံ)
ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင်ကို ဥပဒေအရ ပေးအပ်သောတာဝန်များကို ကျေပွန်စွာ မဆောင်ရွက်နိုင်ခြင်း၊ နိုင်ငံတော်နှင့် ပြည်သူတို့အကျိုးစီးပွားကို ထိခိုက်နစ်နာဆုံးရှုံးမှုများရှိနေခြင်းဆိုသည့် စွပ်စွဲချက်များနှင့် လွှတ်တော်ဥက္ကဋ္ဌကိုယ်တိုင်လက်မှတ်ထိုးကာ ရခိုင်ပြည်နယ်လွှတ်တော်မှ စုံစမ်းဆေးအရေးယူဖို့ ယနေ့ ဒီဇင်ဘာလ ၅ ရက်နေ့တွင် စုံစမ်းစစ်ဆေးရေးအဖွဲ့တစ်ခုကို ဖွဲ့စည်းကာ တာဝန်ပေးထားကြောင်း လွှတ်တော်ကိုယ်စားလှယ်အချို့ထံမှ သိရသည်။
ဦးမင်းအောင်ကို စည်ပင်သာယာရေး ဝန်ကြီးရာထူးမှ ရပ်စဲနိုင်ရေး ဥပဒေနှင့်အညီ ဆောင်ရွက်ပေးနိုင်ရန် နိုင်ဝင်ဘာလ ၂၉ ရက်နေ့က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၁၇ ဦး၏ တင်ပြချက်အပေါ် ရခိုင်ပြည်နယ်လွှတ်တော်မှ ဖွဲ့စည်းပုံအခြေခံပုဒ်မ (၂၆၃) ပုဒ်မခွဲ (ဂ)နှင့်အညီ ဘူးသီးတောင်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁)မှ ဦးဇော်ဇော်မြင့် အဖွဲ့ခေါင်းဆောင်ပါဝင်သော လွှတ်တော်ကိုယ်စားလှယ် (၅)ဦး ပါဝင်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့ကို တာဝန်ပေးအပ်ထားသည်။
စုံစမ်းစစ်ဆေးရေးအဖွဲ့အနေဖြင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၁၇)ဦး စွပ်စွဲပြစ်တင်ချက်ပါ အချက်အလက်များအား တည်ဆဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ စစ်ဆေးပြီး (၂၀၁၇)ခုနှစ်၊ ဒီဇင်ဘာ (၁၉) ရက်နေ့ နောက်ဆုံးထားကာ ရခိုင်ပြည်နယ်လွှတ်တော်ရုံးသို့ ပြန်လည်အစီရင်ခံစာ တင်ပြရမည်ဖြစ်သည်။
{youtube}FRD4v5TCfxg{y/youtube}