- ဘူးသီးတောင် စကခ(၁၅)နှင့် တပ်ရင်း ၂ ခုကို AA သိမ်းပိုက်
- ဂျီနိုဆိုက် စကားလုံးကို လက်နက်သဖွယ် အသုံးချနေကြသည်ဟု AA ပြော
- ပုဏ္ဏားကျွန်း စစ်ဘေးရှောင်စခန်းတွင် ဝမ်းပျက်ဝမ်းလျှောဖြစ်ပြီး သေဆုံးသူ (၃) ဦးထိရှိလာ
- စစ်ကောင်စီ၏ လက်နက်နှင့်ရိက္ခာသယ်လာသည့် ယာဉ်များကို AA တားဆီးထား
- မသန့်ရှင်းသောရေကို သုံးစွဲနေရ၍ ပုဏ္ဏားကျွန်းမြို့နယ်တွင် ဝမ်းရောဂါဖြစ်နေ
ရွေးကောက်ပွဲလုံခြုံရေးကို နိုင်သမျှလုပ်ဆောင်မည်ဟု တပ်မတော်ပြော
လာမည့် ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲနှင့်ပတ်သက်ပြီး တပ်မတော်အနေဖြင့် လုံခြုံရေးပိုင်းတွင် ဆောင်ရွက်နိုင်သည့် လုပ်ငန်းမှန်သမျှ လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။
22 Jun 2020
မင်းထွန်း | DMG
ဇွန် ၂၂ ၊ စစ်တွေ
လာမည့် ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲနှင့်ပတ်သက်ပြီး တပ်မတော်အနေဖြင့် လုံခြုံရေးပိုင်းတွင် ဆောင်ရွက်နိုင်သည့် လုပ်ငန်းမှန်သမျှ လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။
ဇွန် ၂၂ ရက်နေ့တွင်ပြုလုပ်သည့် နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် စတုတ္ထတစ်နှစ်တာကာလ ကာကွယ်ရေး ဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များ သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ယင်းသို့ပြောကြား ခဲ့ခြင်းဖြစ်သည်။
“ကျနော်တို့အနေနဲ့ ဒီပါတီစုံဒီမိုကရေစီစနစ်ရဲ့အသက်ဖြစ်တဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်လာရင် လုံခြုံရေး အရရော၊ ဆောင်ရွက်နိုင်တဲ့လုပ်ငန်းမှန်သမျှကို ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။
ပါတီစုံဒီမိုကရေစီစနစ် ဖြစ်ပေါ်လာစေရန် တပ်မတော်အစိုးရလက်ထက်ကပင် လမ်းခင်းပေးခဲ့သည့်အတွက် ပါတီစုံဒီမိုကရေစီစနစ်၏ အသက်ဖြစ်သည့် ရွေးကောက်ပွဲနှင့်ပတ်သက်လာလျှင် တပ်မတော်အနေဖြင့် လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း ၎င်းကဆက်၍ပြောသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က ရခိုင်ပြည်နယ်နှင့် “ဝ”ဒေသတို့တွင် ၂၀၂၀ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ပြည်ထဲရေးနှင့် ကာကွယ်ရေးဝန်ကြီးဌာနများသို့ မေးမြန်းထားသော်လည်း အကြောင်း ပြန်ကြားလာခြင်းမရှိသေးကြောင်း ရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။
ထို့ပြင် ဇွန် ၂၇ ရက်နေ့တွင် ရန်ကုန်မြို့၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီတို့ တွေ့ဆုံရာ မှာလည်း ရခိုင်ရှိ နိုင်ငံရေးပါတီများ ပါဝင်မည်ဖြစ်သည်။