အစိုးရအဖွဲ့ ရုံးစိုက်ရာ ရခိုင်ပြည်နယ်ရဲ့မြို့တော် စစ်တွေမှာ ဘာကြောင့်ရေရှားပါးမှုဖြစ်ပေါ်ရတာလဲ

ရခိုင်ပြည်နယ်အတွင်းမှာ နှစ်စဉ်နှစ်တိုင်းရေရှားပါးမှုတွေကို မြို့ပြရပ်ကွက်တွေအပါအဝင် ကျေးလက်တောရွာ တွေမှာပါ ကြုံတွေ့နေကြရပါတယ်။ အထူးသဖြင့် အစိုးရရုံးတွေ၊ အဖွဲ့အစည်းတွေတည်ရှိနေတဲ့ ရခိုင်ပြည်နယ်ရဲ့ မြို့တော်ဖြစ်တဲ့စစ်တွေမြို့မှာ ကန်တော်ကြီးရေခမ်းခြောက်မှုကြောင့် ရေရှားပါးမှုတွေဖြစ်ပေါ်နေပါတယ်။  အခု လို ရေရှားပါးမှုတွေကို မည်သို့မည်ပုံဆောင်ရွက်ဖြေရှင်းနေသည်ကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ်စည် ပင်ဝန်ကြီး ဦးဝင်းမြင့်အေးအား Development Media Group မှ တွေ့ဆုံမေးမြန်းထားပါသည်။

26 Jun 2018

 

ရခိုင်ပြည်နယ်အတွင်းမှာ နှစ်စဉ်နှစ်တိုင်းရေရှားပါးမှုတွေကို မြို့ပြရပ်ကွက်တွေအပါအဝင် ကျေးလက်တောရွာ တွေမှာပါ ကြုံတွေ့နေကြရပါတယ်။ အထူးသဖြင့် အစိုးရရုံးတွေ၊ အဖွဲ့အစည်းတွေတည်ရှိနေတဲ့ ရခိုင်ပြည်နယ်ရဲ့ မြို့တော်ဖြစ်တဲ့စစ်တွေမြို့မှာ ကန်တော်ကြီးရေခမ်းခြောက်မှုကြောင့် ရေရှားပါးမှုတွေဖြစ်ပေါ်နေပါတယ်။  အခု လို ရေရှားပါးမှုတွေကို မည်သို့မည်ပုံဆောင်ရွက်ဖြေရှင်းနေသည်ကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ်စည် ပင်ဝန်ကြီး ဦးဝင်းမြင့်အေးအား Development Media Group မှ တွေ့ဆုံမေးမြန်းထားပါသည်။

DMG။  ။ဝန်ကြီးခင်ဗျား။ စစ်တွေလိုမြို့တော်မှာ ရေရှားပါးပြတ်လပ်မှုတွေ ဘာကြောင့်ဖြစ်ပေါ်လာရတာပါလဲ။

ဖြေ ။    ။ရေရှားတာ၊ ရေပြတ်တောက်သွားတာကတော့ ကန်တော်ကြီး ရေပြတ်တောက်သွားတာကလဲ တစ်ပတ်ကျော်ကျော်လောက်ရှိပါပြီး။ အဲဒီမတိုင်ခင်ကပဲကျနော်တို့ ရေပြတ်လပ်တာတို့ရှိရင်လုပ်နိုင်တဲ့ အစီအမံတို့ရှိပါတယ်။ အဲဒါတွေကဘာတွေလည်းဆိုတော့ ကျနော်တို့အခုဆိုရင် ကန်တော်ကြီးက လုံးဝမရတော့ဘူး၊ ကျနော်တို့အဲဒါကို လေးလက်မ အဝီစီတွင်းရှစ်တွင်းလောက်ကျနော်တို့နှစ်လုံး  တွဲပေါင်းပြီးတော့ အဲတာကိုစက်နဲ့မောင်ပြီးတော့ ကန်တော် ကြီးရေပိုက်လိုင်းနဲ့ ထည့်ပေးထားပါတယ်။ အဲလိုထည့်ပေး ထားတာကြောင့် ကန်တော်ကြီး ရေသုံးစွဲတဲ့သူတွေအနေနဲ့ အဲ့လိုအဝီစိတွင်းနဲ့ပေါ့နော် လည်ပတ်နေတယ်။

          ဒါအပြင်အဝီစိတွင်း ကန်တော်ကြီးပိုက်လိုင်း မရှိဘူးပေါ့နော်။ ကန်တော်ကြီးပိုက်လိုင်းဆက်သွယ်လို့ မရှိ တဲ့နေရာတွေလည်း ရှိပါတယ်။ အဲဒီရပ်ကွက်တွေအတွက်ကတော့ ကျနော်တို့မြေအောက်ရေရနိုင်တဲ့ နေရာတွေမှာကျရင် အဝီစိတွင်းတူးပေးထားပါတယ်။

          အဲလိုအဝီစိတွင်းတွေ တူးပေးထားတဲ့အတွက် အဲဒီအဝီစိတွင်းတွေက ရေရနိုင်ပါတယ်။ ဒါအပြင် အဝီစိ တွင်းတူးပေးလိုမရတဲ့ နေရာတွေလည်းရှိပါတယ်။ စစ်တွေမှာ အချို့နေရာတွေမှာဆိုလို့ရှိရင် မြေအောက်ရေတူး လို့လည်း မရနိုင်ပါဘူး။ မရနိုင်တဲ့နေရာတွေကျတော့ ကျနော်တို့နေပြီးတော့ ဒီကမြေသားရေကန်တွေ၊ ရေတွင်းတွေရှိပါတယ်။ အဲဒီရေတွင်းတွေက ကျနော်တို့ ကားနဲ့သယ်ပြီးတော့ ပို့နေပါတယ်။

DMG။   ။နှစ်စဉ်နှစ်တိုင်း ရေရှားပါးနေတာကို အဝီစိတွင်းက ဖြေရှင်းပေးနိုင်မလား။ ဒီထက်ကောင်းတဲ့ နည်း လမ်းတွေ၊ အစီအစဉ်တွေမရှိတော့ဘူးလား။

ဖြေ။  ။ဟုတ်ပါတယ်။ ကျနော်လည်း အဆင်မပြေတာရှိတယ်။ ကျနော်ဝန်ကြီးဖြစ်တာလဲ မကြာသေးတော့ အခု စပြီးတွေ့ပြီပေါ့နော်။ တွေ့တဲ့အခါ ဒီနည်းစနစ်ဟာ မှန်ကန်တဲ့နည်းစနစ်တော့မဆိုလိုပါဘူး။ ဒါကြောင့်မို့လို ဘယ်လို စဉ်းစားထားလဲဆိုရင် တခြားရေအရင်းအမြစ်တွေကနေ ဒီကန်တော်ကြီးကို ရေဖြည့်ကူပေးမယ့်အစီအစဉ်ပေါ့။ တခြားရေအရင်းအမြစ်ဘယ်မှာရနိုင်မလဲဆိုတာကို ကျနော် တို့ကလိုက်ရှာကြည့်ပါတယ်။ ရှာကြည့်တဲ့အခါ အောင်ဒိုင်က တစ်ခုရှိပါတယ်။ အောင်ဒိုင်ဆည်ကနေပြီးတော့ သယ်မယ့် ဟာတစ်ခုရှိတယ်။ နောက် ပုဏ္ဏားကျွန်းစက်မူဇုန်အတွက် လုပ်ထားတဲ့ ဇုန်တစ်ခုရှိတယ်။ အဲဒီဆည်ကနေ သယ်မယ့်ဟာနှစ်မျိုးရှိတယ်ပေါ့။ ဒါပေမယ့် ကျနော်တို့က မိုင်တိုပြီး တော့သယ်ရလွယ်တဲ့ အောင်ဒိုင်ကိုကော့ ပထမဆုံး အနေနဲ့ စဉ်းစားထားတယ်။ နွေရာသီရောက်လာလို့ရှိရင် ရေအား ဖြည့်ထည့်ပေးမယ်ဆိုပြီးတော့ ကန်တော်ကြီးကို အဲဒါမျိုး စီစဉ်ထားတာရှိတယ်။ အဲဒီအောင်ဒိုင်နဲ့ အဆင်မပြေဘူး ဆိုရင်တော့ ပုဏ္ဏားကျွန်းကသယ်ရမယ်။ ပုဏ္ဏားကျွန်းကတော့ မိုင်အားဖြင့်ရှည်ပါတယ်။ ပိုက်ဆက်သွယ်တန်းမှု အခြေအနေအရ အောင်ဒိုင်ကိုတော့ ပထမဦးစားပေး စဉ်းစားတယ်။ ဒုတိယဦးစားပေးကတော့ ပုဏ္ဏားကျွန်းက သယ်မယ်လို့ စဉ်းစားထားတယ်။

 DMG။  ။ဒီလို ရေဖြည့်တဲ့နေတဲ့သယ်မယ်ဆိုရင် ခန့်မှန်းကုန်ကျငွေဘယ်လောက်ရှိနိုင်လဲ၊ ဘယ်တော့လောက်များ အကောင်အထည်ဖော်ဖြစ်မလဲ။

ဖြေ။     ။ကျနော်တို့ ခန့်မှန်းကုန်ကျငွေသိရှိဖို့အတွက် ငွေကြေးဘယ်လောက်ကုန်ကျမလဲဆိုတာ တွက်ချက်မှု တက်လာတဲ့အခါမှာ ဘယ်ငွေကြေးကအဆင်ပြေမလဲ။ ဘတ်ဂျက်ငွေတက်လာမလား၊ ဘတ်ဂျတ်ရာသီ မမှီနိုင်ဘူးဆိုရင် ဘယ်လိုအထူးရန်ပုံငွေတခုခုကသုံးစွဲလို့ရနိုင်မလဲ။ ဒါမှမဟုတ် တစ်ခုခုတော့ ကျနော်တို့အကူညီများရမလဲပေါ့နော်။ တခါတလေကျတော့လည်း အကူညီရတဲ့အပိုင်းတွေကို ရှိတာပေါ့။ အဲဒါတော့ ငွေကြေးတက်လာမှဘဲ စဉ်းစားရမှာဖြစ်ပါတယ်။

 DMG။  ။အခုလို ကန်တော်ကြီးကိုရေဖြည့်ပေးမယ့် နည်းလမ်းက ဘယ်လိုနည်းစနစ်မျိုးနဲ့ လုပ်သွားမှာလဲ။

ဖြေ။     ။လောလောဆယ် အောင်ဒိုင်က သယ်မယ်ဆိုလည်း ပိုက်လိုင်းနဲ့ယူမယ်။ ပိုက်လိုင်းနဲ့ယူပြီးတော့ ကန်တော်ကြီး ရေကိုယူပြီးတော့ အားဖြည့်မယ်ပေါ့။ နောက်ကန်တော်ကြီး ရေခမ်းလာတဲ့အချိန်မှာ အောင်ဒိုင်ကနေပြီတော့ ကျနော်တို့ကန်တော်ကြီးထဲကို ရေအားသွင်းပြီတော့ ကန်တော်ကြီးကိုချပြီတော့ အဲဒီကတဆင့် သွားမှာပေါ့။

DMG။  ။စစ်တွေကန်တော်ကြီးကို ပြီးခဲ့တဲ့နှစ်က အဆင့်မြှင့်တင်တူးဖေါ်မှုတွေလုပ်ခဲ့တယ်။ အဲဒီနောက်ပိုင်းမှာ ကန်တော်ကြီးက ရေလုံးဝခမ်းခြောက်မှုတွေ ဖြစ်လာတဲ့အတွက် ဝေဖန်မှုတွေထွက်ပေါ်လာတဲ့အပေါ် ဘာများ ပြောချင်ပါလဲ။

ဖြေ။     ။အဲဒါကတော့ ၂၀၁၆-၁၇ မှာ ဆည်မြောင်းက တာဝန်ယူပြီးတော့ ပြန်ဆည်တယ်လို့ပြောသံကြားပါတယ်။ ကျနော်တို့မှာ လူဦးရေကလည်းများလာတယ်။ နောက်ပြီးတော့ ဒီကန်တော်ကြီးရဲ့အနေထားကို ပြန်ပြီးကြည့်လိုက်လို့ရှိရင် မိုးပေါ်ကကျလာပါတယ်။ မိုးပေါ်ကကျလာတဲ့ ရေလောက်ပဲရှိပါတယ်။ ရေဝင်ရေလဲတွေလည်း မရှိပါဘူး။ ဒါက အရင်တုန်းကလုံလောက်တယ်။ အခုချိန်မှာကျတော့ မိုးပေါ်ကျလာတဲ့အချိန်မှာ ရေဝင်ရေလဲမရှိတဲ့အခါမှာ အခြားနေရာတွေက စီးလာမဲ့ရေတွေလည်းမရှိဘူး။ အဲတော့ မိုးများရင် ရေနည်းနည်းများမယ်။ မိုးနည်းရင် နည်းမယ်။ကန်တော်ကြီးက အဲလိုအနေအထားမျိုးဖြစ်ပါတယ်။ သွား ကြည့်ရင်သိနိုင်ပါတယ်။ အချို့ကန်တွေကျတော့ ရေဝင် ၊ ရေလဲ မိုးပေါ်ကကျတဲ့အပြင် တခြားသောနေရာတွေကလည်း စီးဝင်နိုင်တဲ့နေရာတွေရှိပါတယ်။ ကန်တော်ကြီးမှာ အဲလိုမရှိဘူး။ အဲလိုမရှိတာကြောင်း အောင်ဒိုင်ကရေနဲ့ အား ဖြည့်မယ်လို့စဉ်စားထားပါတယ်။ ကန်တော်ကြီးရေ သုံးနေတဲ့ သုံးပုံနှစ်ပုံလောက်တိုးလာတဲ့အခါ အောင်ဒိုင်ကရေနဲ့ လွှတ်လိုက်လို့ရှိရင် ကန်တော်ကြီးမှာ အမြဲတမ်းပြည့်နေ အောင်လွှတ်ပေးမယ်။ လွှတ်ပြီးတော့ ဒီကအထွက်နဲ့ အဝင် နဲ့မျှတလို့ရှိရင် ခမ်းခြောက်စရာအကြောင်းတော့ မရှိတော့ပါဘူး။ ကျနော်အဲလို့ပဲ မြင်ပါတယ်။

 DMG။  ။ဆတ်ရိုးကျမှာရှိတဲ့ ရေကန်ကရော ရေပေးဝေမှုတွေရှိပါလား။

ဖြေ။     ။သုံးတော့သုံးနေကြတယ်။ စစ်တွေမှာကန်တူးလို့ကတော့ မိုးပေါ်ကျပဲရမယ်။ ရေဝင်ရေလဲမရှိဘူး။စစ်တွေရဲ့နေရာ ဘယ်နေရာမှာသွားရှာမလဲ။ ရေဝင်ရေလဲ ရှိတဲ့နေရာမရှိဘူး။ ရေဝင်ရေလည်ကောင်းတဲ့နေရာမှာမှ ရေစုကကောင်းတာ အခုကစစ်တွေမြို့မှာတူးလို့ရှိရင် မိုးပေါ်ကျပဲရမယ်။ ရေဝေရေလဲကောင်းတဲ့နေရာက ရေကို သယ်ယူမှသာ အဆင်ပြေလိမ့်မယ်လို့ ကျနော်ထင်တယ်။

 DMG။  ။နောက်တခုကလည်း ဂျပန်နိုင်ငံက ကူညီမှုတွေရှိတယ်ဆိုပြီး ရေသန့်တဲ့စက်တွေလုပ်လို့ရတာရှိတယ်။ အဲတာတွေကကော ဘယ်လိုအခြေအနေရှိလဲ။

ဖြေ။     ။ရေသန့်တဲ့စနစ်က အခုရေသန့်တဲ့စနစ် အော်ပရိတ်မဖြစ်ခင်ကို ရေကခမ်းခြောက်သွားတယ်။ အဲတော့ ကျနော်က သူတို့လုပ်ထားတဲ့အဆင့်ဆင့်ကို လိုက်ပြတယ်။ ဒါမဲ့ သူတို့ကရေကိုသန့်စင်တဲ့စနစ်တွေကို အကုန်လုံးကို မပြီးသေးပါဘူး။ မပြီးသေးတာကြောင့် ဒီအဆင့်တွေက ဘယ်လို့ သူတို့ပေးတဲ့အဆင့်လောက်မှာပဲ ကျနော်တို့ ရေထွက်တဲ့အခါမှာ ဘယ်လောက်သန့်စင်လဲ။ သန့်စင်တဲ့ ရေပမာဏက ကျနော်တို့သုံးစွဲကြတာဘယ်လောက်ရှိမလဲ။ အဲခါမှသိနိုင်မယ်။ အခုကတော့ သူတို့ကလုပ်လို့တော့ ပေးတယ်။ လုပ်ပေးတဲ့အချိန် အကြမ်းအနုခွဲပြီးတော့ သွားတယ်။ အကြမ်းကမပေးသေးဘူး။အကြမ်းရော အနု ရောပြီးတဲ့ အခါ ရေလွှတ်လိုက်တဲ့အခါမှာ ရေရဲ့ purified သန့်စင်မှု ဘယ်လောက်ရှိမလဲ။ အဲတော့မှ စမ်းသပ်လို့ရမယ်။ အခုချိန်ကတော့ သူတို့လည်းမလွှတ်နိုင်ဘူး၊ ရေကလည်း မရှိဘူး။

 DMG။  ။နောက်တစ်ခုက ကျနော်တို့စစ်တွေမှာ ကန်တော်ကြီးရေ မရတဲ့ ရပ်ကွက်တွေအများကြီးရှိတယ်။အဲဒါ တွေကိုရေရရှိအောင် ဘယ်လိုစီမံမလဲ။

ဖြေ။     ။ကန်တော်ကြီးရေ မရရှိသေးတဲ့အပိုင်းတွေ ရှိတယ်။ ရှိလို့လည်း ကျနော်တို့ဒီအတွင်းတွေ တူးပေး နေရတယ်။ ရေကားတွေလွှတ်ပေးနေရတယ်ပေါ့။ အဲဒီ နေရာတွေကိုလည်း ကျနော်တို့ရောက်အောင် အတတ်နိုင် ဆုံးကြိုးစားနေပါတယ်။ လိုတဲ့နေရာတွေပေါ့နော်။ ဒါကလည်း ပြည်သူတွေကလည်း ယူမယ်ဆိုတဲ့သူတွေဆီကိုရောက်အောင် ဖြန့်ဖြူးပေးဖို့တော့ နောက်ဆက်တွဲလုပ်သွားမှာပါ။

 DMG။  ။အခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

ဗီဒီယိုများ