မောင်တော လျှပ်စစ်မီး မောင်တောခရိုင် လျှပ်စစ်အင်ဂျင်နီယာနဲ့အင်တာဗျူး

မောင်တောတွင် ဆိုင်ကလုန်း မုန်တိုင်း MORA အတွက် လျှပ်စစ်မီးပြန်လည်ရှိနိုင်မှု အနေအထားအား မောင်တောမြို့ ခရိုင်လျှပ်စစ်အင်ဂျင်နီယာအား DMG သတင်းထောက် ချလူးအောင်က မေးမြန်းထားပါတယ်။

31 May 2017

မောင်တောတွင် ဆိုင်ကလုန်း မုန်တိုင်း MORA အတွက် လျှပ်စစ်မီးပြန်လည်ရှိနိုင်မှု အနေအထားအား မောင်တောမြို့ ခရိုင်လျှပ်စစ်အင်ဂျင်နီယာအား DMG သတင်းထောက် ချလူးအောင်က မေးမြန်းထားပါတယ်။

ချလူးအောင် ။      မောင်တောမှာ  MORA ဆိုင်ကလုန်မုန်တိုင်းကြောင့် လျှပ်စစ်မီးတိုင်တွေ အမြောက်အများ လဲပြိုသွားတာတွေ ရှိတဲ့အတွက် မောင်တောမြို့ လျှပ်စစ်မီး ပြန်လည်ရရှိဖို့ ဘယ်လောက်အချိန်ကြာနိုင်မလဲ။

ဦးသန့်ဇင်ထွန်း (ခရိုင်လျှပ်စစ်အင်ဂျင်နီယာ)        ကျွန်တော်တို့မှာ လျှပ်စစ်ပြန်လည်ရရှိရေးအတွက် ပြုပြင်ရေး အပိုင်း ၂ ပိုင်းရှိပါတယ်။ မြို့ထဲပိုင်း နဲ့ မြို့ပြင်ပိုင်းပေါ့။ မြို့ထဲပိုင်းအနေနဲ့ ပျက်စီမူက စုစုပေါင်း မီးတိုင် ၂၀ ကျိုးသွားပါတယ် မြို့ပြင်ပိုင်းမှာတော့ ၄၄ တိုင် ကျိုးသွားပါတယ်။ မြို့ပြင်ပိုင်းကတော့ ၄ မိုင်လျှပ်စစ်ပေးထားတဲ့ အပိုင်းကိုတော့  ဖြတ်ထားပါတယ်ပေါ့နော်။ မြို့ပြင်ပိုင်းကိုတော့ ဖြတ်ပြီး မြို့တွင်းပိုင်းကို လျှပ်စစ်မီးပြန်လည်ရရှိဖို့ လုပ်နေပါတယ်။ ကျွန်တော်တို့မှာ စက်ရုံကလွှတ်တဲ့ ဓါတ်အား ဖီတာ ပေါ့နော် ဖီတာ နှစ်ခုရှိတယ် ပထမဆုံး နံပါတ်တစ် ဖီတာပိုင်းက ကညင်တန်းတို့ မြို့သစ်တို့ သွားတဲ့အပိုင်းကို ကျွန်တော်တို့ အရင်ပြီးအောင်လုပ်မယ်။ မနက်ဖြန် ၁/၆၂၀၁၇ ဆိုရင်တော့  သေချာပေါက် မီးပေးလိုရပါပြီ။  ဒီနေ့တော့ အချိန် နဲ့ ရာသီဥတုအခြေအရ မမှီနိုင်ဘူး။ နံပါတ်တစ် ဖီတာက ပျက်စီးမူက နည်းတယ်ပေါ့နော်။ အရေးကြီးတဲ့ လိုင်းတိုင် ၄ တိုင် ကျိုးသွာတာ။ အလိုင်မန်းလှိုင်း လေးတိုင်ကမှာ ၂ တိုင်က ထောင်ပြီးသွားပါပြီ။ ဒီနေ့ ၂ တိုင် ဆက်ထောင်မယ် ဆိုရင်တော့  ဒီနေ့ မီးပေးဖို့တော မမှီနိုင်ဘူးပေါ့နော်။ မှီအောင်တော့  ကြိုးစားနေပါတယ်။  မမှီနိုင်ဘူးဆိုရင်တော့  မနက်ဖြန် တစ်ပိုင်းတော မီးလင်း မှာပေါ့။ မနက်ဖြန်တစ်ပိုင်း မီးလင်းမယ်။ ဒုတိယ တစ်ပိုင်းက ဖီတာ တိုင်တွေက တော်တော်များပါတယ် ကျိုးတဲ့တိုင် ၁၂ တိုင်လောက်ရှိပါတယ် အဲ့ဒီ အပိုင်းကတော ၅ ရက်လောက်တောကြာအုံးမှာပါ ၅ ရက်လောက် ကြာမယ်ဆိုတာ အကုန်လုံး မီပြန်ရဖို့ ပေါ့နော် ဒီကြားထဲ ရတဲ့အပိုင်းလေးတွေကို အပိုင်းလိုက် အပိုင်းလိုက်လေးတွေကို ဆန်ရှင် ဖြတ်ဖြတ်ပြီးတော အမြန်ဆုံးပေးနိုင်အောင်တော လုပ်မှာပေါ့နော် ကျန်တဲ့ ဒီဘက် ဝိမလအပိုင်းပေါ့နော် ဝိမလတို့ ရဲစခန်းတို့ အဲဖက်အပိုင်းတွေက်တော အများဆုံး ၅ ရက်ပေါ့နော် ချက်ချင်းတော့ လုပ်နေပါပြီ တစ်ပိုင်းချင်း တစ်ပိုင်းချင်းတော မီးရသွားမှာပါ။

ချလူးအောင် ။     ကွန်ကရစ်လျှပ်စစ်မီးတိုင်တွေရဲ့ ခိုင်ခံ့မူအပိုင်းကို မြို့ပေါ်ပြည်သူတွေက အထူးစိုးရိမ်နေကြပါတယ် ဒီအပိုင်းလေးနည်းနည်း ပြောပြပေပါ။

ဦးသန့်ဇင်ထွန်း (ခရိုင်လျှပ်စစ်အင်ဂျင်နီယာ) ။     ကျွန်တော်တို့ ဒီကွန်ကရစ်တိုင်တွေ ခိုင်ခံ့မူအပိုင်းကတော့ ဒီကွန်ကရစ်တိုင်တွေဟာ ကျွန်တော်တို့ ဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ Speacial fiecation တွေရှိတယ်ဗျ။ ပြီးတော့  ဒီကွန်ကရစ်တိုင်ထုတ်လုပ်တဲ့ စက်ရုံတွေကလည်း ဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ စည်းမျည်းစည်းကမ်းတွေအတိုင်းထုတ်ရတာပါ။ ကွန်ကရစ်တိုင်ထုတ်ချင်ရင် ဝန်ကြီးဌာနက ခွင့်ပြုချင်ယူရပါတယ်။ သူတို့ စီစစ်ပြီးထုတ်ပေးမှ သုံးတာပါ။

ချလူးအောင် ။      ယခု လက်ရှိ လဲယိုင်နေတဲ့ တိုင်တွေအနေအထားတွေနဲ့ ပတ်သတ်တဲ့ အနေအထားတွေကို ပြောပြပေးပါ။

ဦးသန့်ဇင်ထွန်း (ခရိုင်လျှပ်စစ်အင်ဂျင်နီယာ) ။    ဒီယိုင်နေတဲ့ တိုင်တွေကို ပြန်တည့်မှတ်ရမှာပါ။  အခုဆိုလည်း  မုန်တိုင်းအနေအထားမို့ ယိုင်သွားတဲ့ အနေအထားလည်းရှိပါတယ်။ တိုင်ကျိုးတယ်ဆိုတာလည်း  သစ်ပင်တွေ မီးကြိုးတွေအပေါ် ပိကျတဲ့ ဆွဲအားကြောင်း ကျိုးရတာပါ မခိုင်ခံလို့တော မဟုတ်ဘူးဗျာ။

ချလူးအောင် ။     နောက်ထပ် မီးရရှိရေးနဲ့ ပတ်သတ်ပြီး ဘာတွေများဖြည့်စွက် ပြောချင်ပါသလဲ။ 

ဦးသန့်ဇင်ထွန်း (ခရိုင်လျှပ်စစ်အင်ဂျင်နီယာ ) ။     ကျွန်တော်တို့ ဒီတစ်ပတ်အတွင်းပေါ့နော် မီးပြန်ရအောင် အမြန်ဆုံးလဲ့ လုပ်နေပါတယ် ရလဲရမှာပါ။ အဲဒါလေးတော ပြောချင်ပါတယ်။ အများဆုံးတစ်ပတ်ပေါ့နော်။ တစ်ပတ်အတွင်းရအောင်ကို လုပ်မှာပါ မနက်ဖြန်ဆိုယင် သေချာပါတယ်။ တစ်ချို့တစ်ပိုင်းကတော မီးလင်းမှာပါ။

ဗီဒီယိုများ