ထရမ့်မဟာမိတ် ချာလီကာ့ခ်အား လုပ်ကြံသူဟု သံသယရှိသူကို ဖမ်းမိ

ယူတာဗေလီတက္ကသိုလ်တွင် သမ္မတဒေါ်နယ်ထရမ့်၏ မဟာမိတ် ချာလီကာ့ခ်ကို သေနတ်ဖြင့် ပစ်ခတ်ခဲ့သူအဖြစ် ရဲတပ်ဖွဲ့က လိုက်လံရှာဖွေနေသူအား ဖမ်းမိပြီဖြစ်ကြောင်း အာဏာပိုင်များက စက်တင်ဘာလ ၁၂ ရက်နေ့တွင် ပြောကြားလိုက်သည်။

By Admin 13 Sep 2025

ချာလီကာ့ခ် ပစ်ခတ်ခံရမှုတွင် သံသယတရားခံအဖြစ် ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည့် တိုင်လာရော်ဘင်ဆန်၏ ဓာတ်ပုံ။

"သူ့ကို ဖမ်းမိပါပြီ" ဟု ယူတာမြို့တော်ဝန် စပင်ဆာကော့စ်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

ချာလီကာ့ခ်သည် ယူတာတက္ကသိုလ်၌ စက်တင်ဘာလ ၁၀ ရက်နေ့က စကားဝိုင်းဆွေးနွေးပွဲ တစ်ခုအတွင်း သေနတ်ဖြင့် ပစ်ခံခဲ့ရပြီးနောက် သေဆုံးခဲ့သည်။ ၎င်းအား ပစ်ခတ်သူကို အာဏာပိုင်များက လိုက်လံရှာဖွေခဲ့ပြီးနောက် နာရီပေါင်း သုံးဆယ်ကျော် အကြာတွင် ဖမ်းမိခဲ့ခြင်း ဖြစ်သည်။

ချာလီကာ့ခ်ဖြစ်စဉ်ကြောင့် အမေရိကန်နိုင်ငံတစ်ဝန်းတွင် နိုင်ငံရေးအယူအဆ အားပြိုင်မှု ပြင်းထန်နေသည့် လက်ရှိအခြေအနေ၌ အကြမ်းဖက်မှုများ ဖြစ်ပေါ်လာသည့် အခြေအနေနှင့် ပတ်သက်၍လည်း အထိတ်တလန့် ဖြစ်ခဲ့ရသည်။

ချာလီကာ့ခ်ကို ပစ်ခတ်ခဲ့သည့် သေနတ်သမားဟု ယူဆရသူ တိုင်လာရော်ဘင်ဆန်၏ ဓာတ်ပုံကို အာဏာပိုင်များက ထုတ်ပြန်ခဲ့ပြီးနောက် ၎င်း၏ ဖခင်ဖြစ်သူက သူ့ကို အဖမ်းခံရန် တိုက်တွန်းခဲ့သည်။ ကနဦးတွင် တိုင်လာ ရော်ဘင််ဆန်သည် ငြင်းဆန်ခဲ့သော်လည်း နောက်ပိုင်းတွင် သဘောတူခဲ့ပြီးနောက် ဖခင်ဖြစ်သူက အာဏာပိုင်များထံ အကြောင်းကြားကာ သားဖြစ်သူကို အပ်ခဲ့ခြင်း ဖြစ်သည်။

အသက် ၂၂ နှစ်အရွယ် ရော်ဘင်ဆန်သည် ယခုလုပ်ရပ်ကို တစ်ယောက်တည်း ကြံစဉ်ကျူးလွန်ခဲ့ခြင်းဟု ယူဆရကြောင်း အာဏာပိုင်များ၏ ပြောကြားချက်ကို ကိုးကားပြီး ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ပစ်ခတ်ခံခဲ့ရသူ ချာလီကာ့ခ်သည် သမ္မတဒေါ်နယ်ထရမ့်နှင့် ရင်းနှီးသူတစ်ဦးဖြစ်ကာ ထရမ့်၏ ဒုတိယအကြိမ် သမ္မတရွေးကောက်ပွဲ အတွက်လည်း လူငယ်များ ထရမ့်ကို မဲပေးလာအောင် ထိထိရောက်ရောက် စည်းရုံးပေးခဲ့သူ ဖြစ်သည်။